Sunday, November 27, 2022

Latest Posts

တိုင်းရင်းသားနယ်မြေက ညီကိုမောင်နှမတွေကို အားနာနေတဲ့ လူရွှင်တော် တိုင်းကျော်

Unicode Version

Cele Only ပရိသတ်ကြီးရေ အမှန်တရားဘက်တော်သားတွေဖြစ်ကြတဲ့ ဟားငါးကောင် တို့ ငါးဦးဟာ တတ်ညီလက်ညီနဲ့ အာဏာရှင်ကိုတွန်းလှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အာဏာစသိမ်းတဲ့အချိန်ကစပြီး အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ အစောဆုံးရပ်တည်ခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။

တိုင်းရင်းသားနယ်မြေကို ရောက်ရှိနေတဲ့ လူရွှင်တော် တိုင်းကျော် ကတော့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကို အားနာနေတဲ့အကြောင်းကို ” ကျွန်တော်တို့ရောက်နေတဲ့ တိုင်းရင်းသားနယ်မြေက ညီကိုမောင်နှမတွေ မွေးထဲကလျှပ်စစ်မီးနဲ့ တသက်လုံးမနေခဲ့ရရှာဘူး အားနာလိုက်တာဗျာ တန်းတူညီမျှအခွင်းရေးရအောင် ကျွန်တော် တို့ ကြိုးစားကျမယ် နိုင်ကိုနိုင်ရမယ်” လို့ တိုင်းကျော် ဟာ သူရဲ့လူမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

လူရွှင်တော် တိုင်းကျော် ဟာ မနေ့က ညီအစ်ကိုလိုခင်ရတဲ့ ရဲဘော်တွေကျဆုံးခဲ့တာကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတာပါ။ အမဲရောင်ကာဗာကိုချိန်းခဲ့ပေမယ့် ပြည်သူတွေ စိတ်ဓာတ်မကျစေဖို့အတွက် ပုံအသီးသီးပြန်လည်ချိန်းခဲ့ကြပါတယ်။

ZawGyi Version





Latest Posts

Don't Miss