Friday, January 27, 2023

Latest Posts

ထိုင်းသံအမတ်မှ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာသို့ အလှူငွေများ လှူဒါန်း

Unicode Version

ခိုင်နှင်းဝေ ကတော့မိဘမဲ့ကလေးလေးတွေအတွက် ခိုင်”မိသားစု”ဂေဟာကိုလက်ရှိမှာ ဖွင့်လှစ်ထားပြီးတော့ ရင်ခွင်မဲ့ကလေးလေးတွေကို စောက်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ခိုင်နှင်းဝေ ဂေဟာကိုလည်း (၇) ရက်သားသမီး အလှူရှင်များစွာကလည်း တတ်နိုင်သလောက် အလှူငွေများ ထည့်ကူပေးလျက်ရှိတာကိုလည်း ကြည်နူးပီတိဖြစ်စွာတွေ့ရပါတယ် ။ . ခိုင်နှင်းဝေ ကတော့ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ လတ်တလောအခြေအနေတွေ အမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းနေတဲ့အပြင် အလှူငွေတွေလည်း တတ်နိုင်သလောက်လှူဒါန်းနေတာ တွေ့ရပါတယ်။ ဒီနေ့မှာတော့ ခိုင်နှင်းဝေ ရဲ့ ရင်သွေးလေးများဂေဟာကို ထိုင်းသံရုံးမှ သံအမတ်က အလှူငွေများပေးအပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ ထိုင်းသံရုံးမှ သံအမတ် Mrs. Suphatra Srimaitreephiithak မှ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာသို့ သွားရောက်၍ ကျပ်သိန်း ၂၀ ခန့် တန်ဖိုးရှိ ကလေးအသုံးအဆောင်ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ “ထိုင်းနိုင်ငံသံအမတ်ကြီးက ကလေးတွေအတွက် မေတ္တာလက်ဆောင်များ တန်ဖိုးကျပ်သိန်း ၂၀ ခန့်ကို လာရောက်လှူဒါန်းပေးပါတယ်ရှင်။ လိုအပ်တာတွေအတွက် ဆက်သွယ်ရန်ပြောပြီး အားပေးစကားများ ပြောကြားပေးသွားတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ကလေးတွေကို ချစ်ပေးကြတဲ့အတွက်လည်း ပီတိဖြစ်ရပါတယ်ရှင်” လို့ ခိုင်နှင်းဝေက ပြောပါတယ်။

ထိုင်းနိုင်ငံ သံအမတ်ကြီး Mrs. Suphatra Srimaitreephithak က ကလေးတွေ အတွက် မေတ္တာလက်ဆောင်များနဲ့ အတူ ငွေ ကျပ် သိန်း ၂၀ ခန့်ကို လာရောက် လှူဒါန်းပေးတဲ့သတင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးရေ… အလှူလေးကို သာဓုခေါ်ဆိုခဲ့ပါအုန်းနော်။

ZawGyi Version

ထိုင္းသံအမတ္မွ ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ားေဂဟာသို႔ အလႉေငြမ်ား လႉဒါန္း

ခိုင္ႏွင္းေဝ ကေတာ့မိဘမဲ့ကေလးေလးေတြအတြက္ ခိုင္”မိသားစု”ေဂဟာကိုလက္ရွိမွာ ဖြင့္လွစ္ထားၿပီးေတာ့ ရင္ခြင္မဲ့ကေလးေလးေတြကို ေစာက္ေရွာက္ေပးေနတာပဲ ျဖစ္ပါတယ္။ သူမရဲ႕ ခိုင္ႏွင္းေဝ ေဂဟာကိုလည္း (၇) ရက္သားသမီး အလႉရွင္မ်ားစြာကလည္း တတ္ႏိုင္သေလာက္ အလႉေငြမ်ား ထည့္ကူေပးလ်က္ရွိတာကိုလည္း ၾကည္ႏူးပီတိျဖစ္စြာေတြ႕ရပါတယ္ ။ . ခိုင္ႏွင္းေဝ ကေတာ့ လႉဒါန္းမႈေတြကိုလည္း ဆက္တိုက္ျပဳလုပ္ေနသူပဲ ျဖစ္ပါတယ္။ လတ္တေလာအေျခအေနေတြ အမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္ စားေသာက္ကုန္ေတြ ေပးေဝလႉဒါန္းေနတဲ့အျပင္ အလႉေငြေတြလည္း တတ္ႏိုင္သေလာက္လႉဒါန္းေနတာ ေတြ႕ရပါတယ္။ ဒီေန႔မွာေတာ့ ခိုင္ႏွင္းေဝ ရဲ႕ ရင္ေသြးေလးမ်ားေဂဟာကို ထိုင္းသံ႐ုံးမွ သံအမတ္က အလႉေငြမ်ားေပးအပ္ခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕ ထိုင္းသံ႐ုံးမွ သံအမတ္ Mrs. Suphatra Srimaitreephiithak မွ ခိုင္ႏွင္းေဝရဲ႕ ရင္ေသြးေလးမ်ားေဂဟာသို႔ သြားေရာက္၍ က်ပ္သိန္း ၂၀ ခန႔္ တန္ဖိုးရွိ ကေလးအသုံးအေဆာင္ပစၥည္းမ်ားကို လႉဒါန္းခဲ့ေၾကာင္း သိရပါတယ္။ “ထိုင္းႏိုင္ငံသံအမတ္ႀကီးက ကေလးေတြအတြက္ ေမတၱာလက္ေဆာင္မ်ား တန္ဖိုးက်ပ္သိန္း ၂၀ ခန႔္ကို လာေရာက္လႉဒါန္းေပးပါတယ္ရွင္။ လိုအပ္တာေတြအတြက္ ဆက္သြယ္ရန္ေျပာၿပီး အားေပးစကားမ်ား ေျပာၾကားေပးသြားတဲ့အတြက္လည္း ေက်းဇူးအထူးတင္ရွိပါတယ္။ ကေလးေတြကို ခ်စ္ေပးၾကတဲ့အတြက္လည္း ပီတိျဖစ္ရပါတယ္ရွင္” လို႔ ခိုင္ႏွင္းေဝက ေျပာပါတယ္။

ထိုင္းႏိုင္ငံ သံအမတ္ႀကီး Mrs. Suphatra Srimaitreephithak က ကေလးေတြ အတြက္ ေမတၱာလက္ေဆာင္မ်ားနဲ႔ အတူ ေငြ က်ပ္ သိန္း ၂၀ ခန႔္ကို လာေရာက္ လႉဒါန္းေပးတဲ့သတင္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။ ပရိသတ္ႀကီးေရ… အလႉေလးကို သာဓုေခၚဆိုခဲ့ပါအုန္းေနာ္။

Latest Posts

Don't Miss