Saturday, December 3, 2022

Latest Posts

စိတ်ထားကောင်းတဲ့ တွတ်ပီအမေဖြစ်ရတာ ဂုဏ်ယူတယ်ဆိုတဲ့ ရေမွန်မိခင် ခင်မြတ်မွန်

Unicode Version

ပရိသတ်ကြီးရေ ရော့ခ်ဂီတအဆိုတော် ရေမွန် ကတော့ အစာအိမ်သွေးကြောပေါက်ပြီး ပရိသတ်တွေကိုခွဲခွာသွားခဲ့တာဆိုရင် ၄လနီးပါးရှိပါပြီနော်။ ကွယ်လွန်သွားခဲ့ပေမယ့် သူရဲ့သီချင်းတွေ နဲ့ အငွေ့အသက်တွေကတော့ ပရိသတ်ရင်ထဲမှာ ဆက်လက်နေရာယူထားဆဲပဲဖြစ်ပါတယ်။ အဆိုတော် ရေမွန် ကွယ်လွန်သွားခဲ့ပေမယ့် ပရိသတ်တွေကတော့ သူ့အရမ်းချစ်တဲ့ မိသားစုကိုအရင်ထက်ပိုမိုချစ်ခင်နေဆဲပဲဖြစ်ပါတယ်။ ဒီအကြောင်းကို မိခင်ဖြစ်သူ အဆိုတော် ခင်မြတ်မွန် ဟာသူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ အခုလိုပဲရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

” မနေ့ကပိုပိုးလေးခွေးကိုက်ခံရလို့(ခလေးနဲ့ခွေးဆော့ကြရင်းမတော်တဆ ခြစ်မိသွားတာပါ) ဆေးရုံမှာကာကွယ်ဆေးသွားထိုးတော့ ဂိတ်ဝဝင်ဝင်ချင်းတာဝန်ကျဝန်ထမ်းလေးကအန်တီက ကိုရေမွန့်အမေလားမေးပြီးအစစအဆင်ပြေအောင်လိုက်ကူညီပေးတာ ပိုက်ဆံလဲတပြားမှမကုန်.ဆရာဝန်မ‌လေးတွေလဲဂရုစိုက်၊သဘောကောင်းကြလို့ကျေးဇူးပါ.Online ကနေလိုအပ်တဲ့ပစ္စည်းလေးတွေမှာတယ်.deli လာပို့လို့ငွေရှင်းမယ်လုပ်တော့လက်ဆောင်ပါ.ငွေပေးဖို့မလိုပါဘူးတဲ့တွတ်ပီကားကိစ္စနဲ့ Myanmar Plaza ရောက်ရင်းဟိုဒီလျှောက်ကြည့် အိပ်ယာခင်းရောင်းတဲ့ဆိုင်မှာကိုယ်ကြိုက်တဲ့ကာလာဒီဇိုင်းလေးတွေ့လို့ဈေးမေးပြီးဆစ်တော့ ဆိုင်ရှင်ညီမက ဈေးလျှော့ပေးပါ့မယ်၊လျှော့တာမှတစ်ပြားမှမယူဘဲ လက်ဆောင်ပေးလိုက်မယ်တဲ့..(ချစ်ကြပေသရှင်..ပြည်တစ်ခွင်ပေါ့)ဒါတွေဟာ..တွတ်ပီကိုအားလုံးချစ်ခင်လေးစားခြင်းရဲ့ နောက်ဆက်တွဲပြယုဂ်တွေပါဘဲ.တွတ်ပီကိုငယ်စဉ်ကတည်းကလူတိုင်း(စိမ်းသူကျက်သူ)အပေါ်ရိုးသားဖို့ကူညီဖို့ ၊မဟုတ်မတရားတာဆိုခေါင်းငုံ့မခံဖို့ အမြဲသွန်သင်ခဲ့တယ်.အရွယ်ရောက်လာတော့ ကိုယ်သွန်သင်ခဲ့တာထက်သူက ပိုဖြူစင်ရိုးသားသူ၊ကူညီအားပေးတတ်သူ၊မဟုတ်ရင်မခံတတ်သူဖြစ်လာတယ်၊တစ်ခါတစ်လေတော့ လူအ(Idiots)ပီပီ သူ့နောက်ကျောဓါးနဲ့ထိုးမှန်းသိသိကြီးနဲ့ခွင့်လွှတ်ခဲ့တဲ့ Case တွေလဲအများကြီး ဒါတွေကြောင့်. .သူသေဆုံးသွားချိန်မှာ သူ့ကို ဘယ်လောက်ချစ်ကြ၊နှမြောကြလွမ်းဆွတ်ကြ၊လှူဒါန်းကြလဲဆိုတာ..အံ့ဩခြင်းကြီးစွာနဲ့သိခဲ့ရတယ်.သူ့စိတ်ထားကောင်းမှုလေးရဲ့ အကျိုးဆက်ကိုကျန်ရစ်သူမိသားစု ခုချိန်ထိ ခံစားစံစားနေရတယ်.(ဒီစာ‌ရေးရင်းကိုယ်သာ တွတ်ပီအမေမဟုတ်ဘဲ(ဂီတလောကထဲက)ဟို ပြည်သူ့မေတ္တာတုံးချဉ်ဖတ်ကောင်အမေသာဖြစ်ကြည့် သားလေရာကလော်တုတ်၊အဆဲခံရမှာလူတောထဲ‌ ခေါင်းမဖေါ်ဝံ့မှာအသေအချာဘဲလို့ တွေးရင်းပြုံးမိသေးတယ်)ဘာဘဲဖြစ်ဖြစ်တွတ်ပီဟာမေတ္တာပေးခဲ့လို့သူတင်မက သူ့မိသားစုပါ အားလုံးရဲ့မေတ္တာ ပြန်ရခဲ့တာပါ(ဒီကမ္ဘာမှာတန်ဖိုးအကြီးဆုံးဟာမေတ္တာမဟုတ်ဘူးလား..? )ဘာရန်ကြွင်းရန်စမှမရှိဘဲအလကားနေရင်းတွတ်ပီနဲ့မိသားစုကိုအလိုလိုမျက်မုန်းကျိုးပြီး တစ်ဖက်သတ်လိုက်ကိုက်နေသူ စုန်းပြူးတွေကတော့ခြွင်းချက်ပေါ့သူတို့ကတော့ ပြိုင်မရလို့ J အမြုံစိတ်ကနေမခံစားနိုင်အောင်ပွင့်ထွက်လာလို့လိုက်ကိုက်၊လိုက်ဖဲ့ကြသူတွေမို့ခွေးလေးခုန်လို့ဖုံမထ၊အပင်မြင့်လေလေတိုက်လေ၊မြွေမှန်ရင် တွင်းဝင်ဖြောင့်တယ်ဘဲ သဘောထားပါတယ် “လို့ရေးသားထားပါတယ်။

ပရိသတ်အတုအယောင်တွေက ရေမွန် ကိုဗန်းပြကာ စီးပွားရှာအမြတ်ထုတ်တာတွေ ရှိပေမယ့် တကယ့်အစစ်အမှန်ပရိသတ်တွေကတော့ ကျန်ရစ်ခဲ့တဲ့ ရေမွန် ရဲ့မိသားစုလေးကို ဖေးဖေးမမနဲ့ ဆက်လက်ချစ်ခင်နေဆဲပါပဲနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version

စိတ္ထားေကာင္းတဲ့ တြတ္ပီအေမျဖစ္ရတာ ဂုဏ္ယူတယ္ဆိုတဲ့ ေရမြန္မိခင္ ခင္ျမတ္မြန္

ပရိသတ္ႀကီးေရ ေရာ့ခ္ဂီတအဆိုေတာ္ ေရမြန္ ကေတာ့ အစာအိမ္ေသြးေၾကာေပါက္ၿပီး ပရိသတ္ေတြကိုခြဲခြာသြားခဲ့တာဆိုရင္ ၄လနီးပါးရွိပါၿပီေနာ္။ ကြယ္လြန္သြားခဲ့ေပမယ့္ သူရဲ႕သီခ်င္းေတြ နဲ႔ အေငြ႕အသက္ေတြကေတာ့ ပရိသတ္ရင္ထဲမွာ ဆက္လက္ေနရာယူထားဆဲပဲျဖစ္ပါတယ္။ အဆိုေတာ္ ေရမြန္ ကြယ္လြန္သြားခဲ့ေပမယ့္ ပရိသတ္ေတြကေတာ့ သူ႔အရမ္းခ်စ္တဲ့ မိသားစုကိုအရင္ထက္ပိုမိုခ်စ္ခင္ေနဆဲပဲျဖစ္ပါတယ္။ ဒီအေၾကာင္းကို မိခင္ျဖစ္သူ အဆိုေတာ္ ခင္ျမတ္မြန္ ဟာသူမရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚမွာ အခုလိုပဲေရးသားထားတဲ့ သတင္းေလးကို ျပန္လည္မွ်ေဝတင္ဆက္ေပးလိုက္ပါတယ္။

