Tuesday, December 6, 2022

Latest Posts

စိတ်အနှောက်ယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်လို့ ပရိသတ်တွေကို ပြန်ချော့လိုက်တဲ့ သာဒီးလူ

Unicode version

အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီး သီချင်းကောင်းများစွာကို သီဆိုထားတဲ့ အဆိုတော် သာဒီးလူ ကိုတော့ ပရိသတ်တွေအားလုံး သိကြမှာပါပဲနော်။ ယောက်ျားလေးပရိသတ်ပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဆိုလဲ မမှားပါဘူး။ ပြည့်တန်ဆာ၊ဂျူဒီ၊လိုသလိုသုံး အစရှိတဲ့သီချင်းတွေကတော့ သူ့ရဲ့နာမည်ကြီး အောင်မြင်ခဲ့တဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။ အဆိုတော် သာဒီးလူ ဟာ သူ့ရဲ့ပရိသတ်တွေကို တောင်းပန်စကားပြောလိုက်ပါတယ်။

အဆိုတော် သာဒီးလူ ဟာ ရမည်းသည်းမြို့ရဲ့ အပန်းဖြေစခန်းတစ်ခုမှာ သီချင်းသွားရောက်ဆိုမယ်ဆိုတဲ့ caption စာသားတစ်ခုကြောင့် ပရိသတ်တွေက အပြင်းအထန်ဝေဖန်လိုက်ပါတယ်။ ဒါကြောင့် ဒီကနေ့မှာ ပရိသတ်တွေကို တရားဝင်စာထုတ်ပြီး တောင်းပန်လိုက်ပါတယ်။ ” အကြောင်းရင်းကိုသေချာမသိကြလို့စိတ်ကောက်မိကြတာပဲဗျာ ကျွန်တော်စိတ်မဆိုးပါဘူး၊ ဟိုနေ့က တင်လိုက်တဲ့ Caption အတွက်လည်း လူကြီးမင်းတို့စိတ်အနှောက်ယှက်ဖြစ်သွားရင် ဒီကနေအနူးညွန့်တောင်းပန်အပ်ပါတယ်၊စိတ်ထဲလည်းမထားကြပါနဲ့ တော့မိတ်ဆွေတို့” လို့ သာဒီးလူ ကတော့ ပရိသတ်တွေကို ပြန်ချော့ထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ အဆိုတော် သာဒီးလူ ကတော့ အားလုံးကိုလိုင်းပေါ်ကနေ တောင်းပန်လိုက်ပါပြီနော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version





Latest Posts

Don't Miss