Tuesday, November 29, 2022

Latest Posts

နာမည်မကြီးခင်ကပင် ရုပ်ရည်ချောမောမှုကြောင့် လူသိများလာခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင် ၅ယောက်

UNICODE VERSION

Hyun Bin နဲ့ Song Joong Ki တို့ဟာ သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပရိသတ်တောင်းဆိုမှုအများဆုံးကို သိမ်းပိုက်အောင်မြင်ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်ပါတယ်။အစပိုင်းမှာတော့ သူတို့နာမည်ကြီးမဟုတ်တဲ့အခါ သူတို့ရဲ့ ပြောင်မြောက်တဲ့ ချောမောတဲ့မျက်နှာကြောင့် သတိထားမိခဲ့တာကိုသိပါသလား။

သူတို့ရဲ့ နာမည်မကြီးခင်ကတည်းကပင် ချောမောတဲ့ ရုပ်ရည်ကြောင့် လူသိများလားခဲ့တဲ့ ကိုးရီးယားကြယ် ၅ပွင့်ကိုကြည့်လိုက်ရအောင်။

ဆောင်ဂျွန်ကီ

ဆောင်ဂျွန်ကီ ဟာ လူသစ် ဖြစ်စက လူငယ်ဗားရှင်းအဖြစ် “Will It Snow For Christmas” ဒရာမာတွင် ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဇာတ်ဝင်ခန်းအတိုလေးတွေမှာသာ သရုပ်ဆောင်ခဲ့ပေမယ့် သူ့ရဲ့ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုက ပရိသတ်တွေရဲ့ မျက်လုံးတွေကို ချက်ချင်းဖမ်းစားနိုင်ခဲ့ပါတယ်။ဒီသေးငယ်တဲ့ အခန်းကဏ္ဍကြောင့် Song Joong Ki ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် အခွင့်အလမ်း‌များစွာပေါ်ပေါက်လာခဲ့ပါတယ်။

အခုဆိုရင်တော့ နာမည်ကြီး ဒရာမာများတွင် ဆက်တိုက်ပါဝင်သရုပ်ဆောင်ခဲ့ပြီး အမျိုးသားဇာတ်ဆောင်အဖြစ် ယခုအချိန်အထိ ရေပန်းစားနေတဲ့မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ တကယ်တော့ Song Joong Ki ဟာ Sungkyunkwan University ရဲ့ နာမည်ကြီးကျောင်းသားဖြစ်စဥ်ကတည်းက တက္ကသိုလ်တက်ကတည်းက နာမည်ကြီးခဲ့တာပါ။

အင်ဆီ၀မ်

“The Moon Embracing The Sun” မှာ သရုပ်ဆောင်တုန်းက အင်ဆီ၀မ် ဟာ Idol အဖြစ်ကနေ သရုပ်ဆောင်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အင်ဆီ၀မ် ရဲ့ လူကောင်းပုံနဲ့ ချောမောတဲ့မျက်နှာက မိန်းကလေးပရိသတ်တွေကို ရူးသွပ်စေခဲ့ပါတယ်။ အင်ဆီ၀မ် ဟာ သူ့မျက်နှာဟာ သူ့အသက်အရွယ်ထက် နုပျိုနေတာကြောင့် ‌အမြဲတမ်းပေါ်လွင်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်.။

သူဟာ နုပျိုလွန်းတာကြောင့် အရွယ်ရောက်ပြီးသူ အဖြစ် သရုပ်ဆောင်ရတဲ့အခါ သရုပ်ဆောင်နိုင်ပါ့မလားဆိုတဲ့ ‌ဖိအားများစွာဖြင့်‌ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ အရည်အချင်းရှိပြီး ချောမောတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပြီပဲဖြစ်ပါတယ်။

ကင်နမ်ဂီ

မင်းသား ကင်နမ်ဂီ ‌ကတော့ “Queen Seondeok” တွင် သူ၏ဇာတ်ကောင် Bidam သည် ကြည့်ရှုသူများအပေါ် ကြီးစွာသော စွဲမက်ဖွယ်ဖြစ်စေခဲ့ပါတယ်။ ကင်နမ်ဂီ ရဲ့ ဇာတ်ကောင် Bidam ဟာ အဓိကဇာတ်ကောင်တွေရဲ့ လူကြိုက်များမှုကိုတောင် ကျော်လွန်ခဲ့တယ်လို့ ဆိုကြပါတယ်။