” မေန႔ကပိုပိုးေလးေခြးကိုက္ခံရလို႔(ခေလးနဲ႔ေခြးေဆာ့ၾကရင္းမေတာ္တဆ ျခစ္မိသြားတာပါ) ေဆး႐ုံမွာကာကြယ္ေဆးသြားထိုးေတာ့ ဂိတ္ဝဝင္ဝင္ခ်င္းတာဝန္က်ဝန္ထမ္းေလးကအန္တီက ကိုေရမြန႔္အေမလားေမးၿပီးအစစအဆင္ေျပေအာင္လိုက္ကူညီေပးတာ ပိုက္ဆံလဲတျပားမွမကုန္.ဆရာဝန္မ‌ေလးေတြလဲဂ႐ုစိုက္၊သေဘာေကာင္းၾကလို႔ေက်းဇူးပါ.Online ကေနလိုအပ္တဲ့ပစၥည္းေလးေတြမွာတယ္.deli လာပို႔လို႔ေငြရွင္းမယ္လုပ္ေတာ့လက္ေဆာင္ပါ.ေငြေပးဖို႔မလိုပါဘူးတဲ့တြတ္ပီကားကိစၥနဲ႔ Myanmar Plaza ေရာက္ရင္းဟိုဒီေလွ်ာက္ၾကည့္ အိပ္ယာခင္းေရာင္းတဲ့ဆိုင္မွာကိုယ္ႀကိဳက္တဲ့ကာလာဒီဇိုင္းေလးေတြ႕လို႔ေဈးေမးၿပီးဆစ္ေတာ့ ဆိုင္ရွင္ညီမက ေဈးေလွ်ာ့ေပးပါ့မယ္၊ေလွ်ာ့တာမွတစ္ျပားမွမယူဘဲ လက္ေဆာင္ေပးလိုက္မယ္တဲ့..(ခ်စ္ၾကေပသရွင္..ျပည္တစ္ခြင္ေပါ့)ဒါေတြဟာ..တြတ္ပီကိုအားလုံးခ်စ္ခင္ေလးစားျခင္းရဲ႕ ေနာက္ဆက္တြဲျပယုဂ္ေတြပါဘဲ.တြတ္ပီကိုငယ္စဥ္ကတည္းကလူတိုင္း(စိမ္းသူက်က္သူ)အေပၚ႐ိုးသားဖို႔ကူညီဖို႔ ၊မဟုတ္မတရားတာဆိုေခါင္းငုံ႔မခံဖို႔ အၿမဲသြန္သင္ခဲ့တယ္.အ႐ြယ္ေရာက္လာေတာ့ ကိုယ္သြန္သင္ခဲ့တာထက္သူက ပိုျဖဴစင္႐ိုးသားသူ၊ကူညီအားေပးတတ္သူ၊မဟုတ္ရင္မခံတတ္သူျဖစ္လာတယ္၊တစ္ခါတစ္ေလေတာ့ လူအ(Idiots)ပီပီ သူ႔ေနာက္ေက်ာဓါးနဲ႔ထိုးမွန္းသိသိႀကီးနဲ႔ခြင့္လႊတ္ခဲ့တဲ့ Case ေတြလဲအမ်ားႀကီး ဒါေတြေၾကာင့္. .သူေသဆုံးသြားခ်ိန္မွာ သူ႔ကို ဘယ္ေလာက္ခ်စ္ၾက၊ႏွေျမာၾကလြမ္းဆြတ္ၾက၊လႉဒါန္းၾကလဲဆိုတာ..အံ့ဩျခင္းႀကီးစြာနဲ႔သိခဲ့ရတယ္.သူ႔စိတ္ထားေကာင္းမႈေလးရဲ႕ အက်ိဳးဆက္ကိုက်န္ရစ္သူမိသားစု ခုခ်ိန္ထိ ခံစားစံစားေနရတယ္.(ဒီစာ‌ေရးရင္းကိုယ္သာ တြတ္ပီအေမမဟုတ္ဘဲ(ဂီတေလာကထဲက)ဟို ျပည္သူ႔ေမတၱာတုံးခ်ဥ္ဖတ္ေကာင္အေမသာျဖစ္ၾကည့္ သားေလရာကေလာ္တုတ္၊အဆဲခံရမွာလူေတာထဲ‌ ေခါင္းမေဖၚဝံ့မွာအေသအခ်ာဘဲလို႔ ေတြးရင္းၿပဳံးမိေသးတယ္)ဘာဘဲျဖစ္ျဖစ္တြတ္ပီဟာေမတၱာေပးခဲ့လို႔သူတင္မက သူ႔မိသားစုပါ အားလုံးရဲ႕ေမတၱာ ျပန္ရခဲ့တာပါ(ဒီကမာၻမွာတန္ဖိုးအႀကီးဆုံးဟာေမတၱာမဟုတ္ဘူးလား..? )ဘာရန္ႂကြင္းရန္စမွမရွိဘဲအလကားေနရင္းတြတ္ပီနဲ႔မိသားစုကိုအလိုလိုမ်က္မုန္းက်ိဳးၿပီး တစ္ဖက္သတ္လိုက္ကိုက္ေနသူ စုန္းျပဴးေတြကေတာ့ႁခြင္းခ်က္ေပါ့သူတို႔ကေတာ့ ၿပိဳင္မရလို႔ J အၿမဳံစိတ္ကေနမခံစားႏိုင္ေအာင္ပြင့္ထြက္လာလို႔လိုက္ကိုက္၊လိုက္ဖဲ့ၾကသူေတြမို႔ေခြးေလးခုန္လို႔ဖုံမထ၊အပင္ျမင့္ေလေလတိုက္ေလ၊ေႁမြမွန္ရင္ တြင္းဝင္ေျဖာင့္တယ္ဘဲ သေဘာထားပါတယ္ “လို႔ေရးသားထားပါတယ္။

ပရိသတ္အတုအေယာင္ေတြက ေရမြန္ ကိုဗန္းျပကာ စီးပြားရွာအျမတ္ထုတ္တာေတြ ရွိေပမယ့္ တကယ့္အစစ္အမွန္ပရိသတ္ေတြကေတာ့ က်န္ရစ္ခဲ့တဲ့ ေရမြန္ ရဲ႕မိသားစုေလးကို ေဖးေဖးမမနဲ႔ ဆက္လက္ခ်စ္ခင္ေနဆဲပါပဲေနာ္။ အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးတဲ့ ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။

Latest Posts

Don't Miss