Sunday, November 27, 2022
Latest Posts
ဇနီး Kim Tae Hee ကိုချစ်ခွင့်ပန်ခဲ့ရာ ၅ကြိမ်တိုင်တိုင် အငြင်းခံခဲ့ ရတဲ့ နာမည်ကျော် အဆိုတော် Rain
Unicode Version
နာမည်ကျော် အဆိုတော် သရုပ်ဆောင် Rain ဟာ သူရဲ့ ဇနီးသည် Kim Tae Hee ဆီကနေ ငြင်းပယ်ခံခဲ့ရကြောင်း၀န်ခံခဲ့တာပဲဖြစ်ပါတယ်။ “The Huvgry and The Hairy” Netflix ဇာတ်လမ်းတွဲတွင် Rain နဲ့ Noh Hong Chul နှင့်အတူ မင်းသမီး Lee Hanee သည် အထူးဧည့်သည်အဖြစ် ပါ၀င်လာပြီး ကန်၀န်ဒို သို့ ခရီးသွားခဲ့ကြပါတယ်။ အဲ့ဒီ့ ခရီးမှာ မင်းသမီး Lee Hanee က ကင်တေးဟီ အကြောင်း ကိုပြောရာကနေ Rain ရဲ့ ၀န်ခံချက်ကိုလည်းသိရှိရတာပဲဖြစ်ပါတယ်။
မင်းသမီး Lee Hanee ဟာ ဆိုးလ်တက္ကသိုလ် ရဲ့ ကျောင်းသူဟောင်း ဖြစ်ပြီး မင်းသမီး ကင်တေးဟီး ကလည်းတက်ရောက်ဘူးသူဖြစ်ပါတယ်။ အဲ့ဒီ့နေ့ မှာ မင်းသမီး Lee Hanee က ကင်းတေးဟီး နဲ့ ခင်မင်ရင်နှီးမှု အကြောင်းကိုလည်း‌‌‌ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ Lee Hanee က မင်းသမီး ကင်တေးဟီး ဟာ အေးတယ်လို့ ထင်ရပေမယ့် လက်တွေ့ မှာ တက်ကြွတဲ့ပုံစံရှိပါတယ်လို့ပြောပါတယ်။ သူမနဲ့ နှင်းလျှောစီး တဲ့ကလပ်မှာ စတင်တွေ့ ခဲ့တာပါ။ Lee Hanee က ငါတို့သူငယ်ချင်း တွေဆုံတဲ့အခါ တောင်တွေတက်ကြတယ် ရေငုပ်တယ် ဒါမှမဟုတ် အရက်သောက်တာ ဖြစ်ဖြစ် လုပ်ကြပေမယ့်လည်း ကင်တေးဟီး ကတော့ အဲ့ဒါတွေလုံး၀မကြိုက်ပါဘူးလို့လည်း‌ ထုတ်ဖော်ခဲ့ပါတယ်။
သူမ ရဲ့ ခင်ပွန်း Rain ဟာ သူမကြိုက်တဲ့ အမျိုးသား ပုံစံဖြစ်လောက်တယ် Lee Hanee ကပြောခဲ့ပါတယ်။ Rain ကလည်း ကင်တေးဟီး နဲ့ စတင်တွေ့ ဆုံခဲ့ ပုံကိုပြောပြလာခဲ့ပါတယ်။ သူမ ကို ပထမဆုံး တွေ့ ခဲ့တာ‌ကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကကြော်ငြာ ရိုက်ကူးရင်းတွေ့ခဲ့တာပါ။ ပုံမှန်ဆိုရင်တော့ အနုပညာရှင် တွေက ‌ခြေစွပ် ဒါမှမဟုတ် ၀တ်စုံတွေ လဲရတဲ့ အခါမှာ stylist တွေကလဲပေးရတာဖြစ်ပေမယ့် လည်း ကင်တေးဟီး ကတော့ သူမကိုယ်တိုင် ‌မြေပြင်မှာ ဒူးထောက်ပြီး ‌ခြေစွပ်လဲခဲ့တာကို ‌Rain ကတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ “အဲ့မှာ Rain ကတော့ မိန်းမကောင်းလေးတစ်ယောက်အဖြစ်စတင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ Rain ပြောတာကို မင်းသမီး Lee Hanee ကကြားပြီးနောက် “အဲ့ဒီနောက်ပိုင် မင်းက သူမအပေါ် ခံစားချက်တွေရှိနေတာဆိုတော့ရင်နှီးသွားခဲ့လား”လို့မေးခဲ့ပါတယ်။
Rain က ” ငါမပြောချင်ပေမယ့် သူမက သူ့ အပေါ် စုစုပေါင်း ငါးကြိမ်တိုင်တိုင်ငြင်းပယ်ခံရပါတယ်” လို့ ပြန်‌လည်ဖြေကြားခဲ့ပြီး ဘယ်လောက်တောင်နာကျင်ခံစားရလဲဆိုတာပြောမပြတက်အောင်ပါပဲတဲ့”။ Lee Hanee က “သူမ အနေနဲ့ ရိန်းက တခြားမိန်း‌ကလေးတွေအပေါ် မှာလည်း သူမကို ကြိုးစားနေသလို ကြိုးစားနေတယ်လို့ ထင်နေတာဖြစ်နိုင်ပါတယ်” လို့ပြောလိုက်ပါတယ်။
Rain ကလည်း ” ဟုတ်ပါတယ်။သူမဟာ ကျွန်တော့်ကို အတည် လို့မထင်ဘဲ သူမကို ‌အ‌ပျော်သဘောနဲ့ ချဥ်းကပ်တဲ့ပုံစံလို့ မြင်ခဲ့တာပါတဲ့။” သူမ ဟာ အခြားသူတွေရဲ့ အကြောင်းနဲ့ ဇာတ်လမ်းတွေ ကိုကျွန်တော့ ပြောခဲ့တဲ့အခါမှာ‌တော့ ကျွန်တော် ကတော့ ဒါတော့ မှန်တယ် မမှန်ဘူး ဆိုတာကို ရိုးရိုးသားသား ပြန်ပြောခဲ့တဲ့အခါမှာ သူမဟာ ကျွန်တော့် ကိုစတင်အထင်ကြီးခဲ့တာပဲဖြစ်ပါတယ်။
ရိန်းရဲ့ မလျော့ တဲ့ ဇွဲလုံလ နဲ့ အချစ်စစ်တွေ ကြောင့် အခုတော့ ကင်တေးဟီး ကိုပိုင်ဆိုင်နိုင်ခဲ့ပြီး သာယာဖွယ်ကောင်းတဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။
Zawgyi Version
Latest Posts
Don't Miss