Tuesday, December 6, 2022

Latest Posts

ညီအစ်မနှစ်ယောက် အတူတူလုပ်ခဲ့တဲ့အရာလေးတစ်ခုကို သတိရလွမ်းမိနေတဲ့ လင်းဇာနည်ဇော်

Unicode Version

တစ်ခေတ်တခါက အနက်ရောင်ဆံပင်ရှည်ကြီးကို ပိုင်ဆိုင်ထားပြီး ရိုးရှင်းတဲ့ အပြုံးမျက်နှာလှလှလေးနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ခဲ့တဲ့ မင်းသမီး လင်းဇာနည်ဇော် ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမယ်ထင်ပါတယ်။ လက်ရှိအချိန်မှာ သူမဟာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်လက်မရိုက်ကူးတော့ပေမယ့် ဝမ်းရေးအတွက် ရွှေခေါက်ဆွဲ ဆိုတဲ့နာမည်လေးနဲ့ အရသာကောင်းမွန်စွာ ရောင်းချပေးနေတာလဲ ဖြစ်ပါတယ်။ သူမရဲ့ရွှေခေါက်ဆွဲဟာ အရမ်းကိုရောင်းကောင်းတာကြောင့် နောက်ပိုင်းမှာ ရွှေခေါက်ဆွဲအပြင် ရွှေ sandwich လေးတွေကိုပါ ထပ်တိုးရောင်းချလာခဲ့ပါတယ်။

လင်းဇာနည်ဇော် တို့ ညီအစ်မနှစ်ဦးဟာ ရွှေခေါက်ဆွဲ ကို စတင်လုပ်ကိုင်တဲ့ အချိန်ကစပြီး အတူတကွကြိုးစားလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူမတို့စတင်ခဲ့တဲ့အချိန်က ရွှေခေါက်ဆွဲ ကို အော်ဒါတင်တဲ့အခါ ပွဲလေးတွေ ကိုယ်တိုင်လိုက်လံပြင်ဆင်ပေးခဲ့ပြီးတော့ နောက်ပိုင်းမှာတော့ အော်ဒါတွေအရမ်းများလာခဲ့တာကြောင့် ကိုယ်တိုင်သွားရောက်မပြင်တော့ပဲ ဝန်ထမ်းလေးတွေကိုသာ ပြင်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ညီအစ်မနှစ်ယောက် ပွဲလိုက်ပြင်တဲ့ အချိန်တွေကို အရမ်းလွမ်းနေမိတဲ့အကြောင်း လင်းဇာနည်ဇော် ဟာ သူမရဲ့ လူမူ့ကွန်ယက်မှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ သရုပ်ဆောင် လင်းဇာနည်ဇော် နဲ့ အစ်မဖြစ်သူ ချစ်ချစ်ဇော် တို့ရဲ့ရွှေခေါက်ဆွဲဟာ စစ်မှန်တဲ့ ကြိုးစားအားထုတ်မူ့ကြောင့် အရမ်းကိုအောင်မြင်ခဲ့တာဟာ အတုယူစရာဖြစ်ပါတယ်။ ဘယ်အရာကိုမဆို ဇွဲရှိရှိနဲ့တစ်စိုက်မတ်မတ် လုပ်ကိုင်မယ်ဆိုရင် ဘယ်အလုပ်မဆို အောင်မြင်မှာ ဧကန်မုချမလွဲမသွေပါပဲ။

ZawGyi Version

ညီအစ္မႏွစ္ေယာက္ အတူတူလုပ္ခဲ့တဲ့အရာေလးတစ္ခုကို သတိရလြမ္းမိေနတဲ့ လင္းဇာနည္ေဇာ္

တစ္ေခတ္တခါက အနက္ေရာင္ဆံပင္ရွည္ႀကီးကို ပိုင္ဆိုင္ထားၿပီး ႐ိုးရွင္းတဲ့ အၿပဳံးမ်က္ႏွာလွလွေလးနဲ႔ ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေမတၱာေတြကို ပိုင္ဆိုင္ခဲ့တဲ့ မင္းသမီး လင္းဇာနည္ေဇာ္ ကိုေတာ့ အားလုံးပဲမွတ္မိၾကအုန္းမယ္ထင္ပါတယ္။ လက္ရွိအခ်ိန္မွာ သူမဟာ ႐ုပ္ရွင္ဇာတ္ကားေတြ ဆက္လက္မ႐ိုက္ကူးေတာ့ေပမယ့္ ဝမ္းေရးအတြက္ ေ႐ႊေခါက္ဆြဲ ဆိုတဲ့နာမည္ေလးနဲ႔ အရသာေကာင္းမြန္စြာ ေရာင္းခ်ေပးေနတာလဲ ျဖစ္ပါတယ္။ သူမရဲ႕ေ႐ႊေခါက္ဆြဲဟာ အရမ္းကိုေရာင္းေကာင္းတာေၾကာင့္ ေနာက္ပိုင္းမွာ ေ႐ႊေခါက္ဆြဲအျပင္ ေ႐ႊ sandwich ေလးေတြကိုပါ ထပ္တိုးေရာင္းခ်လာခဲ့ပါတယ္။

လင္းဇာနည္ေဇာ္ တို႔ ညီအစ္မႏွစ္ဦးဟာ ေ႐ႊေခါက္ဆြဲ ကို စတင္လုပ္ကိုင္တဲ့ အခ်ိန္ကစၿပီး အတူတကြႀကိဳးစားလာခဲ့ၾကတာပဲ ျဖစ္ပါတယ္။ သူမတို႔စတင္ခဲ့တဲ့အခ်ိန္က ေ႐ႊေခါက္ဆြဲ ကို ေအာ္ဒါတင္တဲ့အခါ ပြဲေလးေတြ ကိုယ္တိုင္လိုက္လံျပင္ဆင္ေပးခဲ့ၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ ေအာ္ဒါေတြအရမ္းမ်ားလာခဲ့တာေၾကာင့္ ကိုယ္တိုင္သြားေရာက္မျပင္ေတာ့ပဲ ဝန္ထမ္းေလးေတြကိုသာ ျပင္ခိုင္းခဲ့ပါတယ္။ ဒါေပမယ့္ ညီအစ္မႏွစ္ေယာက္ ပြဲလိုက္ျပင္တဲ့ အခ်ိန္ေတြကို အရမ္းလြမ္းေနမိတဲ့အေၾကာင္း လင္းဇာနည္ေဇာ္ ဟာ သူမရဲ႕ လူမူ႔ကြန္ယက္မွာ ေရးသားထားပါတယ္။

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ လင္းဇာနည္ေဇာ္ နဲ႔ အစ္မျဖစ္သူ ခ်စ္ခ်စ္ေဇာ္ တို႔ရဲ႕ေ႐ႊေခါက္ဆြဲဟာ စစ္မွန္တဲ့ ႀကိဳးစားအားထုတ္မူ႔ေၾကာင့္ အရမ္းကိုေအာင္ျမင္ခဲ့တာဟာ အတုယူစရာျဖစ္ပါတယ္။ ဘယ္အရာကိုမဆို ဇြဲရွိရွိနဲ႔တစ္စိုက္မတ္မတ္ လုပ္ကိုင္မယ္ဆိုရင္ ဘယ္အလုပ္မဆို ေအာင္ျမင္မွာ ဧကန္မုခ်မလြဲမေသြပါပဲ။

Latest Posts

Don't Miss