Tuesday, November 29, 2022

Latest Posts

တစ်ကိုယ်တော် ပွဲဦးထွက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ TWICE အဖွဲ့ဝင် Nayeon

Unicode Version

TWICE အဖွဲ့ဝင် Nayeonဟာ သူမရဲ့ တစ်ကိုယ်တော် ပွဲဦးထွက်အတွက် ပြင်ဆင်နေတယ်လို့ ကောလဟာလတွေဟာ အွန်လိုင်းအသိုင်းအဝိုင်းအသီးသီးမှာ လျင်မြန်စွာပျံ့နှံ့နေတာပဲဖြစ်ပါတယ်။

ယခုသီတင်းပတ်အစောပိုင်းတွင်၊ ကုမ္ပဏီများသည် GTIN (ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုပစ္စည်းနံပါတ်) အတွက် ထုတ်ကုန်များကို မှတ်ပုံတင်သည့် ဝဘ်ဆိုက်တွင် မှတ်ပုံတင်ထားသည့် အောက်ပါအကြောင်းအရာကို ပရိသတ်များကတွေ့မြင်ခဲ့ရပါတယ်။

အဆိုပါ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုပစ္စည်းနံပါတ်မှတ်ပုံတင်ရာတွင် “NA / 1st Mini Album” ခေါင်းစဉ်ဖြင့် မတ်လ 23 ရက်နေ့တွင်JYP Entertainment မှ မှတ်ပုံတင်ခဲ့တာကိုတွေ့ရှိခဲ့ကြတာပဲဖြစ်ပါတယ်။

အထက်ဖော်ပြပါအချက်အလက်များအရ Nayeonဟာတစ်ကိုယ်တော်ပွဲဦးထွက်ဖို့ဖြစ်နိုင်တယ်လို့ထင်ရတဲ့အကြောင်းအရင်းက‌တော့ “NA-” နဲ့ နာမည်အစရှိတဲ့အနုပညာရှင်ဟာ Nayeon ဖြစ်နိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

SHINee အဖွဲ့ဝင် Onew ဟာလည်း သူရဲ့ 2nd mini albumအတွက်မှတ်ပုံတင်ရာမှာ “ON / 2nd Mini Album” ခေါင်းစဉ်ဖြင့်SM Entertainment ကမှတ်ပုံတင်ပြီး DREAMUS ကုမ္ပဏီမှ ဖြန့်ဝေခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် Nayeonဟာလည်း Onew လိုပဲ နာမည်အစနဲ့ မှတ်ပုံတင်တာမျိုးဖြစ်နိုင်တယ်ဆိုပြီးကောက်ချက်ချကြတာပဲဖြစ်ပါတယ်။

ကောလဟာလတွေဟာမှန်မမှန်ကိုပြောဖို့စောလွန်းပေမယ့်
အင်တာနက်အသုံးပြုသူတော်တော်များများက”ကျေးဇူးပြုပြီး အမှန်အတိုင်းဖြစ်ပါစေ TT”၊”ဒါအမှန်ဖြစ်ပါစေလို့ ဆုတောင်းနေတယ်””ငါအရမ်းစိတ်လှုပ်ရှားနေပြီ” ဆိုတဲ့မှတ်ချက်တွေရေးသားခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးကရော Nayeonလေးရဲ့ တစ်ကိုယ်တော်ပွဲဦးထွက်ဖို့မြင်ချင်ကြနေပြီလားနော်။

Zawgyi Version

တစ္ကိုယ္ေတာ္ ပြဲဦးထြက္မယ္လို႔ သတင္းေတြ ထြက္ေပၚေနတဲ့ TWICE အဖြဲ႕ဝင္ Nayeon

TWICE အဖြဲ႕ဝင္ Nayeonဟာ သူမရဲ႕ တစ္ကိုယ္ေတာ္ ပြဲဦးထြက္အတြက္ ျပင္ဆင္ေနတယ္လို႔ ေကာလဟာလေတြဟာ အြန္လိုင္းအသိုင္းအဝိုင္းအသီးသီးမွာ လ်င္ျမန္စြာပ်ံ႕ႏွံ႔ေနတာပဲျဖစ္ပါတယ္။

ယခုသီတင္းပတ္အေစာပိုင္းတြင္၊ ကုမၸဏီမ်ားသည္ GTIN (ကမာၻလုံးဆိုင္ရာကုန္သြယ္မႈပစၥည္းနံပါတ္) အတြက္ ထုတ္ကုန္မ်ားကို မွတ္ပုံတင္သည့္ ဝဘ္ဆိုက္တြင္ မွတ္ပုံတင္ထားသည့္ ေအာက္ပါအေၾကာင္းအရာကို ပရိသတ္မ်ားကေတြ႕ျမင္ခဲ့ရပါတယ္။

အဆိုပါ ကမာၻလုံးဆိုင္ရာကုန္သြယ္မႈပစၥည္းနံပါတ္မွတ္ပုံတင္ရာတြင္ “NA / 1st Mini Album” ေခါင္းစဥ္ျဖင့္ မတ္လ 23 ရက္ေန႔တြင္JYP Entertainment မွ မွတ္ပုံတင္ခဲ့တာကိုေတြ႕ရွိခဲ့ၾကတာပဲျဖစ္ပါတယ္။

အထက္ေဖာ္ျပပါအခ်က္အလက္မ်ားအရ Nayeonဟာတစ္ကိုယ္ေတာ္ပြဲဦးထြက္ဖို႔ျဖစ္ႏိုင္တယ္လို႔ထင္ရတဲ့အေၾကာင္းအရင္းက‌ေတာ့ “NA-” နဲ႔ နာမည္အစရွိတဲ့အႏုပညာရွင္ဟာ Nayeon ျဖစ္ႏိုင္တယ္ဆိုတဲ့ ထင္ျမင္ခ်က္ေတြထြက္ေပၚလာတာပဲျဖစ္ပါတယ္။

SHINee အဖြဲ႕ဝင္ Onew ဟာလည္း သူရဲ႕ 2nd mini albumအတြက္မွတ္ပုံတင္ရာမွာ “ON / 2nd Mini Album” ေခါင္းစဥ္ျဖင့္SM Entertainment ကမွတ္ပုံတင္ၿပီး DREAMUS ကုမၸဏီမွ ျဖန႔္ေဝခဲ့တာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ Nayeonဟာလည္း Onew လိုပဲ နာမည္အစနဲ႔ မွတ္ပုံတင္တာမ်ိဳးျဖစ္ႏိုင္တယ္ဆိုၿပီးေကာက္ခ်က္ခ်ၾကတာပဲျဖစ္ပါတယ္။

ေကာလဟာလေတြဟာမွန္မမွန္ကိုေျပာဖို႔ေစာလြန္းေပမယ့္
အင္တာနက္အသုံးျပဳသူေတာ္ေတာ္မ်ားမ်ားက”ေက်းဇူးျပဳၿပီး အမွန္အတိုင္းျဖစ္ပါေစ TT”၊”ဒါအမွန္ျဖစ္ပါေစလို႔ ဆုေတာင္းေနတယ္””ငါအရမ္းစိတ္လႈပ္ရွားေနၿပီ” ဆိုတဲ့မွတ္ခ်က္ေတြေရးသားခဲ့ၾကတာပဲျဖစ္ပါတယ္။ ပရိတ္သတ္ႀကီးကေရာ Nayeonေလးရဲ႕ တစ္ကိုယ္ေတာ္ပြဲဦးထြက္ဖို႔ျမင္ခ်င္ၾကေနၿပီလားေနာ္။

Latest Posts

Don't Miss