Sunday, November 27, 2022

Latest Posts

တကယ်လိုအပ်တဲ့နေရာမှာ လှူခွင့်ရခဲ့လို့ ကျေနပ်ပီတိဖြစ်နေတဲ့ မအေးသောင်း

Unicode Version

ချစ်စနိုးနဲ့ “ပေါက်စီ” လို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချော မအေးသောင်း ကတော့ ပရိတ်ပေါင်းများစွာရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးတစ်ဦး ဖြစ်ပါတယ်။ သူမကတော့ အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီး မိသားစုနဲ့ အိမ်လေးကို ပစ်ကာဘေးကင်းရာကို တိမ်းရှောင်နေရတာပါ။ မအေးသောင်း ဟာ လွိုင်ကော်မှာဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအတွက် အရမ်းကိုစိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ သူမကတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တာတွေ လှူဒါန်းခဲ့တယ်လို့ ပရိသတ်တွေကို အသိပေးရေးသားလာခဲ့ပါတယ်။

မအေးသောင်း ဟာ စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းခဲ့တဲ့အကြောင်းကို ” ကျမကိုယ်တိုင်တော့ ဒီရက်ပိုင်း နေလို့သိပ်မကောင်းပါဘူး Physically ရော Mentally ရောပေါ့။ ထားပါတော့ ကိုယ်ရေးကိုယ်တာကိစ္စဘာညာပေါ့။ တကယ်က ဘဝမှာအရေးကြီးတဲ့အရာတွေ ဦးစားပေးသင့်တဲ့အရာတွေက အသက်ပေါ်မူတည်ပြီးပြောင်းလဲတတ်ကြတာ ဒီရက်ပိုင်းပိုသတိထားမိလာတယ်။ သိတဲ့အတိုင်းပဲ ဒီရက်စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေအတွက်လည်းစိတ်မကောင်းဘူး။ သူတို့နေတဲ့မြို့လေးကနေ တခြားတနယ်တကျေးပြောင်းရတာ ဘယ်လွယ်ပါ့မလဲ။ ရိုးရိုးပြောင်းရွေ့ရတာလည်းမဟုတ်တော့ အေးအေးဆေးဆေးလိုတာလေးတွေစဉ်းစားပြီးကောက်ထည့်လို့ရတာလဲ မဟုတ်တော့ လိုအပ်တာတွေအများကြီးရှိနေကြမှာပါပဲ။ လက်ခံပေးကြတဲ့မြို့ရွာ အသီးသီးကလည်း ကူညီကြတယ်လို့သိရတော့ပီတိဖြစ်ရတယ်။ ကျမကတော့ ကျန်းမာရေးလည်းဂရုစိုက်စေချင်တာရယ်ကြောင့် Covid Test Kit တွေရယ် အစားအစာအတွက်အဓိကဖြစ်တဲ့ ဆန် ဆီ ဆား အာလူး ပေါ့ လှူနိုင်သလောက်လှူဖြစ်တယ်။ ပုံတွေဘာတွေကတော့လည်းတင်စရာမလိုပါဘူးလေ။ စစ်ဘေးရှောင်တဲ့အထဲမှာ ကိုယ့်ထက်ချမ်းသာတဲ့သူတွေတောင်အများကြီးပါပါတယ်။ ကိုယ့်ထက်ပညာတတ်တဲ့သူ အသက်အရွယ်ကြီးတဲ့သူ။ ဘာပဲဖြစ်ဖြစ် ယဉ်ကျေးတဲ့လူ့ဘောင်အဖွဲ့အစည်းမှာ ကျမတို့တွေနေထိုင်တယ်။ အဓိကက တကယ်လိုအပ်တဲ့နေရာမှာ ကျမလှူခွင့်ရချင်တယ် ဘဝက ခဏလေးပါ ပေးသောလက်ပဲ အမြဲဖြစ်ရပါလို၏” လို့ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

Cele Only ပရိသတ်ကြီးရေ မင်းသမီး မအေးသောင်း ကတော့လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းခွင့်ရရှိခဲ့လို့ ဝမ်းမြောက်နေတာပဲ ဖြစ်ပါတယ်။ မအေးသောင်း တစ်ယောက်လဲ နေကောင်းကျန်းမာပြီး ဒီထက်မကပိုမို လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်နော်။

