Monday, November 28, 2022

Latest Posts

ဆံပင် တိုတိုလေးညှပ်ရတဲ့အကြောင်းအရင်းကိုပြောလာတဲ့ စံထိပ်ထားဦး

UNICODE VERSION

စံထိပ်ထားဦး ဟာ ဆိုရင် မင်းသမီး ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသော သမီးချောလေးပဲဖြစ်ပါတယ်။ စံထိပ်ထားဦး ဟာ‌ ကြော်ငြာ ‌တွေမှာ လည်ပါ၀င်ရိုက်ကူးထားပြီး သူမဟာ သီးချင်းဆိုရာတာကိုလည်း၀ါသနာပါသူတစ်ယောက်ပါနော်။

ဆံပင် တိုတိုညှပ်ဖြစ်တာကတော့ဒီအတိုင်းစိတ်ထဲပေါ်လာလို့ပါ။ ကောင်မလေး တွေ instagram မှာတွေ့ ‌နေရတာ ဆံပင်တိုတိုလေးနဲ့လှလှလေးတွေကိုကြည့်ပြီး လိုက်မလားဆိုပြီး ညှပ်ဖြစ်လိုက်တာပါလို့ပြောပါတယ်။ အခုလတ်တလော စိတ်လည်းရှုပ်နေတဲ့အတွက်လည်းပါပါတယ်။

အခုအပြင်ထွက်ပြီးခေါင်းမလျှော်ဖြစ်သလို အိမ်မှာနေတာပဲပိုများသွားတယ်လို့ပြောပါတယ်။ စစချင်းအမေ့ ကိုဆံပင်ညှပ်မယ်လို့ပြောတော့ သမီးနောက်နေတယ်လို့ထင်တာပါ။ သမီး ကတကယ်ညှပ်မယ်လို့ပြောတော့ အဲ့ဆိုလည်းညှပ်ကြည့်လေဆိုပြီးခွင့်ပြုခဲ့တာပါ။

မင်းသမီးခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦး ဟာဆိုရင် သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်လည်း သီချင်းလေးတွေဆိုတာတွေ့ရပါတယ်။ အနုပညာ မျိုးရိုးရှိတော့ သမီးလေး စံထိပ်ထားဦး ဟာ လည်းအနုပညာကို၀ါသနာပါတယ်ဆိုတာတွေ့ရပါတယ်။

သူမကတော့ သီချင်းနဲ့ ပတ်သက်ပြီးအရမ်း‌ကြီးတော့မလေ့လာဖြစ်ပေမယ့် အပျော်သဘောအနေနဲ့ပဲသီးချင်တွေနားထောင်တယ် တီးကြည့်တယ် လို့ပြောပါတယ်။ အခုလတ်တလောမှာတော့ စင်ကာပူက ဒီပလိုမာကို အွန်လိုင်းကနေတက်ဖြစ်နေတယ်လို့သိရပါတယ်။ ကျောင်းတက်တယ် သူငယ်ချင်းတွေနဲ့တွေ့ဖြစ်ပြီး‌တော့မိဘတွေနဲ့ပဲအချိန်ကုန်နေပါတယ်လို့ အင်းတာဗျူး မှာဖြေကြားခဲ့တာပဲဖြစ်ပါတယ်။

ZAWGYI VERSION






Latest Posts

Don't Miss