Tuesday, December 6, 2022

Latest Posts

ထောင်ဒဏ် 17 နှစ် နှ့“မကြုံစဖူး” ဒဏ်ကြေးပေးခံရမယ့် Kris Wu

UNICODE VERSION

Kris Wu သည် ထောင်ဒဏ် 17 နှစ် ကျခံရမည်ဖြစ်ပြီး မကြုံစဖူးသော ပမာဏ ဒဏ်ရိုက်ခံရမည်လို့သိရပါတယ်။ လက်ရှိမှာတော့ Kris Wu နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေက လူအများကို တုန်လှုပ်စေခဲ့ပါတယ်။

မကြာသေးမီက ဘလော့ဂါ တစ်ဦးသည် Kris Wu ခံရမည့် ထိတ်လန့်ဖွယ်ရာ ပြစ်ဒဏ်နှင့်ပတ်သက်သည့် အချက်အလက်များကို ရုတ်တရက် မျှဝေခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဏာပိုင်တွေရဲ့ အတည်ပြုချက်ကို စောင့်မျှော်နေရပါတယ်။ ဘလော့ဂါရဲ့ အစီရင်ခံစာအရ Wu Yi Fan ဟာ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံရမှာဖြစ်ပြီး လျော်ကြေးငွေ ယွမ် ၆ ဘီလီယံ ပေးဆောင်မယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာဟာ လူအများကို ထိတ်လန့်စေခဲ့တာပဲဖြစ်ပါတယ်။

ဒီသတင်းသာ အမှန်ဆိုရင်တော့Wu Yi Fanဟာ “မကြုံစဖူး” ဒဏ်ကြေးပေးခံရမည်ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဘလော့ဂါ ရဲ့ သတင်း‌တွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက မရှင်းလင်းသေးပါဘူး။

Kris Wu ကို မုဒိမ်းမှု သံသယနဲ့ ဖမ်းဆီးခံရချိန်မှာ လူမှုကွန်ရက်မှာတော့ အရွယ်မရောက်သေးသူတွေကို မုဒိမ်းကျင့်မှု၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ လိင်ကုန်ကူးမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လိင်ပွဲစား၊ စတဲ့အကြောင်းအရာတွေလည်း ပျံ့နှံ့လာခဲ့ပါသေးတယ်။ အမှန်ဟုတ်မဟုတ်ကိုတော့ ဘယ်သူကမှတော့ အတည်မပြုရသေးပါဘူး။

ZAWGYI VERSION






Latest Posts

Don't Miss