Monday, November 28, 2022

Latest Posts

နန်းမြတ်ဖြိုးသင်း ရဲ့ခင်ပွန်း ကွယ်လွန်သူကိုတာတာမျိုး အတွက် သင်္ကန်း၊ပရိက္ခရာတွေ လှူဒါန်းပေးခဲ့တဲ ခန့်စည်သူ

Unicode Version

ပရိသတ်ကြီးရေ ဒီနေ့ သြဂုတ်လ ၂၇ ရက်နေ့ကတော့ သရုပ်ဆောင်အဆိုတော် နန်းမြတ်ဖြိုးသင်း ရဲ့ခင်ပွန်းကိုတာတာမျိုးကွယ်လွန်သွားတာ ၇ရက်ပြည့် ရက်လည်နေ့ပဲဖြစ်ပါတယ်။ ကိုဗစ်ရောဂါနဲ့ ရုတ်တရတ်ခွဲခွာသွားခဲ့တဲ့ နန်းမြတ်ဖြိုးသင်း ခင်ပွန်းဖြစ်သူအတွက် အသိမိတ်ဆွေ တွေက ကိုတာတာမျိုးအတွက် ရည်စူးပြီးတော့ အလှူအတန်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါအပြင် အကယ်ဒမီ ခန့်စည်သူကလည်း ကိုတာတာမျိုးအတွက် ရည်စူးပြီးတော့ သင်္ကန်း၊ပရိက္ခရာတွေကို လှူဒါန်းခဲ့ပါသေးတယ်။

ဒီနေ့ကတော့ ကွယ်လွန်သူကိုတာတာမျိုးရဲ့ ရက်လည်နေ့ဖြစ်လို့ ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေက ကုသိုလ်ကောင်းမှူတွေပြုလုပ်ပေးတာဖြစ်ပါတယ်။ နန်းမြတ် ကလည်း ခင်ပွန်းအတွက်အလှူလုပ်ပေးမှာဖြစ်လို့ သူမရဲ့အိမ်မှာ မိတ်ဆွေတွေပို့ပေးတဲ့ သင်္ကန်း၊ပရိက္ခရာတွေရောက်ရှိနေပြီဖြစ်ပါတယ်။ ” အလှူပြုပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် သူလဲကောင်းရာဘုံဘဝကနေသာဓုခေါ်နေမှာပါ” လို့ သူမရဲ့ဖေ့ဘွတ်မှာ ကျေးဇူးတင်စကားဆိုထားပါတယ်။ လက်ရှိမှာ နန်းမြတ် ကတော့ စိတ်ဓာတ်ကို ကြံ့ကြံ့ခံပြီး သူမရဲ့သားသမီးတွေအတွက် ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

နန်းမြတ် ရဲ့ပျော်ရွှင်စရာမိသားစုလေးမှာ အခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ခဲ့တာကြောင့် သူမနဲ့ထပ်တူပရိသတ်တွေကလည်း အရမ်းဝမ်းနည်းနေကြတာဖြစ်ပါတယ်။ နန်းမြတ် ရဲ့ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးလဲ ကောင်းရာမွန်ရာ ရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version

နန္းျမတ္ၿဖိဳးသင္း ရဲ႕ခင္ပြန္း ကြယ္လြန္သူကိုတာတာမ်ိဳး အတြက္ သကၤန္း၊ပရိကၡရာေတြ လႉဒါန္းေပးခဲ့တဲ ခန႔္စည္သူ

ပရိသတ္ႀကီးေရ ဒီေန႔ ၾသဂုတ္လ ၂၇ ရက္ေန႔ကေတာ့ သ႐ုပ္ေဆာင္အဆိုေတာ္ နန္းျမတ္ၿဖိဳးသင္း ရဲ႕ခင္ပြန္းကိုတာတာမ်ိဳးကြယ္လြန္သြားတာ ၇ရက္ျပည့္ ရက္လည္ေန႔ပဲျဖစ္ပါတယ္။ ကိုဗစ္ေရာဂါနဲ႔ ႐ုတ္တရတ္ခြဲခြာသြားခဲ့တဲ့ နန္းျမတ္ၿဖိဳးသင္း ခင္ပြန္းျဖစ္သူအတြက္ အသိမိတ္ေဆြ ေတြက ကိုတာတာမ်ိဳးအတြက္ ရည္စူးၿပီးေတာ့ အလႉအတန္းေတြကို ျပဳလုပ္ခဲ့ၾကပါတယ္။ ဒါအျပင္ အကယ္ဒမီ ခန႔္စည္သူကလည္း ကိုတာတာမ်ိဳးအတြက္ ရည္စူးၿပီးေတာ့ သကၤန္း၊ပရိကၡရာေတြကို လႉဒါန္းခဲ့ပါေသးတယ္။

ဒီေန႔ကေတာ့ ကြယ္လြန္သူကိုတာတာမ်ိဳးရဲ႕ ရက္လည္ေန႔ျဖစ္လို႔ ရင္းႏွီးတဲ့မိတ္ေဆြသူငယ္ခ်င္းေတြက ကုသိုလ္ေကာင္းမႉေတြျပဳလုပ္ေပးတာျဖစ္ပါတယ္။ နန္းျမတ္ ကလည္း ခင္ပြန္းအတြက္အလႉလုပ္ေပးမွာျဖစ္လို႔ သူမရဲ႕အိမ္မွာ မိတ္ေဆြေတြပို႔ေပးတဲ့ သကၤန္း၊ပရိကၡရာေတြေရာက္ရွိေနၿပီျဖစ္ပါတယ္။ ” အလႉျပဳေပးၾကသူအားလုံးကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္ သူလဲေကာင္းရာဘုံဘဝကေနသာဓုေခၚေနမွာပါ” လို႔ သူမရဲ႕ေဖ့ဘြတ္မွာ ေက်းဇူးတင္စကားဆိုထားပါတယ္။ လက္ရွိမွာ နန္းျမတ္ ကေတာ့ စိတ္ဓာတ္ကို ႀကံ့ႀကံ့ခံၿပီး သူမရဲ႕သားသမီးေတြအတြက္ ေရွ႕ကေနမားမားမတ္မတ္ရပ္တည္ေပးႏိုင္ဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။

နန္းျမတ္ ရဲ႕ေပ်ာ္႐ႊင္စရာမိသားစုေလးမွာ အခုလိုအျဖစ္ဆိုးမ်ိဳးနဲ႔ႀကဳံေတြ႕ခဲ့တာေၾကာင့္ သူမနဲ႔ထပ္တူပရိသတ္ေတြကလည္း အရမ္းဝမ္းနည္းေနၾကတာျဖစ္ပါတယ္။ နန္းျမတ္ ရဲ႕ခင္ပြန္းျဖစ္သူ ကိုတာတာမ်ိဳးလဲ ေကာင္းရာမြန္ရာ ေရာက္ပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Latest Posts

Don't Miss