Sunday, November 27, 2022

Latest Posts

တိုင်းပြည်က အမှောင်မိုက်ဆုံးအချိန်ကိုရောက်နေခဲ့ပြီ တွေဝေနေကြအုန်းမှာလားလို့ မေးလိုက်တဲ့ သီဟထွန်း

Unicode Version

ပရိသတ်ကြီးရေ သရုပ်ဆောင် သီဟထွန်း ကတော့ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ်တွေချစ်အားပေးခံခဲ့ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်ရိုက်ကူးရင်း သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတာကြောင့် နာမည်ရလာခဲ့ပါတယ်။ သူ ပါဝင်ရိုက်ကူးခဲ့တဲ့ နာမည်ကြီး သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ” အဆိပ်သွေး ” ဇာတ်လမ်းတွဲဟာ ပရိသတ်တွေလက်ခံအားပေးပြီး အောင်မြင်တဲ့ဇာတ်လမ်းတွဲ တစ်ခုဖြစ်ခဲ့ပါတယ်။ သီဟထွန်း ဟာ ပရိသတ်တွေနဲ့အတူ အမှန်တရားဘက်တော်သားအဖြစ် ရပ်တည်နေပြီးတော့ လွတ်မြောက်နယ်မြေမှာ ကျရာတာဝန်တွေကို ထမ်းဆောင်လျက်ရှိပါတယ်။

သရုပ်ဆောင် သီဟထွန်း ဟာ တိုင်းပြည်က အမှောင်မိုက်ဆုံးအချိန်ကိုရောက်နေခဲ့ပြီ တွေဝေနေကြအုန်းမှာလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။ သူရေးသားထားတာကတော့ ” မဲလိမ်ပြီး တိုင်းပြည်ချောက်ထဲဆွဲချသွားမယ်ဆိုပြီး ပြောခဲ့ပြီး တက်အုပ်ချုပ်တဲ့ ခွေးရူးတစ်ကောင်ကြောင့်အခုတော့ ရွှေပြည်မျှော်တိုင်းထပ်ဝေးပြီး ဓာတ်ဆီရဖို့ တောင် သွားတန်းစီနေရပြီ..တိုင်းပြည်ကအမှောင်မိုက်ဆုံးအချိန်ကို့ရောက်နေခဲ့ပြီ..တွေဝေပြီး အမှောင်ထဲမှာ ဆက်သွားမလား ရုန်းကြမလား တွေးကြပါတော့ ပြည်သူတို့” လို့ သီဟထွန်း ဟာ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

သရုပ်ဆောင် သီဟထွန်း ရဲ့ စာသားလေးတွေကို သဘောကျရင် ပြန်လည်မျှဝေပေးလိုက်ပါအုန်းနော်။ ပရိသတ်ကြီးရေ ဓာတ်ဆီသွားတန်းစီနေကြပြီလား???မြန်မာပြည်ကြီး အမြန်ဆုံးပြန်လည်ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss