Tuesday, December 6, 2022
Latest Posts
ဆင်းရဲတဲ့အခန်းထက် သူဌေးအခန်းရိုက်ရတာများတယ်ဆိုတဲ့ဝါဝါအောင်
Unicode Version
အန်တီ ဝါဝါအောင်ဆိုရင်တော့ မသိတဲ့သူမရှိသလောက်ပါဘဲနော်။ ရုပ်ရှင်ကားပေါင်းများစွာမှာလည်းပါဝင်ပြီး ဗီဒီယိုပေါင်းများစွာကိုလည်းရိုက်ကူးခဲ့တဲ့သူဖြစ်တာကြောင့် သူမကိုတော့မြန်မာပရိတ်သတ်နဲ့ စိမ်းမှာမဟုတ်ပါဘူး။
အန်တီဝါဝါအောင်ဟာဆိုရင်တော့အကယ်ဒမီထူးချွန်ဆုကိုလည်းပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီးသရုပ်ဆောင်အောင်ခိုင်ရဲ့ အိမ်သူသက်ထားလည်းဖြစ်ပါတယ်။ အခုဆို ကိုဗစ်ကာလမှာ အကုန်လုံးကျပ်တည်းနေရသလိုပဲအနုပညာသည် တွေလည်း အဲ့ထဲမှာအပါအဝင်ပဲဖြစ်ပါတယ်။အန်တီဝါဝါအောင်ကကိုဗစ်ကာလမှာ နေထိုင်ပုံနဲ့ သရုပ်ဆောင်တဲ့အကြောင်းလေးကိုဖွင့်ဟထားတဲ့အင်တာဗျူးလေးကိုပြောပြသွားမှာပဲဖြစ်ပါတယ်။
အန်တီဝါဝါအောင်က အနုပညာအလုပ်လည်း မရှိတာကြောင့် အိမ်မှာချက်ပြုတ်စားသောက်ရင်းအိမ်အလုပ်လုပ်ဖြတ်သန်းပါတယ်လို့ပြောပါတယ်။ “ကိုယ်တက်ခဲ့အနုပညာ နဲ့ ကိုယ်လုပ်တဲ့သရုပ်ဆောင်ကိုလည်းပြန်လုပ်ချင်နေပြီ “လို့လည်းရင်ဖွင့်လာခဲ့ပါတယ်။ ဒါပေမယ့်ကပ်ဆိုးကြောင့် ကိုယ်တစ်ယောက်တည်းကျပ်တည်းနေတာမဟုတ်ဘဲအားလုံးခံစားနေရတာကြောင့် ဖြေသိမ့်နိုင်ခဲ့ပါတယ်တဲ့။ အလုပ်မလုပ်ရတဲ့အတွက်ဝင်ငွေမရှိတဲ့အတွက် အရင်ကစုစုဆောင်းဆောင်းရှာထားတဲ့ပိုက်ဆံလေးတွေနဲ့ပဲထိုင်စားနေရပါတယ်လို့လည်းရင်ဖွင့်လာခဲ့ပါတယ်။
သရုပ်ဆောင်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး အန်တီဝါကို သရုပ်ဆောင်ကြေးအရမ်းရတယ်လို့ထင်နေကြပါတယ်။တကယ်တော့အန်တီဝါကသရုပ်ဆောင်ကြေးမြင့်မြင့်တောင်းရမှာကိုလည်းအားနာတက်သူဖြစ်ပြီး လာငှားရင်လည်းနှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့စျေးကိုညှိပြီးရိုက်ပေးတာပါ။ အန်တီဝါရဲ့ သရုပ်ဆောင်ရတဲ့ကာရိုက်တာနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာက အန်တီဝါက ဆင်းရဲတဲ့ဇာတ်ရုပ်ထက်သူဌေးရုပ်ရိုက်ရတာပိုများတယ်။ဆင်းရဲတဲ့ဇာတ်ရုတ်ရိုက်ရရင်အိုဗာ ရုပ်ချရတယ်လို့လည်းပြောပါတယ်။
နောက်ဆုံးအနေနဲ့အနုပညာသည်တွေအကုန်လုံးလွမ်းပြီး အရင်လိုဇာတ်ကားတွေပြန်ရိုက်ချင်နေပြီဖြစ်ကြောင်းကလိုလည်း ပြောကြားခဲ့ပါတယ်။ ကဲအန်တီဝါရဲ့ သရုပ်ဆောင်ချက်တွေကိုလည်းပရိတ်သတ်ကြီးကလည်းလွမ်းနေပါပြီနော်။
Zawgyi Version
Latest Posts
Don't Miss