Saturday, December 3, 2022

Latest Posts

ဒီကနေ့မှာ ကျရောက်လာတဲ့ အမှန်တရားကို ချစ်မြတ်နိုးသူ ပြည်သူချစ်မင်းသား ဒေါင်း ရဲ့ မွေးနေ့

Unicode Version

ဒေါင်း ကတော့ သူ့ရဲ့ ထူးခြားလှတဲ့ နာမည်နဲ့ လိုက်ဖက်အောင် မျက်လုံး၊ မျက်ခုံးကောင်းကောင်းနဲ့ ခန့်ညားတဲ့ ရုပ်သွင်ကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ယောက်ျားပီသတဲ့ အသွင်အပြင်တွေနဲ့ မိန်းကလေးပရိသတ် အများအပြား ပိုင်ဆိုင်ထားတဲ့ ‌ဒေါင်း ဟာ ကျရာဇာတ်ရုပ်ကို သဘာဝကျကျနဲ့ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့အတွက် အချိန်တိုတိုအတွင်း နာမည်ရလာခဲ့တဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒေါင်း ဟာ ၁၉၉၀ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က မွေးဖွားခဲ့တာကြောင့် ဒီကနေ့ကတော့ သူ့ရဲ့ ၃၂ နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။ သူအရမ်းနှစ်သက်တဲ့ ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးနဲ့ မွေးရက်၊မွေးလချင်း တူညီနေတာဟာ ထူးခြားတဲ့အမှတ်တရ တစ်ခုပါလို့ ပရိသတ်တွေကို ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိမှာ ပြည်သူ့အချစ်တော် ဒေါင်း ဟာ ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရတာကြောင့် မြန်မာနိုင်ငံကို ပြန်လာလို့မရနိုင်ပဲ နိုင်ငံရပ်ခြားမှာပဲ နေထိုင်နေတာကြောင့် ချစ်တဲ့ပရိသတ်တွေက အရမ်းကိုလွမ်းနေကြတာပဲ ဖြစ်ပါတယ်။

ကဲ…စာဖတ်ပရိသတ်ကြီးရေ မင်းသားချော ဒေါင်း ရဲ့ ၃၂ နှစ်ပြည့်မွေးနေ့ကို ဆုတောင်းစကားလေးတွေ ကောမန့်မှာရေးသားသွားပေးခဲ့ပါအုန်းနော်။ မင်းသား ဒေါင်း လဲ ဒီနေ့မှာကျရောက်တဲ့ မွေးနေ့မှစပြီး လိုချင်တဲ့ဒီမိုကရေစီ ပန်းတိုင်ကို အမြန်ဆုံးရရှိပြီး ချစ်တဲ့ပရိသတ်တွေနဲ့ အမြန်ဆုံးပြန်လည်တွေ့ဆုံနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်၊

ZawGyi Version





Latest Posts

Don't Miss