Tuesday, November 29, 2022

Latest Posts

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အတ္ထုပ္ပတိ

Unicode Version

၁၉၉၁ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံသား အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ စာရေးဆရာတစ်ဦးလည်း ဖြစ်တဲ့အပြင် သံတမန်တစ်ဦးအဖြစ်လည်း ကျော်ကြားလှပါတယ်။ လက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်လျှက်ပါတယ်။ ဖခင်ဖြစ်သူဦးအောင်ဆန်း၊ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်နဲ့ ဖခင်ဘက်မှ အဖွားဖြစ်သူ ဒေါ်စုတို့၏ အမည်များကို ပေါင်းစပ်ကာ သူမရဲ့အမည်နာမဟာ အောင်ဆန်းစုကြည်ဆိုပြီး ဖြစ်တည်လာခဲ့ပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကတော့ သူမကို အမြတ်တနိုးနဲ့ အမေစုလို့ ခေါ်ကြပါတယ်။

မိသားစု

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည် ရဲ့ အတ္ထုပ္ပတိ

သူမကိုတော့ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်တို့မှ ၁၉၄၅ခုနှစ်၊ဇွန်လ ၁၉ ရက်နေ့မှာ ဖွားမြင်ခဲ့ပါတယ်။ သူမဟာ ငယ်စဥ်ဘဝမှာ မွေးချင်းဖြစ်သူ အကိုကြီး အောင်ဆန်းဦး၊ အကိုလတ် အောင်ဆန်းလင်းတို့နဲ့အတူ ရန်ကုန်မြို့ အမှတ်၂၅၊ တာဝါလိန်းလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်) နေအိမ်မှာ နေထိုင်ခဲ့ပါတယ်။ သူမဟာ တတိယမြောက်သမီးဖြစ်ပြီးတော့ ညီမဖြစ်သူဟာ မွေးပြီး ၅ရက်အကြာမှာ ကွယ်လွန်ခဲ့ပါတယ်။ အဲ့ဒီ့နေအိမ်မှာပဲ အကိုဖြစ်သူ အောင်ဆန်းလင်းဟာ အသက်ရှစ်နှစ်အရွယ်မှာ ရေနစ်သေဆုံးခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူမတို့မိသားစုဟာ ဗဟန်းမြို့နယ်၊ အမှတ်၅၄၊ တက္ကသိုလ်ရိပ်သာလမ်းရှိနေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

ပညာရေး

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည် ရဲ့ အတ္ထုပ္ပတိ

၁၉၄၉ ခုနှစ်မှာ သူမဟာ စိန့်ဖရရန့်စစ်ကွန်ဗင့်ကျောင်းမှာ အခြေခံပညာကို စတင်သင်ကြားခဲ့ပါတယ်။ အဲ့ဒီ့နောက် ၁၉၅၇ ကနေ ၁၉၆၀ အထိ အင်္ဂလိပ် မက်သဒစ်ကွန်ဗင့်ကျောင်းမှာ ဆက်လက် ပညာသင်ကြားခဲ့ပါတယ်။ ၁၉၆၂ မှာတော့ သူမဟာ အိန္ဒိယနိုင်ငံ လေဒီရှယ်ရီရမ်ကောလိပ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာဆည်းပူးခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်ရဲ့ ဟူ့စ်ကောလိပ်မှာ ဒဿနဗေဒ၊ နိုင်ငံရေးသိပ္ပံနဲ့ စီးပွားရေးပညာရပ်များကို လေ့လာခဲ့ပြီး ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးမှာ သုတေသနလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ နောင်တစ်ချိန်မှာ သူမရဲ့ ခင်ပွန်းဖြစ်လာမယ့် Mr.မိုက်ကယ်အဲရစ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဘွဲ့ရပြီးနောက်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည် ရဲ့ အတ္ထုပ္ပတိ

ဘွဲ့ရပြီးတဲ့နောက်ပိုင်းမှာ သူမဟာ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်သန်းအေးနဲ့ အတူနေထိုင်ခဲ့ပါတယ်။ သူမဟာ နယူးယောက်မြို့ကို ပညာဆည်းပူးဖို့အတွက် ရောက်ရှိခဲ့တာဖြစ်ပေမယ့်လည်း ကုလသမဂ္ဂဌာနမှာ ဘဏ္ဍာရပ်ဆိုင်ရာ စစ်ဆေးခြင်းလုပ်ငန်းကို သုံးနှစ်ကြာအောင် အမှုထမ်းခဲ့ပါတယ်။ ၁၉၇၂ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာတော့ သူမဟာမြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယန၏ လူမှုရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ သမိုင်းကြောင်းသုတေသီ ဒေါက်တာမိုက်ကယ်အဲရစ်နဲ့ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ လက်ထပ်ပြီးတစ်နှစ်အကြာမှာတော့ သားဦးဖြစ်သူ မောင်မြင့်ဆန်းအောင်ကို လန်ဒန်မြို့မှာ ဖွားမြင်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာတော့ သူမဟာ ဘူတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် ကုလသမဂ္ဂများဆိုင်ရာ အကြံပေးအရာရှိအဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့ပါတယ်။ ၁၉၇၇ ခုနှစ် စက်တင်ဘာ ၂၄ရက်နေ့မှာ ဒုတိယသားဖြစ်သူ မောင်ထိန်လင်းကို ဖွားမြင်ခဲ့ပါတယ်၊၊