မင်းသား ကင်နမ်ဂီ ‌က ရုပ်ရည်အရမ်းချောမောတဲ့ အထဲမှာမပါပေမယ့် Bidam ဇာတ်ကောင်ရဲ့ ယောက်ျားပီသသောအသွင်အပြင်၊ ဝမ်းနည်းသောမျက်လုံးများနှင့် လူကောင်းတစ်၀က် လူဆိုးတစ်၀က် စတဲ့ စရိုက်တွေဟာ ကြည့်ရှုသူအများအပြား၏အာရုံကို ဖမ်းစားခဲ့တာပဲဖြစ်ပါတယ်။ ဒီဇာတ်ရုပ်ရဲ့အောင်မြင်မှုကြောင့်ကင်နမ်ဂီ ရဲ့ သရုပ်ဆောင် အရည်အချင်းကိုအသိအမှတ်ပြုကြပြီး နောက်ပိုင်းမှာ ဇာတ်ဆောင်နေရာတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ဆိုးကန်ဂျွန်

မင်းသား ဆိုးကန်ဂျွန် ဟာ ထိပ်တန်းသရုပ်ဆောင်တစ်ဦးမဟုတ်ပေမယ့်လည်း သူ့ရဲ့ ချောမောတဲ့ ရုပ်ရည်သွင်ပြင်ရှိလို့နေပါတယ်။ သူ့ရဲ့ထူးခြားတဲ့ အမြင်အာရုံနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေနဲ့ဆိုးကန်ဂျွန်ဟာ သရုပ်ဆောင်စွမ်းရည် အားနည်းနေသေးပေမယ့် အာရုံစိုက်ခံရမှုရရှိခဲ့ပါတယ်။ “ချောမောခြင်းသည် အရည်အချင်းတစ်ခုဖြစ်သည်” ဟူသောစကားသည် မှန်ကန်ပုံရတယ် ဆိုတာ ဆိုးကန်ဂျွန် ကသက်သေပြနေတာပဲဖြစ်ပါတယ်။

ဟွန်းဘင်

ပြီးပြည့်စုံသော ရုပ်ရည်နဲ့ သရုပ်ဆောင် တွေအကြောင်းပြောရရင်တော့ မင်းသား ဟွန်းဘင် ကိုတော့ချန်ထားလို့မရပါဘူး။ သူ့ရဲ့သရုပ်ဆောင်မှုကို အသိအမှတ်မပြုခင်မှာပင် သူ့ရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ အသွင်အပြင် ကတော့ လူတိုင်းကို ကြိုက်နှစ်သက်စေခဲ့တာပဲဖြစ်ပါတယ်။

“Nonstop 4” ၏ ဒါရိုက်တာသည် ဟွန်းဘင် ကို သရုပ်ဆောင်ရန် ငြင်းဆန်ခဲ့ပြီး ထိုအချိန်က မင်းသားသည် “စူပါစတား” အငွေ့အသက်မရှိ၍ ပိန်လွန်းပါတယ်လို့ ပြောကြားခဲ့ပါတယ်။ သို့သော်လည်း အမျိုးသမီးဝန်ထမ်းအားလုံးနှင့် ဇာတ်ညွှန်းရေးဆရာက သူ့ကို သဘောကျသောကြောင့်ဟွန်းဘင် ကိုဇာတ်ညွန်းပေးကာ သရုပ်ဆောင်စေခဲ့ပါတယ်။ အဲ့ဇာတ်ရုတ်က လက်ရှိထိပ်တန်းမင်းသား ဟွန်းဘင် ဖြစ်ဖို့အတွက်ပထမဆုံးခြေလှမ်းဖြစ်ခဲ့ပါတယ်.

အခုဆိုရင်တော့‌ ထိတ်တန်းမင်းသား သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါတယ်။ အရည်အချင်းတွေက အချိန်နဲ့အမျှ သက်သေပြနေပေမယ့် အလှတရားက ချက်ချင်းအသိအမှတ်ပြုနိုင်တာကြောင့် ဒီသရုပ်ဆောင်တွေက ရုပ်ရည်က ဘယ်လောက်အရေးပါတယ်ဆိုတာကို ပြသနေပါတယ်။ ဒါပေမယ့် ဒီထိပ်တန်းကြယ်ပွင့်တွေရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ကိုရီးယားဖျော်ဖြေရေးနယ်ပယ်မှာ သူတို့ရဲ့အောင်မြင်မှုတွေကို တော့ ဘယ်သူကမှ ငြင်းလို့မရပါဘူးဆိုတာကိုတော့ အားလုံးကလက်ခံကြမယ်ထင်ပါတယ်နော်။

ZAWGYI VERSION




ဆောင်ဂျွန်ကီ



အင်ဆီဝမ်



ကင်နမ်ဂီ



ဆိုးကန်ဂျွန်


ဟွန်းဘင်




Latest Posts

Don't Miss