Saturday, December 3, 2022

Latest Posts

သရုပ်ဆောင် ပြေတီဦး ရဲ့ ဖခင် ယနေ့ ကွယ်လွန်

Unicode Version

ပရိသတ်တွေချစ်ခင်အားပေးမှု့ကို အပြည့်အဝရရှိထားတဲ့ မင်းသားချော ပြေတီဦး နဲ့အိန္ဒြာကျော်ဇင်တို့အနုပညာရှင်စုံတွဲကတော့ပြည်သူတွေနဲ့ အတူအမှန်တရားဘက်ကရပ်တည်ခဲ့ပြီးတိုက်ပွဲဝင်ပေးခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာ ပြေတီဦး နဲ့အိန္ဒြာကျော်ဇင်တို့ ကတော့ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုခံထားရပြီးတော့ မတရားဖမ်းဆီးခံထားရပါတယ်။ ဒီနေ့မှာ စိတ်မကောင်းစရာသတင်းလေးကတော့ ဦးတီ ရဲ့ဖခင်ကွယ်လွန်သွားတဲ့ သတင်းလေးပဲဖြစ်ပါတယ်။

ဒီနေ့ မှာတော့ ပြေတီဦး၏ ချစ်လှစွာသော ဖခင် ဦးတင်မောင်ဦး ကတော့အောက်ဆီဂျင် ကျပြီး ကွယ်လွန်သွားပါတယ်လို့ ဝမ်းနည်းစွာ သိရပါတယ်။”မလုပ်ပေးလိုက်ရဘူးဆိုတဲ့ နောင်တ စိုးစဉ်းမှ မရှိစွာနဲ့ သမီးတတ်နိုင်သမျှ အစွမ်းကုန် လုပ်ပေးခဲ့ပါတယ်.။ ကံကြမ္မာကိုတော့ ပြောင်းလဲမပေးနိုင်ဘူးပေါ့အဖေ..။ အဖေကိုယ်တိုင် အကြိမ်ကြိမ်စိတ်ကြိုက် ရွေးချယ်ခဲ့တဲ့ ကံကြမ္မာအတွက် အဖေလဲ နောင်တကင်းစွာ လက်ခံနိုင်မယ်ထင်ပါတယ်.။ သိလို့ဖြစ်စေ မသိလို့ဖြစ်စေ ကာယကံ ဝစီကံ မနောကံ နဲ့ ပစ်မှားမိခဲ့ဖူးတဲ့ အပြစ်တိုင်းအတွက် ထိခြင်းငါးပါးနဲ့ ကန်တော့လိုက်ပါတယ်..။ငြိမ်းချမ်းစွာ အနားယူပါတော့.”လို့ ငွေတီဦးက လူမူကွန်ယက်မှာဖခင်ဖြစ်သူနဲ့ပတ်သက်လို့ရေးသားထားပါတယ်။

နာမည်ကြီး မင်းသားတစ်လက်ရဲ့ဖခင် ထပ်မံ ကွယ်လွန်

ဒီနေ့မှာတော့ ပြေတီဦး ရဲ့ဖခင်ဦးတင်မောင်ဦး အသက်(၇၄) နှစ်ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားပြီပဲဖြစ်ပါတယ်။ ပြေတီဦး ၏ ချစ်လှစွာသော ဖခင် ဦးတင်မောင်ဦး ကွယ်လွန်သွားခဲ့သည့်အတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲမိပါတယ်။ ကောင်းရာသုကတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

နာမည်ကြီး မင်းသားတစ်လက်ရဲ့ဖခင် ထပ်မံ ကွယ်လွန်

ZawGyi Version





Latest Posts

Don't Miss