Tuesday, December 6, 2022

Latest Posts

ဒီကနေ့မှာ မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲ ပြုလုပ်ခဲ့တဲ့ အဆိုတော် ဗီဗာဟိန်း

Unicode Version

ဗီဗာဟိန်း ကတော့ အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော် ဗိုလ်ဟိန်းနဲ့ အဆိုတော်ဗိုလ်မဆိုတဲ့ တေးသံရှင်တွေရဲ့ မျိုးဆက်သစ်အဆိုတော်တစ်ဦးပဲဖြစ်ပြီး rap အဆိုတော်ရှိုင်းလင်းအောင်ရဲ့ညီမလေးလည်းဖြစ်ပါတယ်။ ဗိုဟိန်း ရဲ့ သမီး ဗီဗာဟိန်း ကလဲ ပရိသတ်တွေရင်ထဲမှာ နာမည်တစ်နေရာရရှိထားတဲ့ အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဗီဗာ ကတော့ သူမချစ်သူနဲ့ မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲလေးပြုလုပ်ခဲ့တဲ့ သတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီကနေ့ မနက်ပိုင်း ဒီဇင်ဘာလ ၂၄ ရက်နေ့ကတော့ အဆိုတော် ဗီဗာဟိန်း ကတော့ သူမရဲ့ချစ်ရသူနဲ့ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ စလင်းကျောင်းတိုက် မဉ္ဇူကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ် ။ မောင်အာကာစိုး နှင့် အဆိုတော် ဗီဗာဟိန်း တို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲကို အနုပညာအသိုင်းအဝိုင်းမှ အနုပညာမောင်နှမများက တတ်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။ ကိုဗစ်တတိတယ်လှိုင်းမှာ မိဘနှစ်ပါးနဲ့အတူ အစ်ကိုဖြစ်သူကိုပါ ဆုံးရှုံးထားတဲ့ ဗီဗာ ဟာလက်ရှိအချိန်မှာ အချစ်စစ်ကိုပိုင်ဆိုင်ထားပြီးတော့ ပျော်ရွှင်စွာနေတာကို ချစ်တဲ့ပရိသတ်တွေကလဲ ကျေနပ်နေကြပါတယ်နော်။ အဆိုတော် ဗီဗာဟိန်း ကတော့ အနုပညာသက်တမ်းတစ်လျှောက်မှာမြူးမြူးကြွကြွသီချင်းတွေကိုသီဆိုရင်း အောင်မြင်ကျော်ကြားတဲ့ သီချင်းများစွာနဲ့အတူ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။

ဒီကနေ့မှာ မင်္ဂလာပွဲကျင်းမခဲ့တဲ့ အဆိုတော် မောင်အာကာစိုးနဲ့ ဗီဗာဟိန်းတို့ ဇနီးမောင်နှံ သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင်နဲ့ ရတုအဆက်ဆက် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်‌ရေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Cele Only မှဆုတောင်းပေးလိုက်ပါတယ်နော်။

ZawGyi Version





Latest Posts

Don't Miss