Monday, November 28, 2022

Latest Posts

ထိုင်းနိုင်ငံရဲ့ အွန်လိုင်းတွင် Lisa ရဲ့ အရက်ကြော်ငြာပျံနှံ့နေတာကြောင့်စုံးစမ်းမှုများပြုလုပ်နေ

Unicode Version

ထိုင်းအာဏာပိုင်များဟာ BLACKPINK အဖွဲ့ဝင် Lisa ပါ၀င်တဲ့ အရက်ကြော်ငြာဓာတ်ပုံနဲ့ ဗီဒီယိုတွေဟာ အွန်လိုင်းမှာပျံ့နှံ့နေတာကြောင့် စုံစမ်းစစ်ဆေးနေကြတယ်လို့ ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့ပါတယ်။

ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ မီဒီယာပလက်ဖောင်းအားလုံးမှာ အရက်ကြော်ငြာခြင်းကိုပိတ်ပင်ထားတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် သူမရဲ့ ရက်ကြော်ငြာများ ပျံ့နှံ့မှုကိုစုံစမ်းစစ်ဆေးနေတာပဲဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်များဟာ Lisa ရဲ့ အရက်ကြော်ငြာအကြောင်းအရာကို အွန်လိုင်းတွင် မျှဝေခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ထိုင်းအာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြတာပါ။

မတ် ၁၇ ရက်တွင် Bangkok Post and Nation သတင်းဌာနရဲ့ ဖော်ပြချက်အရ ထိုင်းနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (OACC) သည် လီဆာရဲ့ အရက်ကြော်ငြာဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်ပြီး ပျံ့နှံ့အောင်လုပ်တဲ့သူကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့တာပဲဖြစ်ပါတယ်။

Lisaဟာ မကြာသေးမီကScotch ဝီစကီအမှတ်တံဆိပ် ‘Chivas Regal’ အတွက်ပြောရေးဆိုခွင့်ရှိသူအဖြစ်သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။ Lisa ရဲ့ ဝီစကီကို ကြော်ငြာနေတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေဟာ ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေတယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။

netizens တွေက Lisa ဟာ အရက်ကြော်ငြာဖို့ သင့်တော်ရဲ့လား၊ Lisa ကို တခြားနာမည်ကျော်တွေလို အပြစ်ပေးခံရမလားဆိုတာကို သိချင်နေကြတယ်လို့ Nation က ဖော်ပြခဲ့ပါတယ်။

Nation က OACC သည် Lisa ၏ အရက်ကြော်ငြာဟာ ဆက်စပ်ဥပဒေများကို ချိုးဖောက်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Kachonsak Kaewcharat ကကြော်ငြာများတွင် Lisaရဲ့ အသွင်အပြင်ဟာ ထိုင်းနိုင်ငံလိုမျိုးအရက်ကြော်ငြာများကို ကန့်သတ်ထားခြင်းမရှိတဲ့ အခြားနိုင်ငံတွေရဲ့ ဥပဒေကိုတေ့ ချိုးဖောက်ခြင်းမျိုး မရှိပါဘူးလို့ပြောခဲ့ပါတယ်။

၂၀၀၈ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သော ထိုင်းနိုင်ငံ၏ ယမကာထိန်းချုပ်ရေးအက်ဥပဒေ ပုဒ်မ ၃၂ တွင် အရက်အရောင်းမြှင့်တင်ခြင်းအပြင် အရက်ပါ၀င်သည့် ဖန်ခွက်များပြသခြင်း သို့မဟုတ် အချို့သော အရက်ယမကာအမှတ်တံဆိပ်များကို ပြသခြင်းကိုလည်း တားမြစ်ထားတာပဲဖြစ်ပါတယ်။ အခြားသူများကို အရက်သောက်ရန် အားပေးခြင်းကိုလည်း ခွင့်မပြုထားဘူးလို့သိရပါတယ်။

ဤစည်းကမ်းချက်ကို ဖောက်ဖျက်ပါက ဒဏ်ငွေ ဘတ် ၅၀၀,၀၀၀ (ဒေါ်လာ ၁၅,၀၅၂ ခန့်)၊ ထောင်ဒဏ် တစ်နှစ်အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်တွင် အရက်နှင့်ပတ်သက်သည့် ဓာတ်ပုံများတင်ခြင်းသည် ကြီးမားသော ဒဏ်ရိုက်ခံရနိုင်သည်ဟူသောအချက်ကို အချို့ netizens တွေက အာဏာပိုင်များကို‌ေ၀ဖန်ခဲ့ပြီး “ဒါက သာမန်လူမဟုတ်တဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့သာသက်ဆိုင်ပါတယ်”လို့ သူတို့ရဲ့ အမြင်များကိုမျှ‌ေ၀ခဲ့ကြတာပဲဖြစ်ပါတယ်။

Zawgyi Version

ထိုင္းႏိုင္ငံရဲ႕ အြန္လိုင္းတြင္ Lisa ရဲ႕ အရက္ေၾကာ္ျငာပ်ံႏွံ႔ေနတာေၾကာင့္စုံးစမ္းမႈမ်ားျပဳလုပ္

ထိုင္းအာဏာပိုင္မ်ားဟာ BLACKPINK အဖြဲ႕ဝင္ Lisa ပါ၀င္တဲ့ အရက္ေၾကာ္ျငာဓာတ္ပုံနဲ႔ ဗီဒီယိုေတြဟာ အြန္လိုင္းမွာပ်ံ႕ႏွံ႔ေနတာေၾကာင့္ စုံစမ္းစစ္ေဆးေနၾကတယ္လို႔ ေဒသတြင္းမီဒီယာမ်ားက ေဖာ္ျပခဲ့ပါတယ္။

ဗုဒၶဘာသာႏိုင္ငံျဖစ္တဲ့ ထိုင္းႏိုင္ငံဟာ မီဒီယာပလက္ေဖာင္းအားလုံးမွာ အရက္ေၾကာ္ျငာျခင္းကိုပိတ္ပင္ထားတာပဲျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ သူမရဲ႕ ရက္ေၾကာ္ျငာမ်ား ပ်ံ႕ႏွံ႔မႈကိုစုံစမ္းစစ္ေဆးေနတာပဲျဖစ္ပါတယ္။

ထိုင္းအာဏာပိုင္မ်ားဟာ Lisa ရဲ႕ အရက္ေၾကာ္ျငာအေၾကာင္းအရာကို အြန္လိုင္းတြင္ မွ်ေဝျခင္းႏွင့္ပတ္သက္၍ စုံစမ္းစစ္ေဆးမႈျပဳလုပ္ရန္ ထိုင္းအာဏာပိုင္မ်ားက ဆုံးျဖတ္ခဲ့ၾကတာပါ။

မတ္ ၁၇ ရက္တြင္ Bangkok Post and Nation သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ထိုင္းႏိုင္ငံ၏ က်န္းမာေရးဝန္ႀကီးဌာန ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးဗဟိုဌာန (OACC) သည္ လီဆာရဲ႕ အရက္ေၾကာ္ျငာဓာတ္ပုံ သို႔မဟုတ္ ဗီဒီယိုမ်ားကို လူမႈကြန္ရက္ေပၚတြင္ လႊင့္တင္ၿပီး ပ်ံ႕ႏွံ႔ေအာင္လုပ္တဲ့သူကို စုံစမ္းစစ္ေဆးရန္ ၫႊန္ၾကားခဲ့တာပဲျဖစ္ပါတယ္။

