Tuesday, December 6, 2022

Latest Posts

တိုင်းပြည်ကြီးအမှောင်ကျနေချိန် သင်္ကြန်လည်ကြအုန်းမှာလားလို့ မေးခွန်းထုတ်လိုက်တဲ့ ဒါရိုက်တာ ကိုပေါက်

Unicode Version

နာမည်ကြီးအနုပညာရှင်အချို့ကတော့ ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးဆင်နွှဲခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ ဒါရိုက်တာ ကိုပေါက် တစ်ယောက်ကလည်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။

ဒါရိုက်တာ ကိုပေါက် ဟာ အားလုံးကို သင်္ကြန်နဲ့ပတ်သက်၍ မေးခွန်းတစ်ခုထုတ်ပြီး မေးမြန်းလိုက်ပါတယ်။ “ဒါနဲ့ စကားမစပ် တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည် ဆိုတဲ့ ဂျင်း အကြီးကြီး ဆက်မိနေကြတုန်းလား။ ပြည်သူ့အင်အားကသာလျှင် အရာရာကိုမျှဝေနိုင်မှာ ဖြစ်တယ်။ တပ်မတော်အင်အားရှိလာတော့ ဘာဖြစ်သလဲ။ အာဏာရှင်တွေများလာတယ်။ သူခိုးအကြီးစားတွေများလာတယ်။ အခွင့်အရေးသမားတွေများလာတယ်။ တိုင်းပြည်ကို ဖဲ့ပြီးရောင်းစားမယ့်ကောင်တွေ များလာတာပဲ။ တပ်မတော်အင်အားရှိလို့ တိုင်းပြည်ကောင်းသွားတဲ့အကွက်ရှိရင် တကွက်လောက်ချပြစမ်းပါ။ မြန်မာနိုင်ငံသည် ပြည်သူပိုင်တဲ့နိုင်ငံဖြစ်တယ်။ စစ်တပ်ပိုင်ပြီး စစ်သားတွေလုပ်ချင်တာ လုပ်လို့ရမယ့် နိုင်ငံမဟုတ်ဘူး။ ကိုယ်ပိုင်တဲ့အိမ်ကို ဧည်သည်ကလာပြီးဗိုလ်ကျတာကိုငြိမ်ခံနေရင်တော့ အိမ်ရှင်ညံ့တာပဲ။ ပြည်သူအင်အားရှိမှ သာတိုင်းပြည်အင်အား ရှိမှာ။ ဒါနဲ့စကားမစပ် ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားနဲ့ရဲတွေ ဧပြီ ၁ ရက်နေ့နဲ့ ၄ရက်နေ့ ဩဇီထွက်သွားအသုတ်ထဲ အများကြီး ပါသွားကြပြီနော်။ မယုံမရှိနဲ့။ စစ်သားနဲ့ရဲတွေ အတွက် ဒီအချိန်က ဩဇီသွားဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ ဒါနဲ့စကားမစပ် ပြည်သူ့အစိုးရထံလေယာဉ်နဲ့အလင်းဝင်လာမယ့်စစ်သား၊ တင့်ကားမောင်းလာမယ့် စစ်သား၊ လက်နက်တင်ကားအစီးလိုက်မောင်းလာမယ့်စစ်သား၊ သေနတ်နဲ့ရောက်လာမယ့်စစ်သားတွေကို အမေရိကန်ဒေါ်လာ တွေပေးပြီးကြိုဆိုနေတာကလည်း တကယ်နော်။ ဒါနဲ့စကားမစပ်တိုင်းပြည်ကြီးအမှောင်ကျနေချိန်ခင်ဗျားတို့ က သင်္ကြန်လည်ကြမှာလားသီချင်းဆိုကြအုံးမလို့လားပျော်ကြအုံးမှာလားမေးကြည့်တာပါ။ ဒါနဲ့ စကားမစပ်…….”ဆိုပြီးရေးသားထားတာပါ။

ဒါရိုက်တာ ကိုပေါက် ဟာ ဆရာသုမောင်ရဲ့ ဒါနဲ့စကားမစပ် ဆိုတဲ့ FMကလွှင့်ဖူးခဲ့တဲ့ အစီအစဉ်ကို သတိရလို့ ဒါနဲ့စကားမစပ်ဆိုတဲ့ စာသားလေးတွေ များများသုံးခဲ့တာပါတဲ့။ ဒါရိုက်တာ ကိုပေါက် မေးထားတဲ့ မေးခွန်းလေးကို ဖြေခဲ့အုန်းနော်။

ZawGyi Version

တိုင္းျပည္ႀကီးအေမွာင္က်ေနခ်ိန္ သၾကၤန္လည္ၾကအုန္းမွာလားလို႔ ေမးခြန္းထုတ္လိုက္တဲ့ ဒါ႐ိုက္တာ ကိုေပါက္

