Monday, November 28, 2022

Latest Posts

နာမည်ဆန်းဆန်းလေးတွေနဲ့ လမ်းတစ်လျှောက် ချစ်ခဲ့ရတဲ့ တိရိစ္ဆာန်လေးများအကြောင်း ပြောပြလိုက်တဲ့ ဦးကျော်သက်လင်း

Unicode Verison

ညစဥ် ၈ နာရီသတင်းမှာ ကျမ်းမာတော်မူကြပါစခင်ဗျာ ဆိုတဲ့ အသံပါဝါကောင်းကောင်းနဲ့ ဒီလူကြီးကို မှတ်မိကြသေးရဲ့လား ။ မြန်မာပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပြီး အမှန်တရားကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်တာကြောင့် CDM ကို အစောဆုံးပြုလုပ်ခဲ့သူလဲ ဖြစ်ပါတယ်။ ဦးကျော်သက်လင်း ဟာ လက်ရှိမှာ မိသားစုနဲ့ဝေးရာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ကျရာတာဝန်တွေကို ထမ်းဆောင်နေတာပါနော်။

ဦးကျော်သက်လင်း ဟာ ခရီးလမ်းတစ်လျှောက် ချစ်ခဲ့ရတဲ့တိရိစ္ဆာန်လေးများအကြောင်းကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ ” ကျနော်သွားရာခရီးလမ်းတစ်လျှောက် ချစ်ခဲ့ရသောတိရိစ္ဆာန်လေးများ… နွားကလေး အလိမ္မာ ဆိတ်ကလေး နာနီ ခွေးကလေး မိုက်ကယ် ခွေးအကြီးက ဘိုနီ တခြား နီမတို့ ကျွဲကြီးတွေ အများကြီးကျန်သေးပေမယ့်ပုံရှိသလောက်ပေါ့။ တရိစ္ဆာန်နဲ့နီးခဲ့တဲ့ဘဝတွေမို့လားတော့မသိပါဘူးဗျာ။ပြောလည်းခံရပေမပေါ့။နွားကလေးက လမစေ့ပဲမွေးလို့ ခုထိနို့ဗူးတိုက်မွေးရတယ်။သိပ်လိမ္မာတဲ့ကလေးတွေ။ဘိုနီနဲ့မိုက်ကယ်ကသွားလေရာပါကြပေမယ့် အလိမ္မာနဲ့နာနီတို့ကတော့ နေရာမှာပဲကျန်ခဲ့နေကြ။ မမေ့သင့်တာတွေတော့ မမေ့ကြနဲ့ပေါ့ဗျာ။ ကျနော်ကတော့ တောထဲကပုံတွေတင်ရင်း လွမ်းတာတွေဖြေရင်း…”လို့ ပုံလေးတွေနဲ့အတူရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ဦးကျော်သက်လင်း ၏ ချစ်ရတဲ့တိရစ္ဆာန်လေးတွေရဲ့ ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ZawGyi Version

နာမည္ဆန္းဆန္းေလးေတြနဲ႔ လမ္းတစ္ေလွ်ာက္ ခ်စ္ခဲ့ရတဲ့တိရိစာၦန္ေလးမ်ားအေၾကာင္း ေျပာျပလိုက္တဲ့ ဦးေက်ာ္သက္လင္း

ညစဥ္ ၈ နာရီသတင္းမွာ က်မ္းမာေတာ္မူၾကပါစခင္ဗ်ာ ဆိုတဲ့ အသံပါဝါေကာင္းေကာင္းနဲ႔ ဒီလူႀကီးကို မွတ္မိၾကေသးရဲ႕လား ။ ျမန္မာျပည္သူေတြနဲ႔အတူ ျပတ္ျပတ္သားသား ရပ္တည္ခဲ့ၿပီး အမွန္တရားကို ခ်စ္ျမတ္ႏိုးသူတစ္ဦးျဖစ္တာေၾကာင့္ CDM ကို အေစာဆုံးျပဳလုပ္ခဲ့သူလဲ ျဖစ္ပါတယ္။ ဦးေက်ာ္သက္လင္း ဟာ လက္ရွိမွာ မိသားစုနဲ႔ေဝးရာ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနၿပီး က်ရာတာဝန္ေတြကို ထမ္းေဆာင္ေနတာပါေနာ္။

ဦးေက်ာ္သက္လင္း ဟာ ခရီးလမ္းတစ္ေလွ်ာက္ ခ်စ္ခဲ့ရတဲ့တိရိစာၦန္ေလးမ်ားအေၾကာင္းကို အခုလိုပဲ ေျပာျပခဲ့ပါတယ္။ ” က်ေနာ္သြားရာခရီးလမ္းတစ္ေလွ်ာက္ ခ်စ္ခဲ့ရေသာတိရိစာၦန္ေလးမ်ား… ႏြားကေလး အလိမၼာ ဆိတ္ကေလး နာနီ ေခြးကေလး မိုက္ကယ္ ေခြးအႀကီးက ဘိုနီ တျခား နီမတို႔ ကြၽဲႀကီးေတြ အမ်ားႀကီးက်န္ေသးေပမယ့္ပုံရွိသေလာက္ေပါ့။ တရိစာၦန္နဲ႔နီးခဲ့တဲ့ဘဝေတြမို႔လားေတာ့မသိပါဘူးဗ်ာ။ေျပာလည္းခံရေပမေပါ့။ႏြားကေလးက လမေစ့ပဲေမြးလို႔ ခုထိႏို႔ဗူးတိုက္ေမြးရတယ္။သိပ္လိမၼာတဲ့ကေလးေတြ။ဘိုနီနဲ႔မိုက္ကယ္ကသြားေလရာပါၾကေပမယ့္ အလိမၼာနဲ႔နာနီတို႔ကေတာ့ ေနရာမွာပဲက်န္ခဲ့ေနၾက။ မေမ့သင့္တာေတြေတာ့ မေမ့ၾကနဲ႔ေပါ့ဗ်ာ။ က်ေနာ္ကေတာ့ ေတာထဲကပုံေတြတင္ရင္း လြမ္းတာေတြေျဖရင္း…”လို႔ ပုံေလးေတြနဲ႔အတူေရးသားထားတာကို ေတြ႕ရပါတယ္။

ပရိသတ္ႀကီးေရ ဦးေက်ာ္သက္လင္း ၏ ခ်စ္ရတဲ့တိရစာၦန္ေလးေတြရဲ႕ ဓာတ္ပုံေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Latest Posts

Don't Miss