Lisaဟာ မၾကာေသးမီကScotch ဝီစကီအမွတ္တံဆိပ္ ‘Chivas Regal’ အတြက္ေျပာေရးဆိုခြင့္ရွိသူအျဖစ္သေဘာတူညီခ်က္တစ္ခု လက္မွတ္ေရးထိုးခဲ့ပါတယ္။ Lisa ရဲ႕ ဝီစကီကို ေၾကာ္ျငာေနတဲ့ ဓာတ္ပုံနဲ႔ ဗီဒီယိုေတြဟာ ဆိုရွယ္မီဒီယာမွာ က်ယ္က်ယ္ျပန႔္ျပန႔္ပ်ံ႕ႏွံ႔ေနတယ္လို႔ မီဒီယာေတြက ေဖာ္ျပၾကပါတယ္။

netizens ေတြက Lisa ဟာ အရက္ေၾကာ္ျငာဖို႔ သင့္ေတာ္ရဲ႕လား၊ Lisa ကို တျခားနာမည္ေက်ာ္ေတြလို အျပစ္ေပးခံရမလားဆိုတာကို သိခ်င္ေနၾကတယ္လို႔ Nation က ေဖာ္ျပခဲ့ပါတယ္။

Nation က OACC သည္ Lisa ၏ အရက္ေၾကာ္ျငာဟာ ဆက္စပ္ဥပေဒမ်ားကို ခ်ိဳးေဖာက္ျခင္း ရွိ၊ မရွိ စုံစမ္းစစ္ေဆးေနတယ္လို႔သိရပါတယ္။ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးဗဟိုဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉး Kachonsak Kaewcharat ကေၾကာ္ျငာမ်ားတြင္ Lisaရဲ႕ အသြင္အျပင္ဟာ ထိုင္းႏိုင္ငံလိုမ်ိဳးအရက္ေၾကာ္ျငာမ်ားကို ကန႔္သတ္ထားျခင္းမရွိတဲ့ အျခားႏိုင္ငံေတြရဲ႕ ဥပေဒကိုေတ့ ခ်ိဳးေဖာက္ျခင္းမ်ိဳး မရွိပါဘူးလို႔ေျပာခဲ့ပါတယ္။

၂၀၀၈ ခုႏွစ္တြင္ စတင္အသက္ဝင္ခဲ့ေသာ ထိုင္းႏိုင္ငံ၏ ယမကာထိန္းခ်ဳပ္ေရးအက္ဥပေဒ ပုဒ္မ ၃၂ တြင္ အရက္အေရာင္းျမႇင့္တင္ျခင္းအျပင္ အရက္ပါ၀င္သည့္ ဖန္ခြက္မ်ားျပသျခင္း သို႔မဟုတ္ အခ်ိဳ႕ေသာ အရက္ယမကာအမွတ္တံဆိပ္မ်ားကို ျပသျခင္းကိုလည္း တားျမစ္ထားတာပဲျဖစ္ပါတယ္။ အျခားသူမ်ားကို အရက္ေသာက္ရန္ အားေပးျခင္းကိုလည္း ခြင့္မျပဳထားဘူးလို႔သိရပါတယ္။

ဤစည္းကမ္းခ်က္ကို ေဖာက္ဖ်က္ပါက ဒဏ္ေငြ ဘတ္ ၅၀၀,၀၀၀ (ေဒၚလာ ၁၅,၀၅၂ ခန႔္)၊ ေထာင္ဒဏ္ တစ္ႏွစ္အထိ သို႔မဟုတ္ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္ပါတယ္။

ဆိုရွယ္မီဒီယာေပၚတြင္ အရက္ႏွင့္ပတ္သက္သည့္ ဓာတ္ပုံမ်ားတင္ျခင္းသည္ ႀကီးမားေသာ ဒဏ္႐ိုက္ခံရႏိုင္သည္ဟူေသာအခ်က္ကို အခ်ိဳ႕ netizens ေတြက အာဏာပိုင္မ်ားကို‌ေ၀ဖန္ခဲ့ၿပီး “ဒါက သာမန္လူမဟုတ္တဲ့ နာမည္ႀကီးပုဂၢိဳလ္ေတြနဲ႔သာသက္ဆိုင္ပါတယ္”လို႔ သူတို႔ရဲ႕ အျမင္မ်ားကိုမွ်‌ေ၀ခဲ့ၾကတာပဲျဖစ္ပါတယ္။

Latest Posts

Don't Miss