မြန်မာနိုင်ငံကို ပြန်လာစဉ်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည် ရဲ့ အတ္ထုပ္ပတိ

၁၉၈၈ခုနှစ်၊ မတ်လကုန်မှာတော့ နာမကျန်းဖြစ်နေတဲ့ သူမရဲ့ မိခင်ကို ပြုစုဖို့အတွက် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာပဲ သူမဟာ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာနမှာ ပါရဂူဘွဲ့ အတွက် “၁၉၂၀-၁၉၄၅ အတွင်း ထုတ်ဝေခဲ့သော စာနယ်ဇင်းများသည် မြန်မာ့လွတ်လပ်ရေးကို အထောက်အကူပြုခဲ့ပုံ” လို့ အမည်ရတဲ့ ဘွဲ့လွန်စာတမ်းကို ပြုစုနေခဲ့တဲ့အချိန်လည်း ဖြစ်ပါတယ်။ အဲ့ဒီ့နှစ်မှာပဲ သူမကို လန်ဒန်တက္ကသိုလ်ကနေ အဆိုပါ ပါရဂူဘွဲ့ယူရန်အတွက် ထိုက်တန်သူအဖြစ် သတ်မှတ်ခဲ့ပါတယ်။၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အခြားသော နိုင်ငံရေးပုဂ္ဂိုလ် ၁၁ဦးနဲ့အတူ စတင်ဖွဲ့စည်းခဲ့ပါတယ်။ သူမကတော့ အထွေထွေအတွင်း‌ရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့မှာတော့ ပါတီကို တရားဝင်ဖြစ်စေရန် ရွေးကောက်ပွဲကော်မရှင်ဆီကို မှတ်ပုံတင်သွင်းခဲ့ပါတယ်။ အောက်တိုဘာလ ၃ရက်နေ့မှာတော့ ရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် အမှတ်၃ ဖြင့် နိုင်ငံရေးပါတီအဖြစ် အတည်ပြုကြေညာခဲ့ပါတယ်။ ဒါကတော့ သူမရဲ့ဘဝနဲ့ ဆက်စပ်နေတဲ့ NLD ပါတီရဲ့ နောက်ခံသမိုင်းကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပါတီထူထောင်ပြီး တစ်လအကြာ ဒီဇင်ဘာ ၂၇ ရက်နေ့မှာတော့ သူမရဲ့မိခင် မဟာသီရိသုဓမ္မဒေါ်ခင်ကြည် ကွယ်လွန် အနိစ္စရောက်ခဲ့ပါတယ်။

နေအိမ် အကျယ်ချုပ်ကျနေစဉ်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည် ရဲ့ အတ္ထုပ္ပတိ

၁၉၈၉ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ သူမကို နဝတ အစိုးရအနေနဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀(ခ) အရ နေအိမ်တွင် တားဆီးမိန့်ထုတ်ပြန်ပြီးတော့ ဖမ်းဆီးခဲ့ပါတယ်။ သို့သော်လည်း သူမဟာ သံမဏိစိတ်ဓာတ်ကို အရင်းခံပြီးတော့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်ကျနေပေမယ့်လည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်တွင် ပါဝင်ယှဥ်ပြိုင်မည်ဟု ကြေညာခဲ့ပါတယ်။ သို့ပေမယ့်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအား ကိုယ်စားပြု၍ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကနေ သူမနဲ့ ယှဥ်ပြိုင်ဖို့ အဆိုပြုခြင်းခံထားရသူ ဦးလဘန်ဂရောင်မှ ကန့်ကွက်လွှာ တင်သွင်းခဲ့ပါတယ်။ ဒါ့ကြောင့်မို့လို့ ရန်ကုန်တိုင်း‌ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေး ကော်မရှင်မှ လက်ခံစစ်ဆေးခဲ့ရာ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(င) ဖြင့် ငြိစွန်းသည်ဟု ဆိုကာ အမည်စာရင်းတင်သွင်းလွှာကို ပယ်ချခဲ့တဲ့အတွက် ဝင်ရောက်ယှဥ်ပြိင်ခွင့်မရရှိခဲ့ပါဘူး။

