Monday, November 28, 2022

Latest Posts

စိတ်ဓာတ်ကျခြင်းနှင့် စိုးရမ်သောကလက္ခဏာများ ပိုမိုဆိုးရွားလာတဲ့ SHINee အဖွဲ့ဝင် Taemin

UNICODE VERSION

SHINee အဖွဲ့ဝင် Taemin ဟာ စမ်း‌မှုထမ်းဆောင် နေစဥ်ကာလအတွင်း လက်ကျန်စစ်မှုထမ်းဆောင်ရမည့်ကာလကို ပြည်သူ့ ဝန်ထမ်းအဖြစ်သာ ထမ်းဆောင်ရမည်ဖြစ်ကြောင်းကိုသိရပါသည်။

ဇန်နဝါရီ ၁၄ ရက်နေ့ က SM Entertainment ကနေ Taemin ဟာ စိတ်ဓာတ်ကျခြင်းနှင့် စိုးရမ်သောကလက္ခဏာများ ပိုမိုဆိုးရွားလာတာကြောင့် ပြည်သူ့၀န်ထမ်း အဖြစ် သို့ပြောင်းရွှေ့ခဲ့ကြောင်းကြေငြာခဲ့တာပဲဖြစ်ပါတယ်။ အေဂျင်စီ ရဲ့ထုတ်ပြန်ချက်အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

“Taemin ဟာ စစ်မှုမထမ်းခင်မှာ ခံစားရတဲ့ စိတ်ကျရောဂါနဲ့ စိုးရိမ်သောက လက္ခဏာတွေကြောင့် ကုသမှုနဲ့ ကုထုံးတွေနဲ့ ကုသခံရသူတစ်ယောက်ဖြစ်ပါတယ်။ စမ်မှုထမ်း ဘဝနဲ့ စစ်မှုထမ်းဆောင်နေစဥ်အတွင်း ‌သူ၏ရောဂါလက္ခဏာ များ ပိုဆိုးလာသောကြောင့် စစ်တပ်တွင်နေထိုင်ရန်မဖြစ်ကြောင်းဆုံးဖြတ်ချက်ချခဲ့တာပဲဖြစ်ပါတယ်။

ထိုကြောင့် Taemin ဟာ ပြည့်သူ့ဝန်းထမ်း အဖြစ် စစ်မှုထမ်းတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရန်စီစဥ်နေတာပဲဖြစ်ပါတယ်။ Taemin ရဲ့ ရုတ်တရက် သတင်းကြောင့် စိုးရိမ်ပူပန်မှုအတွက် ကျွနုပ်တို့အနေနဲ့တောင်းပန်းပြီး ကုသမှုကို အနာဂတ်တွင် အစွမ်းကုန်လုပ်ဆောင်သွားပါမည်” လို့ SM Entertainmetn ကနေထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

Taemin လေးလည်း အမြန်ဆုံး ကျန်းမာနေကောင်းပါစေလို့လည်းဆုတောင်းပေးလိုက်ရပါတယ်။

ZAWGYI VERSION

စိတ်ဓာတ်ကျ ခြင်းနှင့် စိုးရိမ်စိတ်တို့ကြောင့် ပြည်သူ့ဝန်းထမ်း အဖြစ်သာ ထမ်းဆောင်ရတော့မယ့် SHINee အဖွဲ့ဝင် Taemin






Latest Posts

Don't Miss