Sunday, November 27, 2022
Latest Posts
စာတတ်ပေတတ်ဆိုတာ ဘွဲ့ရအတန်းပညာနဲ့ မဆိုင်ဘူးလို့ ပြောလိုက်တဲ့ R ဇာနည်
Unicode Version
အသံပါဝါ‌ကောင်းကောင်းကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေချစ်ခင်ရတဲ့ ဝါရင့်အဆိုတော်ကြီး R ဇာနည် ကတော့ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရတာကြောင့် မိသားစုနဲ့အတူ ဘေးကင်းရာကို တိမ်းရှောင်နေရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရပေမယ့် ဒီမိုကရေစီအတွက် လှုပ်ရှားမှု့တိုင်းကို တတ်နိုင်တဲ့ဘက်ကနေ တာဝန်ယူထမ်းဆောင်နေတာကိုလဲ တွေ့ရပါတယ်။ အမှန်တရားဘက်တော်သားတစ်ဦးဖြစ်တဲ့ အဆိုတော် R ဇာနည် ဟာ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ပြည်သူတွေဘက်မှာ အမြဲရှိတာကြောင့် ပရိသတ်တွေပိုမိုချစ်ခင်အားပေးကြရပြန်ပါတယ်။ R ဇာနည် က စာတတ်ပေတတ်တွေဆိုတာ့ အတန်းပညာနဲ့မဆိုင်ဘူးလို့ ပရိသတ်တွေကိုရှင်းပြလိုက်ပါတယ်။
အဆိုတော် R ဇာနည် ဟာ ဒီကနေ့မှာ‌တော့ အလိုက်ကန်းဆိုးမသိတဲ့လူတွေအကြောင်းကို သူရဲ့လူမှု့ကွန်ယက်မှာ အခုလိုပဲရေးသားလာပါတယ်။ ” စာတတ်ပေတတ် ဆိုတာ စောက်လိုက်ကန်းဆိုးမသိတာနဲ့ကြတော့ ဘယ်လိုပြောရမလဲ ဘွဲ့ရအတန်းပညာနဲ့တော့ ဆိုင်မယ်မထင်ဘူး ထင်တယ် Happy Sweet December ” ဆိုတဲ့စာသားလေးနဲ့ အတူ ဒီဇင်ဘာလနဲ့အစနေ့လေးကို Happy Sweet December လို့နှုတ်ဆက်ရေးသားထားကိုလဲတွေ့ရပါတယ်။ သူ့ရဲ့ပိုစ်အောက်မှာတေ့ာ အဆိုတော် အိမ့်ချစ်က အတန်းပညာတတ်တာနဲ့ လူမှုပညာအသိညာဏ်ရှိတာနဲ့က မတူပြန်ဘူးလို့ ဝင်ရောက်ထောက်ခံရေးသားထားတာကိုတွေ့ရပါတယ်။ အဆိုတော် R ဇာနည် ရဲ့ စာသားလေးကို ပရိသတ်တွေကသဘောကျနေကြပြီး ပြန်လည်မျှဝေသူလဲ များစွာရှိပါသေးတယ်နော်။
ပရိသတ်ကြီးရေ အဆိုတော် R ဇာနည် ရေးသားထားတဲ့ စာသားလေးနဲ့ပတ်သတ်ပြီး ထင်မြင်ယူဆချက်လေးတွေကို ကောမန့်မှာ ရေးသားပေးခဲ့ပါအုန်းနော်။ ပရိသတ်များအားလုံး ဒီဇင်ဘာလအစမှစပြီးတော့ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။
ZawGyi Version
Latest Posts
Don't Miss