Unicode Version
ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ဖူးပွင့်သခင် ကတော့ ရုပ်ရှင်ဇာတ်ကားတွေကို ပီပီပြင်ပြင်နဲ့ သဘာဝဆန်ဆန်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောတစ်လက်ဖြစ်ပါတယ်။ သရုပ်ဆောင် ဖူးပွင့်သခင် ဟာ သူမခရီးထွက်နေတဲ့ရက်ပိုင်းအတွင်းမှာ အိမ်ရှိပစ္စည်းအကုန် သူခိုးခိုးခံလိုက်ရပါတယ်လို့ ပရိသတ်တွေကိုအသိပေးထားပါတယ်။ သူမရဲ့ Live အတွင်းမှာ ပစ္စည်းတွေအကုန်ပါသွားတဲ့အကြောင်း နဲ့ အိမ်ရှင်လင်မယားကိုတွေ့ရင် အကြောင်းကြားပေးပါလို့ ဝမ်းနည်းစွာပြောထားတာကို တွေ့ရပါတယ်။


” ကျွန်မ 17.12.2021 မှ 20.12.2021 ခရီးသွားနေစဉ်အချိန် ကျွန်မအိမ်တွင်အလုပ်လုပ်သူဒေါ်အောင်မေဆန်း ခေါ် မေမြတ်နိုးနှင့် သူမရဲ့အမျိုးသားကျော်ဇင် တို့လင်မယားနှစ်ယောက်ကိုယုံကြည်စိတ် ချစွာအိမ်ကိုအပ်နှံထားခဲ့ရာမှ ကျွန်မ မရှိစဉ်အချိန် 20.12.2021 နေ့ရက်တွင်ကျွန်မ၏အိမ်တွင်းရှိပရိဘောဂပစ္စည်းများအဝတ်အထည်အသစ်များလက်ဝတ်ရတနာများဖောက်ယူခိုးပီးထွက်ပြေးသွားပါသည်။ ပစ္စည်းများ၏တန်းဖိုးများမှာ ယခုခန့်မှန်းခြေသိန်း ၅၀ ကျော်ခန့်ခိုး ယူထွက်ပြေးသွားပါသည်။ ခိုးယူထွက်ပြေးသွားသောလင်မယားနှစ် ယောက်အားတွေ့ရှိပါဖုန်း 09768904502 အကြောင်းကြားပေးပါရန်မေတ္တာရက်ခံအပ်ပါသည်။ ခေါ်ယူလက်ခံထားသောသူမျာအားဥပဒေအရထိရောက်စွာအရေးယူပါမည်။ ကျေးဇူးပြုပီးအခုတင်ထားသော post လေးအား ကူညီပီး share ပေးကြပါရှင် ဆက်သွယ်ပေးသူအားလဲ ကျေးဇူးဆပ်ပါမည်… ဟု သရုပ်ဆောင် ဖူးပွင့်သခင် ကသူမ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားကြောင်းတွေ့ရသည် ” လို့ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာမှာ ရေးသားထားတာကို တွေ့ရပါတယ်။


ပရိသတ်ကြီးရေ သရုပ်ဆောင် ဖူးပွင့်သခင် ရဲ့အိမ်ကိုဖောက်ထွင်းခိုးယူသွားတဲ့ လင်မယားနှစ်ဦးကိုတွေ့ရင် အကြောင်းကြားပေးလိုက်ပါအုန်းနော်။
ZawGyi version
တရားခံလင်မယားကို တွေ့တဲ့သူများ အကြောင်းကြားပေးကြပါဆိုတဲ့ သရုပ်ဆောင် ဖူးပွင့်သခင်