Saturday, December 3, 2022
Latest Posts
နှလုံးရောဂါ ခံစားနေရတဲ့ ဖခင်ဖြစ်သူ ဦးအောင်ရင် အကြောင်းပြောပြလာတဲ့ မိုးအောင်ရင်
Unicode Version
ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက နာမည်ကြီးကျော်ကြားခဲ့တဲ့ အဆိုတော် ဦးအောင်ရင် ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။ ဦးအောင်ရင် ရဲ့သီချင်းတွေဟာ မြန်မာသံစဉ်ကိုကြိုက်နှစ်သက်တဲ့ လူကြီးလူရွယ်ပရိသတ်တွေကြား ရေပန်းစားကျော်ကြားတာကြောင့် ယနေအချိန်ထိမသိသူမရှိလောက်ပါပဲနော်။ သူ့ရဲ့သားဖြစ်သူ မိုးအောင်ရင် ကလည်းရုပ်ရှင်လောကမှာ နေရာတစ်နေရာ ရရှိထားတဲ့မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ ဟာသကားများကို အဓိကရိုက်ကူးပြီးတော့ ဗီဒီယိုကားတွေခေတ်စားခဲ့တဲ့အချိန်မှာကတည်းက ပရိသတ်အခိုင်အမာရရှိခဲ့တာပဲဖြစ်ပါတယ်။ မိုးအောင်ရင် ကဖခင်ြဖစ်သူ နာမည်ကျော်အဆိုတော် အောင်ရင် ရဲ့ကျန်းမာရေးအခြေအနေကို အခုလိုပဲပြောကြားလာခဲ့ပါတယ်။
အဆိုတော် အောင်ရင် ဟာလက်ရှိမှာ မိသားစုလိုက် နိုင်ငံရပ်ခြားမှာနေထိုင်ပြီးတော့ မြန်မာပြည်ကိုတစ်ခါတလေမှ ပြန်လာလေ့ရှိပါတယ်။ နိုင်ငံခြားမှာ မိသားစုလိုက်နေထိုင်ပေမယ့် သားဖြစ်သူ မိုးအောင်ရင် ကတော့ မြန်မာပြည်မှာတစ်ဦးထဲနေထိုင်ပါတယ်။ မြန်မာပြည်မှာလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ရောဂါဆိုး‌ကြောင့် ဦးအောင်ရင် ဟာ သားဖြစ်သူကို စိတ်ပူတာကြောင့် စိတ်ဖိဆီးပြီးတော့ Mild Heart Attack ရောဂါကိုခံစားနေရတယ်လို့ သိရပါတယ်။ “အဖေ က မောတယ် မောတယ် ဆိုပြီး Mild Heart Attack လိုမျိုး ဖြစ်ခဲ့တယ်။ သူ့သားက မြန်မာပြည်မှာ ဆိုတော့ စိတ်ပူစိုးရိမ်ပြီး စိတ်ဖိစီးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဆိုးအရွားကြီး မဟုတ်သေးပေမယ့် ဆေးရုံတစ်ပတ် တက်ရောက် ကုသမှု ခံယူခဲ့ရတယ်” လို့ ဖခင် ဦးအောင်ရင် ရဲ့ ကျန်းမာရေး အခြေအနေကို အင်တာဗျူးတစ်ခုမှာ ပြောလာခဲ့ပါတယ်။
သရုပ်ဆောင် မိုးအောင်ရင် ဟာမူးယစ်ဆေးဝါးမှု့နဲ့ ထောင်နှစ်ရှည်လများ အချုပ်ကျခဲ့ပြီး အချုပ်မှပြန်လွတ်လာတဲ့အချိန်မှာလဲ ရည်းစားက ကာမလိမ်လည်မှု့နဲ့တရားဆွဲဆိုခံခဲ့ရဖူးတာကြောင့် ဖခင်ဖြစ်သူဟာ သား မိုးအောင်ရင် ကို စိတ်ပူပြီး နှလုံးရောဂါတောင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ‌ဦ‌းအောင်ရင် ရဲ့ရောဂါဟာ မပြင်းထန်ပေမယ့် လက်ရှိမှာစောင့်ကြည့်နေဆဲဖြစ်တယ်လို့သိရပါတယ်။
ZawGyi Version
Latest Posts
Don't Miss