Tuesday, December 6, 2022

Latest Posts

တောထဲက ရဲဘော်များကို ရိက္ခာပို့ရင်း ခရစ်စမတ်ပွဲလေး ကျင်းပခဲ့တဲ့ မိုင်းမိုင်ဆိုင်း

Unicode Version

Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယျဥ်ပြိုင်ခဲ့ပြီး ရော့ခ်သီချင်းတွေကို သီဆိုရတာကြိုက်နှစ်သက်သူလေးကတော့ တိုင်းရင်းသူလေး မိုင်းမိုင်ဆန် ပဲဖြစ်ပါတယ်။ သူမဟာအသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ရော့ခ်သီချင်းတွေကို အများဆုံးသီဆိုလေ့ရှိပါတယ်။ ပြိုင်ပွဲမှာဆိုရင်လဲ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို အများကြီးရရှိခဲ့တာကြောင့် အဆင့်တိုင်းမှာ အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ Winner မဖြစ်ခဲ့ပေမယ့် သူမကိုချစ်တဲ့ ပရိသတ်များစွာကို ရရှိခဲ့ပါတယ်နော်။ ဒါအပြင် မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာ အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်နေသူလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက ပိုမိုချစ်ခင်ရပြန်ပါတယ်။ မိုင်းမိုင် ဟာ လွတ်မြောက်နယ်မြေကို ရိက္ခာပို့ဆောင်ရင်း ခရစ်စမတ်ပွဲ‌လေးကျင်းပဖြစ်တဲ့အကြောင်းကို အခုလိုပဲရေးလာပါတယ်။


” တောထဲက ရဲဘော်များနဲ့Christmas သေးသေးလေး ရိက္ခပို့ရင်း နဲ့အားပေး ရိက္ခာကတော့ အလှူရှင်တွေကြောင့်ပေါ့ကျနော်ကတော့ သူတို့ကို ခနတာအားပေးပျော်ရွှင်မှုကလွဲပြီး ဘာမှ မလုပ်ပေးနိုင်ပါဘူး ဒါကြောင့် အလှူရှင်တွေအယောက်စီတိုင်းရင်ထဲ ကနေ ကျေးဇူးတင်လျက်ပါ နင်တို့ကကျဘာလို့ Christmas ပျော်နေလဲဆိုပြီး မပြောကြပါနဲ့နော် သူတို့မှာ ပျော်လို့ရတဲ့နှစ်တွေ က ခပ်ရှားရှားပါ မနာမလိုကြေး လုပ်ပေးနိုင်တုန်း ပျော်ရွှင်မှုပေးနိုင်တုန်းလေး ပေးရတယ်လို့ မှတ်ယူပေးကြပါနော် ..ပြီးရင်သူတို့လုပ်ရတဲ့အလုပ်တွေ က ကိုယ်‌ တွေမလုပ်နိုင်တဲ့အရာတွေပါအရမ်းချစ်တယ် KIA နဲ့ PDF ရဲဘော်တို့ ရေ” လို့ဓာတ်ပုံလေးတွေနဲ့အတူ မိုင်းမိုင်ဆိုင်း ဟာသူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့သတင်းလေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

စာဖတ်ပရိသတ်ကြီးရေ လွတ်မြောက်နယ်မြေမှာ ခရစ်စမတ်ပွဲလေးကျင်းပခဲ့တဲ့ မိုင်းမိုင်တို့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ အဆိုတော် မိုင်းမိုင်ဆိုင်း လဲ လွတ်မြောက်နယ်မြေမှာ ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ZawGyi Version






Latest Posts

Don't Miss