Sunday, November 27, 2022

Latest Posts

စွန့်ပစ်ခံရတဲ့ မွေးကင်းစကလေးလေးကို ထပ်မံမွေးစားလိုက်တဲ့ ခိုင်နှင်းဝေ

Unicode Version

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ခိုင်နှင်းဝေ ကတော့ ပါးပြင်မှာ လှပတဲ့ပါးချိုင့်‌လေးနဲ့ ချိုသာတဲ့အပြုံးပိုင်ရှင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်ကောင်းများစွာမှာ ပါဝင်ရိုက်ကူးထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ခိုင်နှင်းဝေ ဟာာရိုက်တာပေါင်းများစွာကို ပီပီပြင်ပြင်နဲ့အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်အပီအပြင် ရရှိထားတာပဲဖြစ်ပါတယ်။ ‌သူမကတော့ နောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှု့တွေနည်းလာပြီး ပရဟိတလုပ်ငန်းတွေကိုသာ အားစိုက်လုပ်ကိုင်လာခဲ့ပါတယ်။ လက်ရှိမှာ မိဘမဲ့ကလေးတွေနဲ့ အစွန့်ပစ်ခံ ကလေးလေးတွေကို အဓိကစောက်ရှောက်တဲ့ ခိုင် မိသားစုဂေဟာ ကိုဖွင့်လှစ်ထားပါတယ်။ ခိုင်နှင်းဝေ ဟာသန်လျင်ဘက်က ကလေးငယ်တစ်ဦးကို ထပ်မံမွေးစားလိုက်ပါတယ်။

မင်းသမီးချောလေး ခိုင်နှင်းဝေ ကတော့ သန်လျင်ဘက်မှာစွန်ပစ်သွားတဲ့မွေးကင်းစ ကလေးငယ်လေးကို စောက်ရှောက်ဖို့ အတွက်လိုအပ်တာတွေ ဆောင်ရွက်နေတယ်ဆိုတဲ့ အကြောင်းကို ” ဒီမနက် သန်လျင်ဘက်မှာ စွန့်ပစ်သွားတဲ့ သမီးငယ်လေးပါ..ခေါ်ယူ စောင့်ရှောက်ဘို့ လိုအပ်တာများ ဆက်လက် စုံစမ်းထားပါတယ်ရှင်..ရှေ့ဆက် ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေ ကလေးရယ်…” လို့ ခိုင်နှင်းဝေ ဟာသူမရဲ့လူမှု့ကွန်ယက်စာမျက်နှာ‌ပေါ်မှာ ပရိသတ်တွေကို ရေးသားမျှဝေအသိပေးထားပါတယ်နော်။ သူမရဲ့ပိုစ်အောက်မှာတော့ ကလေးငယ်လေးအန္တာရယ်ကင်းတဲ့ ရင်ခွင်ဆီမှာ ခိုလှုံခွင့်ရရှိသွားတဲ့အတွက် ဝမ်းသာနေကြပါတယ်။ မကြာသေးခင်ကလဲ ကျိုက်ထီးရိုးဘုရားကိုမရောက်ဖူးသေးတဲ့ ဂေဟာမှက‌လေးတွေကို သူမဉီးဆောင်ပြီး ဘုရားဖူးလိုက်ပို့ခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ ‌မိဘမဲ့ကလေးတွေကို‌ ခေါ်ယူစောက်ရှောက် မွေးစားပေးနေတဲ့ မင်းသမီး ခိုင်နှင်းဝေ ရဲ့အလှူလေးကို သာဓုခေါ်ဆိုခဲ့ပါအုန်းနော်။

ZawGyi Version





Latest Posts

Don't Miss