Monday, November 28, 2022

Latest Posts

ထပ်မံ ကွယ်လွန်သွားတဲ့ ဝါရင့်ဇာတ်ပို့ သရုပ်ဆောင် မကြူ

Unicode Version

ပရိသတ်ကြီးရေ ဒီနေ့ကတော့ ဝမ်းနည်းစရာနေ့လေးတစ်နေ့ ပဲဖြစ်ပါတယ်။ ကိုဗစ်ကြောင့် မြန်မာရုပ်ရှင်လောကက အနုပညာကြယ်ပွင့်တွေကတော့ ကြွေနေတာကို စိတ်မကောင်းစွာသိရပါတယ်။ ဒီနေ့မှာတော့ ရုပ်ရုပ်ကားတွေမှာ ဇာတ်ကားမှာပိုင်ပိုင်နိုင်နိုင် ဇာတ်ပို့နိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင် မကြူ ကွယ်လွန်သွားပါတယ်။

မကြူ ကနေ့ ဒီနေ့ ဩဂုတ် ၂ ရက်နေ့တွင် ကွသူမနေထိုင်ရာ သန်လျင်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ အနုပညာလောကက သရုပ်ဆောင်တစ်ယောက်ကတော့ “စိန်ပဲကျော် တို့ရဲ့ အနုပညာရှင်တွေကုန်ပါပြီ၊ အမေ ကြူ ရေ တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်၊ အမေ ကြူ ဂရုစိုက်နော် အမေ့ဆီမှာ ဆီးချိုရှိတယ်နော် အေးပါသားပဲလေးရယ် ဆိုပြီးဖုန်းဆက်ပြီးစကားတွေတောင်ပြောခဲ့ကြသေးတယ် အခုတော့ RIP ပါ အမေ ကြူ ကောင်းရာသုဂတိသို့ရောက်ပါစေ ” လို့ရေးသားထားပါတယ်။

မကြူ ကွယ်လွန်သွားတဲ့အတွက် ပရိသတ်နဲ့ထပ်တူဝမ်းနည်းရပါတယ်။ မကြူ ကောင်းရာမွန်ရာရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss