Tuesday, November 29, 2022

Latest Posts

ထိုင်းနိုင်ငံရှိ ပရိသတ်များ၏ မဲပေးရွေးချယ်မှုအရ ရေပန်းအစားဆုံး K-pop အဖွဲ့ ၅ဖွဲ့

UNICODE VERSION

Lisa ၏မွေးရပ်မြေ ထိုင်းနိုင်ငံတွင် BLACKPINK သည် ဤစစ်တမ်းရလဒ်အပေါ်အခြေခံ၍ လူကြိုက်များမှုတွင် နံပါတ် ၁ နေရာတွင် မပါသည်မှာ အံသြစရာဖြစ်လို့နေပါတယ်။ ထိုင်းနိုင်ငံသည် ကိုရီးယားတွင် ပွဲဦးထွက် idol အများအပြားရှိတဲ့ မွေးရပ်နိုင်ငံမဟုတ်ပေမယ့်လည်း ထိုင်း Idol အများစုဟာ K-pop အဖွဲ့များ၏ အပြောင်မြောက်ဆုံးအဖွဲ့ဝင်များထဲတွင်ပါ၀င်လာတာပဲဖြစ်ပါတယ်။

BLACKPINK ၊ GOT7 ၊ WayV…စတဲ့ အဖွဲ့တွေဟာ ထိုင်းနိုင်ငံမှ အဖွဲ့ဝင်များ ပါ၀င်ထားတဲ့ အကျော်ကြားဆုံးအဖွဲ့တွေပဲဖြစ်ပါတယ်. Idol Champ က မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းရလဒ်တွေအရ သူတို့ဟာ ထိုင်းနိုင်ငံရဲ့ ရေပန်းအစားဆုံးအဖွဲ့တွေကိုဖော်ပြလိုက်ပါတယ်။

၁ GOT7

GOT7

BamBam ဟာ ထိုင်းနိုင်ငံတွင် များပြားလှသော ပရိသတ်များရှိသောကြောင့် GOT7 သည် မဲအရေအတွက် အမြောက်အများရရှိခဲ့တာပဲဖြစ်ပါတယ်။ မဲအရေအတွက် 47.02% ဖြင့်ထိုင်းနိုင်ငံအတွင်းGOT7 ဟာ နံပါတ် ၁ ရေပန်းအစားဆုံးအဖွဲ့ဖြစ်ပါတယ်။ လက်ရှိမှာတော့ GOT7 ဟာ JYP က ထွက်ခွာသွားပြီဖြစ်ပြီး အဖွဲ့ဝင်တွေဟာ တစ်ကိုယ်တော် အနုပညာရှင်တွေအဖြစ် ပရိုမိုးရှင်းတွေ လုပ်ဆောင်နေလျှက်ရှိပါတယ်။

၂ NCT 127

NCT 127

အဖွဲ့ဝင်တစ်ဦးမှ ထိုင်းလူမျိုးမဟုတ်သော်လည်းNCT 127 ဟာ မဲစုစုပေါင်း၏ 28.88% ဖြင့် ဒုတိယနေရာ ကိုရရှိခဲ့ပါတယ်။ 2021 ခုနှစ်တွင် ၎င်းတို့၏ အထင်ကြီးလောက်စရာ ရုပ်ရည်များပိုင်ဆိုင်ထားမှုကြောင့် fanbase ကတိုးလာနေတာပဲဖြစ်ပါတယ်။

၃ Stray Kids

Stray Kids

Stray Kids အဖွဲ့ကတော့ မဲများ၏ 7.64% ရရှိပြီး အဆင့် 3နေရာကိုရောက်ရှိခဲ့ပါတယ်။ Stray Kids အဖွဲ့ကတော့ K-pop အဖွဲ့များကြားတွင် ထူးထူးခြားခြား ဂီတနှင့် စွဲမက်ဖွယ်ကောင်းသော ဖျော်ဖြေမှုများကြောင့် ထင်ရှားပါတယ်။

၄ WayV

နံပါတ် (၄) နေရာကိုတော့ WayV အဖွဲ့က မဲ 4.63% ရခဲ့တာပဲဖြစ်ပါတယ်။ WayVအဖွဲ့တွငိ ထိုင်းနိုင်ငံမှ ပါ၀င်လာတဲ့ အဖွဲ့၀င် Ten သည် ထူးချွန်သောစွမ်းရည်နှင့် ကျက်သရေရှိမှုကြောင့် “ace” ဟု သတ်မှတ်ခံခဲ့ရပါတယ်။ Ten သည် ထိုင်းနိုင်ငံတွင် ရေးပန်းစားလာပြီး WayVအဖွဲ့ဟာ နံပါတ် (၄) နေရာကို ရောက်ရှိခဲ့တဲ့အကြီးမားဆုံးအကြောင်းအရင်းလည်းဖြစ်နိုင်တယ်ဆိုတာတော့ငြင်းရက်စရာမရှိပါဘူးနော်။

၅ BLACKPINK

BLACKPINK သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျော်ကြားသောအဖွဲ့တစ်ဖွဲ့ဖြစ်သော်လည်း ထိုင်းနိုင်ငံမှာတော့ မဲစုစုပေါင်း၏ 2.48% ဖြင့် အဆင့် 5 နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ Lisa သည် သူမ၏မွေးရပ်မြေတွင် ငြင်းမရလောက်အောင် ရေပန်းစားနေသော်လည်း တစ်ဖွဲ့လုံး၏ကျော်ကြားမှုအရ BLACKPINK သည် ယောက်ျားလေးအဖွဲ့များ၏ အဆင့်ထက်နိမ့်နေတာကို အံသြဖို့ကောင်း‌အောင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

ZAWGYI VERSION




၁ GOT7


၂ NCT 127


၃ Stray Kids


၎ WayV


၅ BLACKPINK


Latest Posts

Don't Miss