Monday, November 28, 2022

Latest Posts

တွတ်ပီ လှူစေချင်တဲ့ (ပြည်)အကောက်တောင်မှာ လှူဒါန်းပေးခဲ့တဲ့ မေမေ ခင်မြတ်မွန်

Unicode Version

ပရိသတ်ကြီးရေ နာမည်ကြီး ရော့ခ်အဆိုတော်တစ်ဦးဖြစ်တဲ့ ရေမွန်(တွတ်ပီ) ကတော့ အမှန်တရားအတွက် တိုက်ပွဲဝင်ရင်း တောတွင်းတစ်နေရာမှာ အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ကွယ်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။ ရေမွန် ကွယ်လွန်သွားခဲ့တာဆိုရင်တော့ ၆လပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ ကွယ်လွန်သွားခဲ့တာ ၆ လကြာမြင့်ခဲ့ပေမယ့် မိခင်ဖြစ်သူနဲ့ ပရိသတ်တွေကတော့ ယနေ့အထိလွမ်းဆွတ်တမ်းတ အောက်မေ့သတိရနေဆဲပဲဖြစ်ပါတယ်။ ရေမွန် မကွယ်လွန်ခင်အချိန်ထဲက လှူဒါန်းချင်တဲ့ နေရာတစ်ခုရှိခဲ့ပါတယ်။ ဒါကြောင့်လဲ မိခင်ဖြစ်သူက ကွယ်လွန်တာ ၆လပြည့်တဲ့နေ့မှာ တွတ်ပီလှူဒါန်းချင်တဲ့ ပြည်မြို့မှာ တည်ရှိတဲ့ အကောက်တောင်ဘုရားကို သွားရောက်လှူဒါန်းပေးခဲ့တဲ့အကြောင်းကို အခုလိုပဲရေးသားထားပါတယ်။

” ဘပီဆုံး ကတည်းက စိတ်ကောလူကော အရမ်းပင်ပန်းထားလို့ စိတ်ထွက်ပေါက်အနေနဲ့ ခရီးလေးလဲထွက်ရင်း သူလှူစေချင်တ့ဲ( ပြည် )အကောက်တောင်မှာ သူ့အတွက်ရည်စူးပီး ဘုန်းဘုန်း ၂ပါးကို သင်္ကန်း န၀ကမ္မအလှူငွေ မုန့်ဆွမ်း သစ်သီးဆွမ်းကပ်လှူခ့ဲပါတယ် နဂါးတို့ ပျော်စံရာ နဂါးသိုက်မှာလဲနို့ နဲ့ ပေါက်ပေါက်ဆုပ် လှူခ့ဲပါတယ် ဘပီလေး ကုသိုလ်တွေ အများကြီးရပါစေ …တွတ်ပီရဲ့(၆)လပြည့်မှာ..ဦးဇင်းသဒ္ဓမ္မ ဂုဏ်ရည်ဆရာတော်ရဲ့ ကူညီပို့ဆောင်မှုကျေးဇူးနဲ့ အခက်အခဲတွေအများကြီးကြားက အကောက်တောင်ဘုရားထိ အောင်အောင်မြင်မြင် သွားရောက်လှူဒါန်းနိုင်ခဲ့လို့ အစစကျေးဇူးပါ..သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တ ပညာသာရဘုန်းဘုန်းကြီး (သက်တော် ၁၀၅ နှစ်)ထံသို့လဲ ဝင်ရောက်ဖူးမျှော်လှူဒါန်း..ဘုန်းဘုန်းကြီးကျောင်းဝင်းထဲရှိ ရွှေတိဂုံစေတီမြတ်နှင့်ပုံတူစေတီတော် တည်ထားရန်အတွက်လဲ အလှူငွေလှူဒါန်းခဲ့ပါတယ်.ပြုသမျှ ကုသိုလ်အားလုံးကို အမျှပေးဝေပါတယ်..တွတ်ပီလဲရောက်ရာ၊ကြားရာအရပ်မှဝမ်းမြောက်စွာ သာဓုခေါ်ပါ တွတ်ပီရဲ့ ဆန္ဒအတိုင်းဒီတစ်နေ့တာလုံး ပြုပေးခဲ့တဲ့အလှူဒါနများအတွက် သားလဲကျေနပ်ဝမ်းသာ ပီတိဖြစ်‌ပေးပါ မေမေ့တာဝန်ကျေတယ်နော် !ချစ်တယ် ပြီးတော့..အရမ်းလွမ်းတယ် တွတ်ပီရေ.တနိုင်တပိုင်အလှူငွေပို့ပေးခဲ့တဲ့ မေ(သရုပ်ဆောင်/တေးဆို) ကိုလဲ ကျေးဇူးပါ.သာဓုခေါ်ပါသမီးရေ..ပြည်မြို့ရဲ့မြို့ခံ (special guide) တူမတော် ကြည်ပြာနွေ..ကျေးဇူးဘဲဟေ့ ..” ရေမွန် မိခင် ဒေါ်ခင်မြတ်မွန် ကသူမရဲ့အကောင့်မှာ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။