ဒီမိုကရေစီရေးလှုပ်ရှားမှု

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည် ရဲ့ အတ္ထုပ္ပတိ

သူမဟာ ဒီမိုကရေစီရေးလှုပ်ရှားမှု ဆောင်ရွက်ဖို့အတွက် နိုင်ငံရေးလောကထဲကို ဝင်ရောက်ခဲ့ပြီး ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီတိုက်ပွဲဝင်သူအဖြစ် ကမ္ဘာတစ်လွှားမှာ ထင်ပေါ်ကြော်ကြားခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ်ကျခဲ့စဥ်က သူမအား တိုင်းပြည်ကိုစွန့်ခွာ၍ မိသားစုရှိရာ အရပ်ဖြစ်တဲ့ United Kingdom သို့ ပြန်ပါက နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း မြန်မာပြည်တွင် ပြန်လည်နေထိုင်ခွင့်မရမည်ကို စိုးရိမ်သဖြင့် ပြတ်သားစွာ ငြင်းပယ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ကျနေစဥ်တွင် သူမအား ပါတီအဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်း၊ အစည်းအဝေးတက်ရောက်ခြင်း၊ ပြင်ပနှင့်ဆက်သွယ်ခြင်း၊ နိုင်ငံတကာမှ လာရောက်ဆက်သွယ်ခြင်းများကို တားမြစ်ခံခဲ့ရပါတယ်။ ဒီကာလအတွင်းမှာတော့ သူမရဲ့ ခင်ပွန်းပေးပို့ခဲ့တဲ့ အတတ်ပညာ၊ ဗဟုသုတစာပေများ၊ နိုင်ငံရေးနှင့် အတ္ထုပတ္တိစာပေများကို ဖတ်ရှုလေ့လာရင်း ဖြတ်သန်းခဲ့ရပါတယ်။ သူမဟာ အကျယ်ချုပ်ကျနေစဥ်အတွင်းမှာ စစ်အစိုးရကပေးတဲ့ စားနပ်ရိက္ခာနဲ့ အခြားထောက်ပံ့မှုတွေကို လုံးဝ လက်မခံခဲ့ပါဘူး။ သို့ပေမယ့်လည်း ဝင်ငွေမရှိတဲ့ သူမဟာ ကိုယ်ပိုင်ပရိဘောဂတွေကို ရောင်းချရင်း ရပ်တည်ခဲ့ရပါတယ်။ အစားအသောက်မလုံလောက်ခဲ့ကာလတွေလည်းရှိပြီး နာမကျန်းဖြစ်ခဲ့ရတဲ့အချိန်တွေမှာလည်း ခက်ခဲစွာ ဖြတ်သန်းခဲ့ရပါတယ်။ သို့သော်လည်း သူမဟာ ဒီကိစ္စတွေကို ဘယ်သောအခါမှ အရေးတယူပြုပြီး ပြောဆိုလေ့မရှိပါဘူး။ အမှောင်ချထားခံခဲ့ရတဲ့သူမကို ပြင်ပလောကနဲ့ ဆက်သွယ်ပေးခဲ့တဲ့ တစ်ခုတည်းသော အရာကတော့ သူမရဲ့ ရေဒီယို ဟောင်းလေးပဲ ဖြစ်ခဲ့ပါတယ်။

ခင်ပွန်း ကွယ်လွန်စဉ်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည် ရဲ့ အတ္ထုပ္ပတိ

၁၉၈၉ ခုနှစ် ပထမအကြိမ် နေအိမ်အကျယ်ချုပ်ကျခံရချိန်မှစ၍ သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ၅ ကြိမ်သာ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ နောက်ဆုံးအချိန်မှာ ၁၉၉၅ခုနှစ်ကုန် ခရစ်စမတ်ပွဲတော်ကာလတွင် ဖြစ်သည်။ ခင်ပွန်းဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်ဟာ သူ့ရဲ့ ၅၃နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ၁၉၉၉ခုနှစ်၊ မတ်လ ၂၇ ခုနှစ်ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့အပြင် သူမရဲ့ သားငယ်တွေနဲ့လည်း ဝေးကွာခဲ့ရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်စဉ်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည် ရဲ့ အတ္ထုပ္ပတိ

သူမဟာ ခက်ခဲကြမ်းတမ်းလှတဲ့ နိုင်ငံရေးလှိုင်းတွေရဲ့ ပုတ်ခတ်မှုဒဏ်ကို ရဲဝင့်စွာနဲ့ ဖြတ်ကျော်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ရဲ့ ကိုယ်စားလှယ်အမတ် ဖြစ်လာခဲ့ပါတယ်။ သူမဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခွင့်ရှိခဲ့သူဖြစ်ပါတယ်။ သို့သော်လည်း စစ်အစိုးရဟာ အဲ့ဒီ့ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ပါဘူး။ သူမဟာ ၁၉၉၀ ခုနှစ်မှာ ရွပ်ဖ်တိုဆုနှင့် လွတ်လပ်စွာ စဥ်းစားတွေးခေါ်မှုအတွက် ပေးအပ်တဲ့ စက်ခါရော့ဗ်ဆုတို့ကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ စစ်အစိုးရလက်အောက်မှာ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာနဲ့ သူမရဲ့ဘဝတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့တဲ့အတွက် ၁၉၉၁ ခုနှစ်မှာ နိုဘယ် ငြိမ်းချမ်းရေးဆုကိုလည်း ရရှိခဲ့ပါတယ်။ သူမရရှိခဲ့တဲ့ ဂုဏ်ထူးဘွဲ့ထူးတွေကို ဖော်ပြရမယ်ဆိုရင်တော့ ကုန်နိုင်မယ် မထင်ပါဘူး။ ကမ္ဘာကျော် ဖော့ဘ်စ် (Forbes) မဂ္ဂဇင်းက ရွေးချယ်တဲ့ ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာလည်း သူမဟာ နံပါတ် ၁၉ အဖြစ် စာရင်းသွင်း‌ဖော်ပြခြင်းခံခဲ့ရပါတယ်။ အခုအချိန်မှာတော့ သူမဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နဲ့ ကမ္ဘာ့အလယ်မှာ ဝင့်ကြွားစွာ တာဝန်ထမ်းဆောင်လျှက်ရှိပါတယ်။

ZawGyi Version

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းဆုၾကည္ ရဲ႕ အတၳဳပၸတိ

၁၉၉၁ ခုႏွစ္ရဲ႕ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ျမန္မာႏိုင္ငံသား အမ်ိဳးသမီး ႏိုင္ငံေရးေခါင္းေဆာင္တစ္ဦး ျဖစ္ပါတယ္။ သူမဟာ စာေရးဆရာတစ္ဦးလည္း ျဖစ္တဲ့အျပင္ သံတမန္တစ္ဦးအျဖစ္လည္း ေက်ာ္ၾကားလွပါတယ္။ လက္ရွိမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္အျဖစ္ တာဝန္ထမ္းေဆာင္လွ်က္ပါတယ္။ ဖခင္ျဖစ္သူဦးေအာင္ဆန္း၊ မိခင္ျဖစ္သူ ေဒၚခင္ၾကည္နဲ႔ ဖခင္ဘက္မွ အဖြားျဖစ္သူ ေဒၚစုတို႔၏ အမည္မ်ားကို ေပါင္းစပ္ကာ သူမရဲ႕အမည္နာမဟာ ေအာင္ဆန္းစုၾကည္ဆိုၿပီး ျဖစ္တည္လာခဲ့ပါတယ္။ ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံသားေတြကေတာ့ သူမကို အျမတ္တႏိုးနဲ႔ အေမစုလို႔ ေခၚၾကပါတယ္။

မိသားစု

သူမကိုေတာ့ ျမန္မာ့လြတ္လပ္ေရး ဗိသုကာႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ မိခင္ မဟာသီရိသုဓမၼ ေဒၚခင္ၾကည္တို႔မွ ၁၉၄၅ခုႏွစ္၊ဇြန္လ ၁၉ ရက္ေန႔မွာ ဖြားျမင္ခဲ့ပါတယ္။ သူမဟာ ငယ္စဥ္ဘဝမွာ ေမြးခ်င္းျဖစ္သူ အကိုႀကီး ေအာင္ဆန္းဦး၊ အကိုလတ္ ေအာင္ဆန္းလင္းတို႔နဲ႔အတူ ရန္ကုန္ၿမိဳ႕ အမွတ္၂၅၊ တာဝါလိန္းလမ္း (ယခု ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္) ေနအိမ္မွာ ေနထိုင္ခဲ့ပါတယ္။ သူမဟာ တတိယေျမာက္သမီးျဖစ္ၿပီးေတာ့ ညီမျဖစ္သူဟာ ေမြးၿပီး ၅ရက္အၾကာမွာ ကြယ္လြန္ခဲ့ပါတယ္။ အဲ့ဒီ့ေနအိမ္မွာပဲ အကိုျဖစ္သူ ေအာင္ဆန္းလင္းဟာ အသက္ရွစ္ႏွစ္အ႐ြယ္မွာ ေရနစ္ေသဆုံးခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ သူမတို႔မိသားစုဟာ ဗဟန္းၿမိဳ႕နယ္၊ အမွတ္၅၄၊ တကၠသိုလ္ရိပ္သာလမ္းရွိေနအိမ္သို႔ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ပါတယ္။

ပညာေရး

၁၉၄၉ ခုႏွစ္မွာ သူမဟာ စိန႔္ဖရရန႔္စစ္ကြန္ဗင့္ေက်ာင္းမွာ အေျခခံပညာကို စတင္သင္ၾကားခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ ၁၉၅၇ ကေန ၁၉၆၀ အထိ အဂၤလိပ္ မက္သဒစ္ကြန္ဗင့္ေက်ာင္းမွာ ဆက္လက္ ပညာသင္ၾကားခဲ့ပါတယ္။ ၁၉၆၂ မွာေတာ့ သူမဟာ အိႏၵိယႏိုင္ငံ ေလဒီရွယ္ရီရမ္ေကာလိပ္မွာ ႏိုင္ငံေရးသိပၸံဘာသာရပ္ကို ေလ့လာဆည္းပူးခဲ့ပါတယ္။ ၁၉၆၄ ခုႏွစ္ကေန ၁၉၆၇ ခုႏွစ္အထိ အဂၤလန္ႏိုင္ငံ ေအာက္စဖို႔တကၠသိုလ္ရဲ႕ ဟူ႔စ္ေကာလိပ္မွာ ဒႆနေဗဒ၊ ႏိုင္ငံေရးသိပၸံနဲ႔ စီးပြားေရးပညာရပ္မ်ားကို ေလ့လာခဲ့ၿပီး ဝိဇၨာဂုဏ္ထူးဘြဲ႕ကို ရရွိခဲ့ပါတယ္။ ၁၉၆၈ ခုႏွစ္ လန္ဒန္တကၠသိုလ္ အေရွ႕တိုင္းႏွင့္ အာဖရိကေလ့လာေရးမွာ သုေတသနလက္ေထာက္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ဒီအခ်ိန္မွာပဲ ေနာင္တစ္ခ်ိန္မွာ သူမရဲ႕ ခင္ပြန္းျဖစ္လာမယ့္ Mr.မိုက္ကယ္အဲရစ္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

ဘြဲ႕ရၿပီးေနာက္

ဘြဲ႕ရၿပီးတဲ့ေနာက္ပိုင္းမွာ သူမဟာ နယူးေယာက္ၿမိဳ႕မွာရွိတဲ့ ကုလသမဂၢဌာနခ်ဳပ္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ေဒၚသန္းေအးနဲ႔ အတူေနထိုင္ခဲ့ပါတယ္။ သူမဟာ နယူးေယာက္ၿမိဳ႕ကို ပညာဆည္းပူးဖို႔အတြက္ ေရာက္ရွိခဲ့တာျဖစ္ေပမယ့္လည္း ကုလသမဂၢဌာနမွာ ဘ႑ာရပ္ဆိုင္ရာ စစ္ေဆးျခင္းလုပ္ငန္းကို သုံးႏွစ္ၾကာေအာင္ အမႈထမ္းခဲ့ပါတယ္။ ၁၉၇၂ ခုႏွစ္ ဇန္နဝါရီလ ၁ရက္ေန႔မွာေတာ့ သူမဟာေျမာက္ပိုင္းဗုဒၶဘာသာ မဟာယန၏ လူမႈေရးႏွင့္ ယဥ္ေက်းမႈဆိုင္ရာ သမိုင္းေၾကာင္းသုေတသီ ေဒါက္တာမိုက္ကယ္အဲရစ္နဲ႔ လက္ထပ္ထိမ္းျမားခဲ့ပါတယ္။ လက္ထပ္ၿပီးတစ္ႏွစ္အၾကာမွာေတာ့ သားဦးျဖစ္သူ ေမာင္ျမင့္ဆန္းေအာင္ကို လန္ဒန္ၿမိဳ႕မွာ ဖြားျမင္ခဲ့ပါတယ္။ ၁၉၇၂ ခုႏွစ္မွာေတာ့ သူမဟာ ဘူတန္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီး႐ုံးႏွင့္ ကုလသမဂၢမ်ားဆိုင္ရာ အႀကံေပးအရာရွိအျဖစ္ တာဝန္ထမ္း‌ေဆာင္ခဲ့ပါတယ္။ ၁၉၇၇ ခုႏွစ္ စက္တင္ဘာ ၂၄ရက္ေန႔မွာ ဒုတိယသားျဖစ္သူ ေမာင္ထိန္လင္းကို ဖြားျမင္ခဲ့ပါတယ္၊၊

ျမန္မာႏိုင္ငံကို ျပန္လာစဥ္

၁၉၈၈ခုႏွစ္၊ မတ္လကုန္မွာေတာ့ နာမက်န္းျဖစ္ေနတဲ့ သူမရဲ႕ မိခင္ကို ျပဳစုဖို႔အတြက္ ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိခဲ့ပါတယ္။ အဲ့ဒီ့အခ်ိန္မွာပဲ သူမဟာ လန္ဒန္တကၠသိုလ္ အေရွ႕တိုင္းႏွင့္ အာဖရိကေလ့လာေရးဌာနမွာ ပါရဂူဘြဲ႕ အတြက္ “၁၉၂၀-၁၉၄၅ အတြင္း ထုတ္ေဝခဲ့ေသာ စာနယ္ဇင္းမ်ားသည္ ျမန္မာ့လြတ္လပ္ေရးကို အေထာက္အကူျပဳခဲ့ပုံ” လို႔ အမည္ရတဲ့ ဘြဲ႕လြန္စာတမ္းကို ျပဳစုေနခဲ့တဲ့အခ်ိန္လည္း ျဖစ္ပါတယ္။ အဲ့ဒီ့ႏွစ္မွာပဲ သူမကို လန္ဒန္တကၠသိုလ္ကေန အဆိုပါ ပါရဂူဘြဲ႕ယူရန္အတြက္ ထိုက္တန္သူအျဖစ္ သတ္မွတ္ခဲ့ပါတယ္။၁၉၈၈ ခုႏွစ္ စက္တင္ဘာလ ၂၇ရက္ေန႔မွာေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို အျခားေသာ ႏိုင္ငံေရးပုဂၢိဳလ္ ၁၁ဦးနဲ႔အတူ စတင္ဖြဲ႕စည္းခဲ့ပါတယ္။ သူမကေတာ့ အေထြေထြအတြင္း‌ေရးမႉးအျဖစ္ တာဝန္ယူခဲ့ပါတယ္။ စက္တင္ဘာလ ၃၀ ရက္ေန႔မွာေတာ့ ပါတီကို တရားဝင္ျဖစ္ေစရန္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဆီကို မွတ္ပုံတင္သြင္းခဲ့ပါတယ္။ ေအာက္တိုဘာလ ၃ရက္ေန႔မွာေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္မွ ေၾကညာခ်က္ အမွတ္၃ ျဖင့္ ႏိုင္ငံေရးပါတီအျဖစ္ အတည္ျပဳေၾကညာခဲ့ပါတယ္။ ဒါကေတာ့ သူမရဲ႕ဘဝနဲ႔ ဆက္စပ္ေနတဲ့ NLD ပါတီရဲ႕ ေနာက္ခံသမိုင္းေၾကာင္းပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပါတီထူေထာင္ၿပီး တစ္လအၾကာ ဒီဇင္ဘာ ၂၇ ရက္ေန႔မွာေတာ့ သူမရဲ႕မိခင္ မဟာသီရိသုဓမၼေဒၚခင္ၾကည္ ကြယ္လြန္ အနိစၥေရာက္ခဲ့ပါတယ္။

ေနအိမ္ အက်ယ္ခ်ဳပ္က်ေနစဥ္

၁၉၈၉ခုႏွစ္ ဇူလိုင္လ ၂၀ ရက္ေန႔မွာေတာ့ သူမကို နဝတ အစိုးရအေနနဲ႔ ႏိုင္ငံေတာ္အား ေႏွာင့္ယွက္ဖ်က္ဆီးလိုသူမ်ား၏ ေဘးအႏၲရာယ္မွ ကာကြယ္ေစာင့္ေရွာက္သည့္ ဥပေဒပုဒ္မ ၁၀(ခ) အရ ေနအိမ္တြင္ တားဆီးမိန႔္ထုတ္ျပန္ၿပီးေတာ့ ဖမ္းဆီးခဲ့ပါတယ္။ သို႔ေသာ္လည္း သူမဟာ သံမဏိစိတ္ဓာတ္ကို အရင္းခံၿပီးေတာ့ ဒီဇင္ဘာ ၂၂ ရက္ေန႔မွာ ေနအိမ္အက်ယ္ခ်ဳပ္က်ေနေပမယ့္လည္း ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္တြင္ ပါဝင္ယွဥ္ၿပိဳင္မည္ဟု ေၾကညာခဲ့ပါတယ္။ သို႔ေပမယ့္လည္း တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီအား ကိုယ္စားျပဳ၍ ရန္ကုန္တိုင္း ဗဟန္းၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၁ ကေန သူမနဲ႔ ယွဥ္ၿပိဳင္ဖို႔ အဆိုျပဳျခင္းခံထားရသူ ဦးလဘန္ဂေရာင္မွ ကန႔္ကြက္လႊာ တင္သြင္းခဲ့ပါတယ္။ ဒါ့ေၾကာင့္မို႔လို႔ ရန္ကုန္တိုင္း‌ေ႐ြးခ်ယ္တင္ေျမႇာက္ပြဲ က်င္းပေရး ေကာ္မရွင္မွ လက္ခံစစ္ေဆးခဲ့ရာ ေ႐ြးေကာက္ပြဲ ဥပေဒပုဒ္မ ၁၀(င) ျဖင့္ ၿငိစြန္းသည္ဟု ဆိုကာ အမည္စာရင္းတင္သြင္းလႊာကို ပယ္ခ်ခဲ့တဲ့အတြက္ ဝင္ေရာက္ယွဥ္ၿပိင္ခြင့္မရရွိခဲ့ပါဘူး။

ဒီမိုကေရစီေရးလႈပ္ရွားမႈ

သူမဟာ ဒီမိုကေရစီေရးလႈပ္ရွားမႈ ေဆာင္႐ြက္ဖို႔အတြက္ ႏိုင္ငံေရးေလာကထဲကို ဝင္ေရာက္ခဲ့ၿပီး ၿငိမ္းခ်မ္းစြာျဖင့္ ဒီမိုကေရစီတိုက္ပြဲဝင္သူအျဖစ္ ကမာၻတစ္လႊားမွာ ထင္ေပၚေၾကာ္ၾကားခဲ့ပါတယ္။ ေနအိမ္အက်ယ္ခ်ဳပ္က်ခဲ့စဥ္က သူမအား တိုင္းျပည္ကိုစြန႔္ခြာ၍ မိသားစုရွိရာ အရပ္ျဖစ္တဲ့ United Kingdom သို႔ ျပန္ပါက ေနအိမ္အက်ယ္ခ်ဳပ္မွ လႊတ္ေပးမည္ဟု ကမ္းလွမ္းခဲ့ေသာ္လည္း ျမန္မာျပည္တြင္ ျပန္လည္ေနထိုင္ခြင့္မရမည္ကို စိုးရိမ္သျဖင့္ ျပတ္သားစြာ ျငင္းပယ္ခဲ့ပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ေနအိမ္အက်ယ္ခ်ဳပ္က်ေနစဥ္တြင္ သူမအား ပါတီအဖြဲ႕ဝင္မ်ားႏွင့္ ေတြ႕ဆုံျခင္း၊ အစည္းအေဝးတက္ေရာက္ျခင္း၊ ျပင္ပႏွင့္ဆက္သြယ္ျခင္း၊ ႏိုင္ငံတကာမွ လာေရာက္ဆက္သြယ္ျခင္းမ်ားကို တားျမစ္ခံခဲ့ရပါတယ္။ ဒီကာလအတြင္းမွာေတာ့ သူမရဲ႕ ခင္ပြန္းေပးပို႔ခဲ့တဲ့ အတတ္ပညာ၊ ဗဟုသုတစာေပမ်ား၊ ႏိုင္ငံေရးႏွင့္ အတၳဳပတၱိစာေပမ်ားကို ဖတ္ရႈေလ့လာရင္း ျဖတ္သန္းခဲ့ရပါတယ္။ သူမဟာ အက်ယ္ခ်ဳပ္က်ေနစဥ္အတြင္းမွာ စစ္အစိုးရကေပးတဲ့ စားနပ္ရိကၡာနဲ႔ အျခားေထာက္ပံ့မႈေတြကို လုံးဝ လက္မခံခဲ့ပါဘူး။ သို႔ေပမယ့္လည္း ဝင္ေငြမရွိတဲ့ သူမဟာ ကိုယ္ပိုင္ပရိေဘာဂေတြကို ေရာင္းခ်ရင္း ရပ္တည္ခဲ့ရပါတယ္။ အစားအေသာက္မလုံေလာက္ခဲ့ကာလေတြလည္းရွိၿပီး နာမက်န္းျဖစ္ခဲ့ရတဲ့အခ်ိန္ေတြမွာလည္း ခက္ခဲစြာ ျဖတ္သန္းခဲ့ရပါတယ္။ သို႔ေသာ္လည္း သူမဟာ ဒီကိစၥေတြကို ဘယ္ေသာအခါမွ အေရးတယူျပဳၿပီး ေျပာဆိုေလ့မရွိပါဘူး။ အေမွာင္ခ်ထားခံခဲ့ရတဲ့သူမကို ျပင္ပေလာကနဲ႔ ဆက္သြယ္ေပးခဲ့တဲ့ တစ္ခုတည္းေသာ အရာကေတာ့ သူမရဲ႕ ေရဒီယို ေဟာင္းေလးပဲ ျဖစ္ခဲ့ပါတယ္။