နာမည္ႀကီးအႏုပညာရွင္အခ်ိဳ႕ကေတာ့ ျပည္သူေတြဘက္ကေန ရပ္တည္ၿပီး အာဏာရွင္ဆန္႔က်င္တဲ့ ေႏြဦးေတာ္လွန္ေရးဆင္ႏႊဲခဲ့လို႔ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။ ဒါ႐ိုက္တာ ကိုေပါက္ တစ္ေယာက္ကလည္း ျပည္သူေတြဘက္ကေန မားမားမတ္မတ္ရပ္တည္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ၅၀၅(က)နဲ႔ အမႈဖြင့္ခံထားရသူ ျဖစ္ပါတယ္။ လြတ္ေျမာက္နယ္ေျမ တစ္ေနရာကို ေရာက္ရွိေနတဲ့ ကိုေပါက္ ကေတာ့ ေရာက္ရာေနရာကေန ေတာ္လွန္ေရးတိုက္ပြဲဆင္ႏႊဲေနသူ ျဖစ္ပါတယ္။

ဒါ႐ိုက္တာ ကိုေပါက္ ဟာ အားလုံးကို သၾကၤန္နဲ႔ပတ္သက္၍ ေမးခြန္းတစ္ခုထုတ္ၿပီး ေမးျမန္းလိုက္ပါတယ္။ “ဒါနဲ႔ စကားမစပ္ တပ္မေတာ္ အင္အားရွိမွ တိုင္းျပည္အင္အား ရွိမည္ ဆိုတဲ့ ဂ်င္း အႀကီးႀကီး ဆက္မိေနၾကတုန္းလား။ ျပည္သူ႔အင္အားကသာလွ်င္ အရာရာကိုမွ်ေဝႏိုင္မွာ ျဖစ္တယ္။ တပ္မေတာ္အင္အားရွိလာေတာ့ ဘာျဖစ္သလဲ။ အာဏာရွင္ေတြမ်ားလာတယ္။ သူခိုးအႀကီးစားေတြမ်ားလာတယ္။ အခြင့္အေရးသမားေတြမ်ားလာတယ္။ တိုင္းျပည္ကို ဖဲ့ၿပီးေရာင္းစားမယ့္ေကာင္ေတြ မ်ားလာတာပဲ။ တပ္မေတာ္အင္အားရွိလို႔ တိုင္းျပည္ေကာင္းသြားတဲ့အကြက္ရွိရင္ တကြက္ေလာက္ခ်ျပစမ္းပါ။ ျမန္မာႏိုင္ငံသည္ ျပည္သူပိုင္တဲ့ႏိုင္ငံျဖစ္တယ္။ စစ္တပ္ပိုင္ၿပီး စစ္သားေတြလုပ္ခ်င္တာ လုပ္လို႔ရမယ့္ ႏိုင္ငံမဟုတ္ဘူး။ ကိုယ္ပိုင္တဲ့အိမ္ကို ဧည္သည္ကလာၿပီးဗိုလ္က်တာကိုၿငိမ္ခံေနရင္ေတာ့ အိမ္ရွင္ညံ့တာပဲ။ ျပည္သူအင္အားရွိမွ သာတိုင္းျပည္အင္အား ရွိမွာ။ ဒါနဲ႔စကားမစပ္ ျပည္သူ႔ရင္ခြင္ခိုလႈံလာတဲ့ စစ္သားနဲ႔ရဲေတြ ဧၿပီ ၁ ရက္ေန႔နဲ႔ ၄ရက္ေန႔ ဩဇီထြက္သြားအသုတ္ထဲ အမ်ားႀကီး ပါသြားၾကၿပီေနာ္။ မယုံမရွိနဲ႔။ စစ္သားနဲ႔ရဲေတြ အတြက္ ဒီအခ်ိန္က ဩဇီသြားဖို႔ အေကာင္းဆုံး အခြင့္အေရးပဲ။ ဒါနဲ႔စကားမစပ္ ျပည္သူ႔အစိုးရထံေလယာဥ္နဲ႔အလင္းဝင္လာမယ့္စစ္သား၊ တင့္ကားေမာင္းလာမယ့္ စစ္သား၊ လက္နက္တင္ကားအစီးလိုက္ေမာင္းလာမယ့္စစ္သား၊ ေသနတ္နဲ႔ေရာက္လာမယ့္စစ္သားေတြကို အေမရိကန္ေဒၚလာ ေတြေပးၿပီးႀကိဳဆိုေနတာကလည္း တကယ္ေနာ္။ ဒါနဲ႔စကားမစပ္တိုင္းျပည္ႀကီးအေမွာင္က်ေနခ်ိန္ခင္ဗ်ားတို႔ က သၾကၤန္လည္ၾကမွာလားသီခ်င္းဆိုၾကအုံးမလို႔လားေပ်ာ္ၾကအုံးမွာလားေမးၾကည့္တာပါ။ ဒါနဲ႔ စကားမစပ္…….”ဆိုၿပီးေရးသားထားတာပါ။

ဒါ႐ိုက္တာ ကိုေပါက္ ဟာ ဆရာသုေမာင္ရဲ႕ ဒါနဲ႔စကားမစပ္ ဆိုတဲ့ FMကလႊင့္ဖူးခဲ့တဲ့ အစီအစဥ္ကို သတိရလို႔ ဒါနဲ႔စကားမစပ္ဆိုတဲ့ စာသားေလးေတြ မ်ားမ်ားသုံးခဲ့တာပါတဲ့။ ဒါ႐ိုက္တာ ကိုေပါက္ ေမးထားတဲ့ ေမးခြန္းေလးကို ေျဖခဲ့အုန္းေနာ္။

Latest Posts

Don't Miss