Sunday, November 27, 2022

Latest Posts

နိုင်သလောက် ရတဲ့နေရာကနေဝင်ကူကြရအောင်လို့ တောင်းဆိုလိုက်တဲ့ ပိုင်ဖြိုးသု

Unicode Version

ပရိသတ်ကြီးရေ ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားပြီးတော့ ‌ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ပိုင်ဖြိုးသုကို သိကြမယ်ထင်ပါတယ်။ သူမဟာဆိုရင်တော့ ၂၀၁၇ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲတွင် ” သရဲမ၊ဘီလူးမ နှင့် မိန်းမပျို ” ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သူလဲ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးရာတွင် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် သူမရဲ့စိတ်ဓာတ်ဟာလည်း အတုယူအားကျစရာကောင်းလောက်ပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုများကို ဖေဖော်ဝါရီလကတည်းမှ စတင်ပြီး ပါဝင်ခဲ့သူ ဖြစ်ပြီး နေ့စဉ်ရက်ဆက် မမောနိုင် မပန်းနိုင်အောင် လမ်းမပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ပုဒ်မ၅၀၅(က)ဖြင့် တရားဆွဲခံထားရပြီး လက်ရှိမှာလွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်။

မင်းသမီး ပိုင်ဖြိုးသု ဟာ တော်လှန်ရေးအတွက် ကျရာတာဝန်ကို ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့်လဲ တော်လှန်ရေးအတွက် ပါဝင်ကြဖို့နဲ့ သွေးမအေးကြစေဖို့ ပြည်သူတွေကို အစွမ်းကုန်တိုက်တွန်းနေတာလဲ ဖြစ်ပါတယ်။သူမဟာ လွန်ခဲ့တဲ့နာရီပိုင်းလောက်က ပြည်သူတွေကို တတ်နိုင်တဲ့ဘက်က ကူကြဖို့တောင်းဆိုလိုက်ပါတယ်နော်။ “လိုအပ်တာတွေကများလာပြီ….ကိုယ့်ထပ်ပိုစွန့်နိုင်သူတွေက အသက်ကိုပါစွန့်ပြီးတောထဲတောင်ထဲရောက်နေချိန်မှာ ကိုယ်တို့တွေကနိုင်ရင်နိုင်သလောက် ရတဲ့နေရာကနေဝင်ကူကြရအောင်… အခုလည်းYouTubeမှာ Click2donate ရဲ့ WeClick က animation videoလေးတင်ထားပါတယ်…ဝိုင်းကူကြည့်ပေးပါနော်….” လို့ သူမရဲ့ကိုယ်ပိုင် စာမျက်နှာအကောင့်မှာ ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်နော်။

ပရိသတ်ကြီးရေ … မင်းသမီး ပိုင်ဖြိုးသု တိုက်တွန်းထားသလို တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီကြပါအုန်းနော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်၊သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version

ႏိုင္သေလာက္ ရတဲ့ေနရာကေနဝင္ကူၾကရေအာင္လို႔ ေတာင္းဆိုလိုက္တဲ့ ပိုင္ၿဖိဳးသု

ပရိသတ္ႀကီးေရ ႐ုပ္ရွင္ေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားၿပီးေတာ့ ‌ေပ်ာ္႐ႊင္ဖြယ္အိမ္ေထာင္ေရးကိုပိုင္ဆိုင္ထားတဲ့ မင္းသမီးေခ်ာ ပိုင္ၿဖိဳးသုကို သိၾကမယ္ထင္ပါတယ္။ သူမဟာဆိုရင္ေတာ့ ၂၀၁၇ခုႏွစ္အတြက္ ႐ုပ္ရွင္ထူးခြၽန္ဆု အကယ္ဒမီေပးပြဲတြင္ ” သရဲမ၊ဘီလူးမ ႏွင့္ မိန္းမပ်ိဳ ” ႐ုပ္ရွင္ျဖင့္ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုကို ထိုက္ထိုက္တန္တန္ရရွိခဲ့သူလဲ ျဖစ္ပါတယ္။ ႐ုပ္ရွင္႐ိုက္ကူးရာတြင္ က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္တဲ့အျပင္ သူမရဲ႕စိတ္ဓာတ္ဟာလည္း အတုယူအားက်စရာေကာင္းေလာက္ပါတယ္။ လက္ရွိျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနေသာ လူထုလႈပ္ရွားမႈမ်ားကို ေဖေဖာ္ဝါရီလကတည္းမွ စတင္ၿပီး ပါဝင္ခဲ့သူ ျဖစ္ၿပီး ေန႔စဥ္ရက္ဆက္ မေမာႏိုင္ မပန္းႏိုင္ေအာင္ လမ္းမေပၚထြက္ကာ ျပည္သူေတြနဲ႔အတူ ဆႏၵထုတ္ေဖာ္ခဲ့တာေၾကာင့္ ပုဒ္မ၅၀၅(က)ျဖင့္ တရားဆြဲခံထားရၿပီး လက္ရွိမွာလြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနပါတယ္။

မင္းသမီး ပိုင္ၿဖိဳးသု ဟာ ေတာ္လွန္ေရးအတြက္ က်ရာတာဝန္ကို ထမ္းေဆာင္ေနတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္လဲ ေတာ္လွန္ေရးအတြက္ ပါဝင္ၾကဖို႔နဲ႔ ေသြးမေအးၾကေစဖို႔ ျပည္သူေတြကို အစြမ္းကုန္တိုက္တြန္းေနတာလဲ ျဖစ္ပါတယ္။သူမဟာ လြန္ခဲ့တဲ့နာရီပိုင္းေလာက္က ျပည္သူေတြကို တတ္ႏိုင္တဲ့ဘက္က ကူၾကဖို႔ေတာင္းဆိုလိုက္ပါတယ္ေနာ္။ “လိုအပ္တာေတြကမ်ားလာၿပီ….ကိုယ့္ထပ္ပိုစြန႔္ႏိုင္သူေတြက အသက္ကိုပါစြန႔္ၿပီးေတာထဲေတာင္ထဲေရာက္ေနခ်ိန္မွာ ကိုယ္တို႔ေတြကႏိုင္ရင္ႏိုင္သေလာက္ ရတဲ့ေနရာကေနဝင္ကူၾကရေအာင္… အခုလည္းYouTubeမွာ Click2donate ရဲ႕ WeClick က animation videoေလးတင္ထားပါတယ္…ဝိုင္းကူၾကည့္ေပးပါေနာ္….” လို႔ သူမရဲ႕ကိုယ္ပိုင္ စာမ်က္ႏွာအေကာင့္မွာ ေရးသားထားတဲ့ သတင္းေလးကို ျပန္လည္မွ်ေဝ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

ပရိသတ္ႀကီးေရ … မင္းသမီး ပိုင္ၿဖိဳးသု တိုက္တြန္းထားသလို တတ္ႏိုင္တဲ့ဘက္ကေန ပါဝင္ကူညီၾကပါအုန္းေနာ္။ အဆုံးထိဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္၊သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ ေန႔ရက္တိုင္းကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Latest Posts

Don't Miss