Tuesday, December 6, 2022

Latest Posts

ဒရာမာ အသစ်အတွက် ဇာတ်ညွှန်း ဖတ်နေပြီဖြစ်ကြတဲ့ Soe Ye Jin၊ Jeon Mi Do၊Kim Ji Hyun

UNICODE VERSION

JTBC တွင်လာမည့် ဗုဒ္ဓဟူး ကြာသပတေး နေ့ တွင် ထုတ်လွှင့်တော့မည့် “39” ဒရာမာ အတွက် ဇာတ်ညွန်း ဖတ်ခြင်း ဗီဒီယို ကိုမျှ‌ဝေခဲ့တာပဲဖြစ်ပါတယ်။

“39” ဒရာမာ သည် အထက်တန်း ဒုတိယနှစ်တွင် တွေ့ဆုံခဲ့သည့် သူငယ်ချင်း သုံးယောက် ဟာ အသက် ၄၀ ပြည့်ခါနီးကို ရောက်လာခဲ့ကြတာပဲဖြစ်ပါတယ်။ ဇာတ်လမ်း ထဲမှာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီး သုံးဦး ရဲ့ အလှတရားတွေ စိတ်ခံစားချက်တွေကို ပုံစံတစ်မျိုးစီတင်ဆက်ပေးသွားမယ်လို့သိရပါတယ်။

ဒရာမာ အသစ်အတွက် ဇာတ်ညွှန်း ဖတ်နေပြီဖြစ်ကြတဲ့ Soe Ye Jin၊ Jeon Mi Do၊Kim Ji Hyun

ဂန်းနမ်း ရှိဆေးခန်းတစ်ခု၏ အရေးပြား အထူးကုဆရာ၀န် Cha Mi Jo အဖြစ် မင်းသမီး Soe Ye Jin ကသရုပ်ဆောင်ထားပါတယ်။ မင်းသမီး Jeon Mi Do ကတော့ သရုပ်ဆောင် ဆရာမ Jung Chan Young အဖြစ်သရုပ်ဆောင် ထားကာ အလှကုန်အရောင်းဆိုင် မန်နေဂျာ ဂျန်ဂျိုဟီး အဖြစ် Kim Ji Hyun က သရုပ်ဆောင် ထားတာပဲဖြစ်ပါတယ်။

မင်းသား‌ တွေအနေနဲ့ကာ တော့ Yeon Woon Jin၊ Lee Moo Saeng၊ နဲ့ Lee Tae Hwan တို့ဟာ မင်းသမီး သုံးယောက်နဲ့ အချစ်ရေး တင်းမာမှုတွေကိုဖန်တီးကြမှာပဲဖြစ်ပါတယ်။

ဇာတ်ညွှန်း ဖတ်တဲ့ JTBC ဗီဒီယို ထဲမှာဆိုရင်တော့ Son Ye Jin က ” ဒီဒရာမာထဲ ကဇာတ်ကောင် ကို မျှ‌ဝေခံစားနိုင်ပါတယ်။ဘာကြောင့်လည်းဆိုတော့ သူမလည်း ၃၉ နှစ်ရှိပါပြီ” လို့ပြောကြားခဲ့ပါတယ်။ Jeon Mi Do ကတော့ “သူမလည်း အသက် ၃၉ နှစ်ရှိပြီဖြစ်တာကြောင့်ဒီဇာတ်ရုပ် အတွက် ပြင်ဆင်ထားပြီးသားလိုပါဘဲ?လို့အရွှန်းဖောက်ကာပြောကြားခဲ့တာပဲဖြစ်ပါတယ်။ Kim Ji Hyun ကလည်း အသက် ၃၉ နှစ်ပြီဟု ၀န်ခံကာရယ်ရယ်မောမောနဲ့ပြောခဲ့ကြတာပဲဖြစ်ပါတယ်။

“39” ဒရာမာ ကိုတော့ JTBC တွင် ဖေဖေါ်၀ါရီ ၁၆ ရက်ည ၁၀ နာရီခွဲတွင်ပြသတော့မှာပဲဖြစ်ပါတယ်။

ZAWGYI VERSION







Latest Posts

Don't Miss