Tuesday, December 6, 2022

Latest Posts

တေးသံရှင် မိုးထက်မြင့်ရဲ့ဖခင်ဖြစ်သူ ကိုဗစ်ရောဂါဖြင့် ယနေ့ ဆုံးပါးကွယ်လွန်

UNICODE VERSION

ပရိတ်သတ်ကြီးတို့ရေ သရုပ်ဆောင်/တေးသံရှင် မိုးထက်မြင့်ကတော့ မြန်မာသံသီချင်းတွေအပြင် သီချင်းအေးအေးလေးတွေကို ပရိတ်သတ်နားထဲကို စီးမျောသွားအောင် သီဆိုတတ်တဲ့ အဆိုတော်ဖြစ်ပြီး အားပေးကြိုက်နှစ်သက်ခဲ့ကြရတဲ့ ပရိတ်သတ်တွေလည်း ရှိလို့နေပါတယ်ခင်ဗျာ။

တေးသံရှင် မိုးထက်မြင့်ရဲ့ဖခင်ဖြစ်သူ ကိုဗစ်ရောဂါဖြင့် ယနေ့ ဆုံးပါးကွယ်လွန်

ကိုမိုးထက်မြင့်ရဲ့ဖခင်ဟာ ဒီကနေ့ စက်တင်ဘာ ၁၄ ရက်နေ့မှာ Covid ရောဂါနဲ့ ဆုံးပါးသွားကြောင်း စိတ်မကောင်းစွာနဲ့ ပရိတ်သတ်ကြီးတို့အတွက် တင်ပြပေးလိုက်ရပါတယ်။ ကိုမိုးထက်မြင့်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း
”အမေ့ကို ဘယ်လိုပြောရမလဲ သားတာဝန်မကျေဘူး အဖေဆုံးပြီ 14-9-2021” ဆိုပြီးတော့ ဝမ်းနည်းကြေကွဲစွာဖြင့် ပို့စ်တင်ထားတာကိုလည်း ‌ထပ်တူစိတ်မကောင်းခြင်းများစွာ ဖြစ်ခဲ့ရပါတယ်။ အားတင်းထားပါ ကိုမိုးထက်မြင့်ရေ
မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရပါတယ်ခင်ဗျာ။

တေးသံရှင် မိုးထက်မြင့်ရဲ့ဖခင်ဖြစ်သူ ကိုဗစ်ရောဂါဖြင့် ယနေ့ ဆုံးပါးကွယ်လွန်

ချစ်ရတဲ့ ပရိတ်သတ်ကြီးတို့ရေ ကိုမိုးထက်မြင့်ရဲ့ ရင်ထဲမှာ ဘယ်လောက်တောင် ပူပင်သောကများနေမလဲခင်ဗျာ။ ကိုမိုးထက်မြင့်ရဲ့ ချစ်ရတဲ့ပရိတ်သတ်တွေကလည်း ကွန်မန့်မှာ အားပေးစကားလေးတွေ ‌ပြောခဲ့ပေးကြပါဦးနော်။

အချိန်ပေးပြီး ဖတ်ရှုပေးခဲ့တဲ့ ပရိတ်သတ်ကြီးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။
သာယာလှပတဲ့ နေ့လေးကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါစေလို့လည်း ဆုတောင်းပေးပါတယ်ခင်ဗျာ။

zawgyi version






Latest Posts

Don't Miss