ZawGyi Version

တကယ္လိုအပ္တဲ့ေနရာမွာ လႉခြင့္ရခဲ့လို႔ ေက်နပ္ပီတိျဖစ္ေနတဲ့ မေအးေသာင္း

ခ်စ္စႏိုးနဲ႔ “ေပါက္စီ” လို႔ ခ်စ္စႏိုးေခၚၾကတဲ့ မင္းသမီးေခ်ာ မေအးေသာင္း ကေတာ့ ပရိတ္ေပါင္းမ်ားစြာရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ထားသူေလးတစ္ဦး ျဖစ္ပါတယ္။ သူမကေတာ့ အမွန္တရားအတြက္ ျပည္သူေတြနဲ႔အတူ တိုက္ပြဲဝင္ခဲ့တဲ့ အႏုပညာရွင္တစ္ဦးလဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံထားရၿပီး မိသားစုနဲ႔ အိမ္ေလးကို ပစ္ကာေဘးကင္းရာကို တိမ္းေရွာင္ေနရတာပါ။ မေအးေသာင္း ဟာ လြိဳင္ေကာ္မွာျဖစ္ေပၚေနတဲ့ စစ္ေရးအေျခအေနေတြေၾကာင့္ စစ္ေဘးေရွာင္ေနရတဲ့ ျပည္သူေတြအတြက္ အရမ္းကိုစိတ္မေကာင္းျဖစ္ေနတာပဲ ျဖစ္ပါတယ္။ သူမကေတာ့ စစ္ေဘးေရွာင္ျပည္သူေတြအတြက္ လိုအပ္တာေတြ လႉဒါန္းခဲ့တယ္လို႔ ပရိသတ္ေတြကို အသိေပးေရးသားလာခဲ့ပါတယ္။

မေအးေသာင္း ဟာ စစ္ေဘးေရွာင္ျပည္သူေတြကို လႉဒါန္းခဲ့တဲ့အေၾကာင္းကို ” က်မကိုယ္တိုင္ေတာ့ ဒီရက္ပိုင္း ေနလို႔သိပ္မေကာင္းပါဘူး Physically ေရာ Mentally ေရာေပါ့။ ထားပါေတာ့ ကိုယ္ေရးကိုယ္တာကိစၥဘာညာေပါ့။ တကယ္က ဘဝမွာအေရးႀကီးတဲ့အရာေတြ ဦးစားေပးသင့္တဲ့အရာေတြက အသက္ေပၚမူတည္ၿပီးေျပာင္းလဲတတ္ၾကတာ ဒီရက္ပိုင္းပိုသတိထားမိလာတယ္။ သိတဲ့အတိုင္းပဲ ဒီရက္စစ္ေဘးေရွာင္ေနရတဲ့ျပည္သူေတြအတြက္လည္းစိတ္မေကာင္းဘူး။ သူတို႔ေနတဲ့ၿမိဳ႕ေလးကေန တျခားတနယ္တေက်းေျပာင္းရတာ ဘယ္လြယ္ပါ့မလဲ။ ႐ိုး႐ိုးေျပာင္းေ႐ြ႕ရတာလည္းမဟုတ္ေတာ့ ေအးေအးေဆးေဆးလိုတာေလးေတြစဥ္းစားၿပီးေကာက္ထည့္လို႔ရတာလဲ မဟုတ္ေတာ့ လိုအပ္တာေတြအမ်ားႀကီးရွိေနၾကမွာပါပဲ။ လက္ခံေပးၾကတဲ့ၿမိဳ႕႐ြာ အသီးသီးကလည္း ကူညီၾကတယ္လို႔သိရေတာ့ပီတိျဖစ္ရတယ္။ က်မကေတာ့ က်န္းမာေရးလည္းဂ႐ုစိုက္ေစခ်င္တာရယ္ေၾကာင့္ Covid Test Kit ေတြရယ္ အစားအစာအတြက္အဓိကျဖစ္တဲ့ ဆန္ ဆီ ဆား အာလူး ေပါ့ လႉႏိုင္သေလာက္လႉျဖစ္တယ္။ ပုံေတြဘာေတြကေတာ့လည္းတင္စရာမလိုပါဘူးေလ။ စစ္ေဘးေရွာင္တဲ့အထဲမွာ ကိုယ့္ထက္ခ်မ္းသာတဲ့သူေတြေတာင္အမ်ားႀကီးပါပါတယ္။ ကိုယ့္ထက္ပညာတတ္တဲ့သူ အသက္အ႐ြယ္ႀကီးတဲ့သူ။ ဘာပဲျဖစ္ျဖစ္ ယဥ္ေက်းတဲ့လူ႔ေဘာင္အဖြဲ႕အစည္းမွာ က်မတို႔ေတြေနထိုင္တယ္။ အဓိကက တကယ္လိုအပ္တဲ့ေနရာမွာ က်မလႉခြင့္ရခ်င္တယ္ ဘဝက ခဏေလးပါ ေပးေသာလက္ပဲ အၿမဲျဖစ္ရပါလို၏” လို႔ သူမရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားထားပါတယ္။

Cele Only ပရိသတ္ႀကီးေရ မင္းသမီး မေအးေသာင္း ကေတာ့လိုအပ္ေနတဲ့ေနရာေတြကို လႉဒါန္းခြင့္ရရွိခဲ့လို႔ ဝမ္းေျမာက္ေနတာပဲ ျဖစ္ပါတယ္။ မေအးေသာင္း တစ္ေယာက္လဲ ေနေကာင္းက်န္းမာၿပီး ဒီထက္မကပိုမို လႉဒါန္းႏိုင္ပါေစလို႔ ဆုေတာင္းေမတၱာပို႔သအပ္ပါတယ္ေနာ္။

Latest Posts

Don't Miss