ကဲ … Cele Only ပရိသတ်ကြီးရေ အဆိုတော် ရေမွန် (ဘပီ) ကွယ်လွန်သွားခဲ့တာ အခုဆိုရင်တော့ ၆လပြည့်ပြီပဲ ဖြစ်ပါတယ်။ စိတ်ဖြောင့်ဖြောင့် နဲ့ ချန်ခဲ့တဲ့ ပရိသတ်အချစ်တော် ရေမွန် ကောင်းရာမွန်ရာရောက်ပါစေလို့ ကောမန့်မှာဆုတောင်းပေးခဲ့ပါအုန်းနော်။

ZawGyi Version



” ဘပီဆုံး ကတည်းက စိတ်ကောလူကော အရမ်းပင်ပန်းထားလို့ စိတ်ထွက်ပေါက်အနေနဲ့ ခရီးလေးလဲထွက်ရင်း သူလှူစေချင်တဲ့( ပြည် )အကောက်တောင်မှာ သူ့အတွက်ရည်စူးပီး ဘုန်းဘုန်း ၂ပါးကို သင်္ကန်း န၀ကမ္မအလှူငွေ မုန့်ဆွမ်း သစ်သီးဆွမ်းကပ်လှူခဲ့ပါတယ် နဂါးတို့ ပျော်စံရာ နဂါးသိုက်မှာလဲနို့ နဲ့ ပေါက်ပေါက်ဆုပ် လှူခဲ့ပါတယ် ဘပီလေး ကုသိုလ်တွေ အများကြီးရပါစေ …တွတ်ပီရဲ့(၆)လပြည့်မှာ..ဦးဇင်းသဒ္ဓမ္မ ဂုဏ်ရည်ဆရာတော်ရဲ့ ကူညီပို့ဆောင်မှုကျေးဇူးနဲ့ အခက်အခဲတွေအများကြီးကြားက အကောက်တောင်ဘုရားထိ အောင်အောင်မြင်မြင် သွားရောက်လှူဒါန်းနိုင်ခဲ့လို့ အစစကျေးဇူးပါ..သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တ ပညာသာရဘုန်းဘုန်းကြီး (သက်တော် ၁၀၅ နှစ်)ထံသို့လဲ ဝင်ရောက်ဖူးမျှော်လှူဒါန်း..ဘုန်းဘုန်းကြီးကျောင်းဝင်းထဲရှိ ရွှေတိဂုံစေတီမြတ်နှင့်ပုံတူစေတီတော် တည်ထားရန်အတွက်လဲ အလှူငွေလှူဒါန်းခဲ့ပါတယ်.ပြုသမျှ ကုသိုလ်အားလုံးကို အမျှပေးဝေပါတယ်..တွတ်ပီလဲရောက်ရာ၊ကြားရာအရပ်မှဝမ်းမြောက်စွာ သာဓုခေါ်ပါ တွတ်ပီရဲ့ ဆန္ဒအတိုင်းဒီတစ်နေ့တာလုံး ပြုပေးခဲ့တဲ့အလှူဒါနများအတွက် သားလဲကျေနပ်ဝမ်းသာ ပီတိဖြစ်‌ပေးပါ မေမေ့တာဝန်ကျေတယ်နော် !ချစ်တယ် ပြီးတော့..အရမ်းလွမ်းတယ် တွတ်ပီရေ.တနိုင်တပိုင်အလှူငွေပို့ပေးခဲ့တဲ့ မေ(သရုပ်ဆောင်/တေးဆို) ကိုလဲ ကျေးဇူးပါ.သာဓုခေါ်ပါသမီးရေ..ပြည်မြို့ရဲ့မြို့ခံ (special guide) တူမတော် ကြည်ပြာနွေ..ကျေးဇူးဘဲဟေ့ ..” ရေမွန် မိခင် ဒေါ်ခင်မြတ်မွန် ကသူမရဲ့အကောင့်မှာ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။


Latest Posts

Don't Miss