Friday, January 27, 2023
Latest Posts
ဒီနေ့မှာကျရောက်လာတဲ့ BTS အဖွဲ့ဝင် Jin ရဲ့ ၂၉နှစ်ပြည့်မွေးနေ့လေး
Unicode Version
ပရိသတ်ကြီးရေ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအဖွဲ့တစ်ခုဖြစ်တဲ့ BTS အဖွဲ့ကတော့ ခပ်ချောချော ခပ်မိုက်မိုက် အဖွဲ့ဝင်ကောင်လေး ၇ယောက်နဲ့ ဖွဲ့စည်းထားပြီးတော့ ကမ္ဘာတစ်ဝှန်းလုံးက ပျိုမဒီလေးတွေရဲ့ အားပေးမှု့ကို တစ်ခဲနက်ရရှိထားတာပဲဖြစ်ပါတယ်။ BTS အဖွဲ့ကို Big Hit Entertainment ကဖွဲ့စည်းထားတာဖြစ်ပြီးတော့ No More Dream သီချင်းနဲ့ ပွဲဦးထွက်ပြီး ဂီတလောကထဲကို ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ နိုင်ငံတကာကိုထိုးဖောက်ပြီးအောင်မြင်နေတဲ့ အဖွဲ့တစ်ခုဖြစ်နေပါြပီနော်။ ဒီနေ့ကတော့ BTS အဖွဲ့ဝင် ၇ဦးအနက် Jin ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။
ဒီနေ့ ဒီဇင်ဘာလ ၄ရက်နေ့ကတော့ Jin ရဲ့ ၂၉နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့နာမည်အရင်းကတော့ Kim Seok Jin ပါအနုပညာနာမည်ကတော့ Jin ဖြစ်ပါတယ်။ Jin ကတော့ BTS အဖွဲ့ထဲကို (၂၀၁၃) ခုနှစ်၊ ဇွန်လမှစကာ အဖွဲ့ဝင်တစ်ဦးအဖြစ် ဝင်ရောက်ခဲ့ပါတယ်။ Worldwide Handsome ဖြစ်တဲ့ BTS အဖွဲ့ဝင် Jin ကိုတော့တစ်ကမ္ဘာလုံးက Army တွေက သည်းသည်းလှုပ် ချစ်ခင်ကြတာပဲဖြစ်ပါတယ်။ Jin ရဲ့မွေးနေ့ကို ကိုရီးယားကပရိသတ်တွေသာမက အခြားနိုင်ငံကပရိသတ်တွေကလဲ ခမ်းခမ်းနားနားကျင်းပနေတာကိုလဲ တွေ့ရပါတယ်။ largest fountain complex in the world ဆိုပြီး ကမ္ဘာ့ဂင်းနစ်စံချိန် မှတ်တမ်းဝင်ထားတဲ့ Peru နိုင်ငံ Lima မြို့မှာရှိတဲ့ Magic Water Circuit မှာ Jin မွေးနေ့အတွက် လုပ်ပေးထားတာကိုလဲ တွေ့ရပါတယ်နော်။
BTS ပရိသတ်လေးတွေရှိလား?? ရှိတယ်ဆိုရင်တော့ BTS အဖွဲ့ဝင် Jin ရဲ့ ၂၉နှစ်ပြည့်မွေးနေ့လေးကို ကောမန့်မှာ ဆုတောင်းပေးခဲ့ပါအုန်းနော်။
ZawGyi Verison
Latest Posts
Don't Miss