ခင္ပြန္း ကြယ္လြန္စဥ္

၁၉၈၉ ခုႏွစ္ ပထမအႀကိမ္ ေနအိမ္အက်ယ္ခ်ဳပ္က်ခံရခ်ိန္မွစ၍ သူမဟာ ခင္ပြန္းျဖစ္သူနဲ႔ ၅ ႀကိမ္သာ ေတြ႕ဆုံခြင့္ ရရွိခဲ့ပါတယ္။ ေနာက္ဆုံးအခ်ိန္မွာ ၁၉၉၅ခုႏွစ္ကုန္ ခရစ္စမတ္ပြဲေတာ္ကာလတြင္ ျဖစ္သည္။ ခင္ပြန္းျဖစ္သူ ေဒါက္တာမိုက္ကယ္အဲရစ္ဟာ သူ႔ရဲ႕ ၅၃ႏွစ္ျပည့္ေမြးေန႔ျဖစ္တဲ့ ၁၉၉၉ခုႏွစ္၊ မတ္လ ၂၇ ခုႏွစ္ရက္ေန႔မွာ ကြယ္လြန္ခဲ့ပါတယ္။ သူမဟာ ခင္ပြန္းျဖစ္သူကို ဆုံးရႈံးခဲ့ရတဲ့အျပင္ သူမရဲ႕ သားငယ္ေတြနဲ႔လည္း ေဝးကြာခဲ့ရပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ျဖစ္စဥ္

သူမဟာ ခက္ခဲၾကမ္းတမ္းလွတဲ့ ႏိုင္ငံေရးလႈိင္းေတြရဲ႕ ပုတ္ခတ္မႈဒဏ္ကို ရဲဝင့္စြာနဲ႔ ျဖတ္ေက်ာ္ခဲ့ၿပီး ၂၀၁၂ ခုႏွစ္၊ ဧၿပီလ ၁ရက္ေန႔မွာ က်င္းပခဲ့တဲ့ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ရန္ကုန္တိုင္း၊ ေကာ့မႉးၿမိဳ႕နယ္ရဲ႕ ကိုယ္စားလွယ္အမတ္ ျဖစ္လာခဲ့ပါတယ္။ သူမဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဟာ ၁၉၉၀ခုႏွစ္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမွာ အျပတ္အသတ္အႏိုင္ရရွိခဲ့ၿပီး ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး အမ်ိဳးသမီး ဝန္ႀကီးခ်ဳပ္ ျဖစ္ခြင့္ရွိခဲ့သူျဖစ္ပါတယ္။ သို႔ေသာ္လည္း စစ္အစိုးရဟာ အဲ့ဒီ့ေ႐ြးေကာက္ပြဲရလဒ္ကို အသိအမွတ္မျပဳခဲ့ပါဘူး။ သူမဟာ ၁၉၉၀ ခုႏွစ္မွာ ႐ြပ္ဖ္တိုဆုႏွင့္ လြတ္လပ္စြာ စဥ္းစားေတြးေခၚမႈအတြက္ ေပးအပ္တဲ့ စက္ခါေရာ့ဗ္ဆုတို႔ကို ခ်ီးျမႇင့္ျခင္းခံခဲ့ရပါတယ္။ စစ္အစိုးရလက္ေအာက္မွာ အၾကမ္းမဖက္ဘဲ ၿငိမ္းခ်မ္းစြာနဲ႔ သူမရဲ႕ဘဝတစ္ေလွ်ာက္လုံး တိုက္ပြဲဝင္ခဲ့တဲ့အတြက္ ၁၉၉၁ ခုႏွစ္မွာ ႏိုဘယ္ ၿငိမ္းခ်မ္းေရးဆုကိုလည္း ရရွိခဲ့ပါတယ္။ သူမရရွိခဲ့တဲ့ ဂုဏ္ထူးဘြဲ႕ထူးေတြကို ေဖာ္ျပရမယ္ဆိုရင္ေတာ့ ကုန္ႏိုင္မယ္ မထင္ပါဘူး။ ကမာၻေက်ာ္ ေဖာ့ဘ္စ္ (Forbes) မဂၢဇင္းက ေ႐ြးခ်ယ္တဲ့ ကမာၻ႔ၾသဇာအရွိဆုံး အမ်ိဳးသမီး ၁၀၀ စာရင္းမွာလည္း သူမဟာ နံပါတ္ ၁၉ အျဖစ္ စာရင္းသြင္း‌ေဖာ္ျပျခင္းခံခဲ့ရပါတယ္။ အခုအခ်ိန္မွာေတာ့ သူမဟာ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္နဲ႔ ကမာၻ႔အလယ္မွာ ဝင့္ႂကြားစြာ တာဝန္ထမ္းေဆာင္လွ်က္ရွိပါတယ္။

Latest Posts

Don't Miss