Monday, November 28, 2022

Latest Posts

“နစ်နာမယ်”သီချင်းပိုင်ရှင် တေးသံရှင် နော်ဒင့် ကွယ်လွန်ရတဲ့ အဓိကအကြောင်းရင်း

Unicode Version

ပရိသတ်တွေကြား “နစ်နာမယ်”သီချင်းဖြင့် လူသိများအောင်မြင်ကျော်ကြားလာခဲ့တဲ့ တေးသံရှင် နော်ဒင့် ကတော့ ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ၊ (၂၆)ရက်နေ့ မနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ပါတယ်။ ကချင်တိုင်းရင်းသား နော်ဒင့် ဟာ KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို၌ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၃၆ နှစ်ရှိပြီပဲ ဖြစ်ပါတယ်။ နော်ဒင့် ရဲ့စျာပနအခမ်းအနားကို မနေ့က ၂၆ ရက်နေ့ မွန်းလွဲ ၃နာရီမှာ ပြုလုပ်ခဲ့ပါတယ်။

တေးသံရှင်‌ နော်ဒင့် ကတော့ “နစ်နာမယ်”သီချင်းအပြင် “နာကျည်းလိုက်ပါ”၊ “ဆုလာဘ်” စသည့် သီချင်းများဖြင့် အောင်မြင်မှု ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ သူဟာ အောင်မြင်မှု ရရှိနေချိန်မှာ မူးယစ်ဆေးဝါးအမှုကြောင့် ကချင်ပြည်နယ်၊မြစ်ကြီးနားအကျဥ်းထောင်မှာ နှစ်ရှည်အကျဉ်းကျခံခဲ့ရပါတယ်။ ပြန်လည်လွတ်မြောက်လာနဲ့အချိန်မှာတော့ ၂၀၂၁ ခုနှစ်မှာ KIA ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် KIA/KIO ရဲတပ်ဖွဲ့တွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ဒါအပြင် ရှေ့တန်းမှာရှိတဲ့ ကေအိုင်အေစစ်သည်တွေနဲ့ PDF တပ်ဖွဲ့ဝင်များဆီ သွားရောက်ပြီး စိတ်ဓါတ်ခွန်အားပေး သီချင်းတွေနဲ့ လိုက်လံဖျော်ဖြေခဲ့သူတစ်ဦးလဲ ဖြစ်ပါတယ်။

တေးသံရှင် နော်ဒင့် ဟာ သူနေထိုင်ရာ လိုင်ဇာမြို့နယ်မှာပဲ နှလုံးရုတ်တရတ် ရပ်ပြီးကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။ သိသိချင်း ဆေးရုံကိုချက်ချင်း ပို့ဆောင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဘဝကိုရိုးရှင်းစွာ နေထိုင်ရင်း ဖြတ်သန်းနေတဲ့ တေးသံရှင် နော်ဒင့် ကောင်းရာမွန်ရာရောက်ရှိပါစေ။

ZawGyi Version

“နစ္နာမယ္”သီခ်င္းပိုင္ရွင္ ေတးသံရွင္ ေနာ္ဒင့္ ကြယ္လြန္ရတဲ့ အဓိကအေၾကာင္းရင္း

ပရိသတ္ေတြၾကား “နစ္နာမယ္”သီခ်င္းျဖင့္ လူသိမ်ားေအာင္ျမင္ေက်ာ္ၾကားလာခဲ့တဲ့ ေတးသံရွင္ ေနာ္ဒင့္ ကေတာ့ ၂၀၂၂ခုႏွစ္၊ဇန္နဝါရီလ၊ (၂၆)ရက္ေန႔ မနက္ပိုင္းတြင္ ကြယ္လြန္သြားခဲ့ပါတယ္။ ကခ်င္တိုင္းရင္းသား ေနာ္ဒင့္ ဟာ KIA ထိန္းခ်ဳပ္နယ္ေျမ လိုင္ဇာၿမိဳ၌ ကြယ္လြန္သြားခဲ့ၿပီး ကြယ္လြန္ခ်ိန္မွာေတာ့ အသက္ ၃၆ ႏွစ္ရွိၿပီပဲ ျဖစ္ပါတယ္။ ေနာ္ဒင့္ ရဲ႕စ်ာပနအခမ္းအနားကို မေန႔က ၂၆ ရက္ေန႔ မြန္းလြဲ ၃နာရီမွာ ျပဳလုပ္ခဲ့ပါတယ္။

ေတးသံရွင္‌ ေနာ္ဒင့္ ကေတာ့ “နစ္နာမယ္”သီခ်င္းအျပင္ “နာက်ည္းလိုက္ပါ”၊ “ဆုလာဘ္” စသည့္ သီခ်င္းမ်ားျဖင့္ ေအာင္ျမင္မႈ ရရွိထားသူတစ္ဦးျဖစ္ပါတယ္။ သူဟာ ေအာင္ျမင္မႈ ရရွိေနခ်ိန္မွာ မူးယစ္ေဆးဝါးအမႈေၾကာင့္ ကခ်င္ျပည္နယ္၊ျမစ္ႀကီးနားအက်ဥ္းေထာင္မွာ ႏွစ္ရွည္အက်ဥ္းက်ခံခဲ့ရပါတယ္။ ျပန္လည္လြတ္ေျမာက္လာနဲ႔အခ်ိန္မွာေတာ့ ၂၀၂၁ ခုႏွစ္မွာ KIA ထိန္းခ်ဳပ္ရာ လိုင္ဇာၿမိဳ႕တြင္ KIA/KIO ရဲတပ္ဖြဲ႕တြင္ ေစတနာ့ဝန္ထမ္းအျဖစ္ ေဆာင္႐ြက္ခဲ့သူျဖစ္သည္။ ဒါအျပင္ ေရွ႕တန္းမွာရွိတဲ့ ေကအိုင္ေအစစ္သည္ေတြနဲ႔ PDF တပ္ဖြဲ႕ဝင္မ်ားဆီ သြားေရာက္ၿပီး စိတ္ဓါတ္ခြန္အားေပး သီခ်င္းေတြနဲ႔ လိုက္လံေဖ်ာ္ေျဖခဲ့သူတစ္ဦးလဲ ျဖစ္ပါတယ္။

ေတးသံရွင္ ေနာ္ဒင့္ ဟာ သူေနထိုင္ရာ လိုင္ဇာၿမိဳ႕နယ္မွာပဲ ႏွလုံး႐ုတ္တရတ္ ရပ္ၿပီးကြယ္လြန္သြားခဲ့တာလို႔ သိရပါတယ္။ သိသိခ်င္း ေဆး႐ုံကိုခ်က္ခ်င္း ပို႔ေဆာင္ခဲ့ေပမယ့္ ကံမေကာင္းစြာနဲ႔ ကြယ္လြန္သြားခဲ့ပါတယ္။ ဘဝကို႐ိုးရွင္းစြာ ေနထိုင္ရင္း ျဖတ္သန္းေနတဲ့ ေတးသံရွင္ ေနာ္ဒင့္ ေကာင္းရာမြန္ရာေရာက္ရွိပါေစ။

Latest Posts

Don't Miss