Tuesday, December 6, 2022

Latest Posts

ဒေါ်လာ ၁.၆ သန်းတန်ဖိုးရှိ ဇိမ်ခံတိုက်ခန်းကို ၀ယ်ယူခဲ့တဲ့ မင်းသမီး Han So Hwee

Unicode Version

မီဒီယာများရဲ့ဖော်ပြချက်အရ ဖေဖော်ဝါရီ ၂၆ ရက်က မင်းသမီး Han So Hwee ဟာ 1.95 ဘီလီယံ (~ $1.6 million) တန်ဖိုးရှိ ဇိမ်ခံအိမ်ခန်းတစ်ခန်းကို Gyeonggi ခရိုင် Guri မြို့ရှိ Achiul ရွာတွင် ဝယ်ယူခဲ့တယ်လို့သိရပါတယ်။

မင်းသမီးကအဆိုပါ တိုက်ခန်းကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာမှာ ငွေသားဖြင့် ဝယ်ယူခဲ့ကြောင်း သိရပါတယ်။ ယခုလတွင် လက်ကျန်အကုန်လုံးများကိုဖြေရှင်းပြီးနောက်မှာ‌တော့တိုက်ခန်း ကိုသူမကိုလွှဲပြောင်းမှာပဲဖြစ်ပါတယ်။

Achiul ရွာ၏တည်နေရာ ကတော့ အနုပညာနှင့်ဖျော်ဖြေရေးတွင်ထိပ်တန်းပုဂ္ဂိုလ်များကိုဆွဲဆောင်ရန်အတွက် “ယဉ်ကျေးမှုရွာ” အဖြစ်ကြီးထွားလာတာပဲဖြစ်ပါတယ်။ မကြာသေးမီနှစ်များအတွင်းက ရွာအနီးတစ်ဝိုက်တွင် ဇိမ်ခံအိမ်သစ်အများအပြား ဆောက်လုပ်ပြီးစီးခဲ့တယ်လို့သိရပါတယ်။ မင်းသား Hyun Bin သည် ယမန်နှစ်က ရွာရှိ ဇိမ်ခံအိမ်တစ်လုံး ဝယ်ယူမှုအတွက် သတင်းတွေတောင်ထွက်ပေါ်လာပါသေးတယ်။

Han So Hwee သည် ယခုနှစ်နှောင်းပိုင်းတွင် သူမရဲ့ အက်ရှင်/သည်းထိတ်ရင်ဖိုဒရာမာအသစ်ဖြစ်တဲ့ ‘Gyeongseong Creature’ မှာပါ၀င်သွားမယ်လို့သိရပါတယ်။

Zawgyi Version

Achiul ရွာတွင် ဒေါ်လာ ၁.၆ သန်းတန်ဖိုးရှိ ဇိမ်ခံတိုက်ခန်းကို ၀ယ်ယူခဲ့တဲ့ မင်းသမီး Han So Hwee





Latest Posts

Don't Miss