Saturday, December 3, 2022

Latest Posts

စစ်ဘေးရှောင် ပြည်သူတွေကို ကူညီဖို့ပန်းချီကားတွေ ရောင်းချခဲ့တဲ့ မင်းသား‌ ဒေါင်း

Unicode Version

ပရိသတ်ကြီးရေ… မင်းသား ဒေါင်း ကတော့ အမှန်တရားကိုချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ပြီးတော့ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့အပြင် ယောက်ကျားပီသတဲ့ ရုပ်ရည်သွင်ပြင်ရှိတာကြောင့် ပျိုမေတို့ချစ်ခင်အားပေးရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ ဒေါင်း ကတော့ ပရိသတ်ကြီးနဲ့အတူတူ အမှန်တရားဘက်က အမြဲတမ်းရပ်တည်နေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ မင်းသားချော ဒေါင်း ဟာပြည်သူတွေနဲ့ဘက်နဲ့ရပ်တည်ခဲ့တာကြောင့် လက်ရှိမှာ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲခံထားရပါတယ်။

မင်းသားချော ဒေါင်း ဟာ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့ သူကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားတွေကိုရောင်းချခဲ့ပါတယ်။ ဒေါင်း ရေးဆွဲထားတဲ့ ပန်းချီကားတွေအားလုံး ရောင်းထွက်သွားတာကြောင့် ဝမ်းသာဂုဏ်ယူနေပါတယ်။ ဒီအကြောင်းကို ” စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့ ဝိုင်းဝန်းထောက်ပံ့ပေးခဲ့ကြတယ် ။ အားလုံးရောင်းထွက်သွားတယ် ။ ဝမ်းသာတယ်၊ ဂုဏ်ယူတယ်၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ (တစ်ကားက not for sale) အရေးတော်ပုံအောင်မှာသေချာတယ် ” လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ဒေါင်း ကိုယ်တိုင်ရေးဆွဲထားတဲ့ ပုံတူပန်းချီကားလေးတွေကို ကြည့်ရှု့အားပေးခဲ့ပါအုန်းနော်။ အချိန်ပေးပြီး ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version

စစ္ေဘးေရွာင္ ျပည္သူေတြကို ကူညီဖို႔ပန္းခ်ီကားေတြ ေရာင္းခ်ခဲ့တဲ့ မင္းသား‌ ေဒါင္း

ပရိသတ္ႀကီးေရ… မင္းသား ေဒါင္း ကေတာ့ အမွန္တရားကိုခ်စ္ျမတ္ႏိုးသူတစ္ေယာက္ ျဖစ္ၿပီးေတာ့ က်ရာဇာတ္႐ုပ္ကို ပိုင္ပိုင္ႏိုင္ႏိုင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသားေခ်ာတစ္ေယာက္ျဖစ္တဲ့အျပင္ ေယာက္က်ားပီသတဲ့ ႐ုပ္ရည္သြင္ျပင္ရွိတာေၾကာင့္ ပ်ိဳေမတို႔ခ်စ္ခင္အားေပးရတဲ့ မင္းသားတစ္လက္ျဖစ္ပါတယ္။ ေဒါင္း ကေတာ့ ပရိသတ္ႀကီးနဲ႔အတူတူ အမွန္တရားဘက္က အၿမဲတမ္းရပ္တည္ေနတဲ့ မင္းသားတစ္လက္ျဖစ္ပါတယ္။ မင္းသားေခ်ာ ေဒါင္း ဟာျပည္သူေတြနဲ႔ဘက္နဲ႔ရပ္တည္ခဲ့တာေၾကာင့္ လက္ရွိမွာ ပုဒ္မ ၅၀၅ (က) နဲ႔တရားစြဲခံထားရပါတယ္။

မင္းသားေခ်ာ ေဒါင္း ဟာ စစ္ေဘးေရွာင္ျပည္သူေတြကို ကူညီဖို႔ သူကိုယ္တိုင္ေရးဆြဲထားတဲ့ ပန္းခ်ီကားေတြကိုေရာင္းခ်ခဲ့ပါတယ္။ ေဒါင္း ေရးဆြဲထားတဲ့ ပန္းခ်ီကားေတြအားလုံး ေရာင္းထြက္သြားတာေၾကာင့္ ဝမ္းသာဂုဏ္ယူေနပါတယ္။ ဒီအေၾကာင္းကို ” စစ္ေဘးေရွာင္ျပည္သူေတြကို ကူညီဖို႔ ဝိုင္းဝန္းေထာက္ပံ့ေပးခဲ့ၾကတယ္ ။ အားလုံးေရာင္းထြက္သြားတယ္ ။ ဝမ္းသာတယ္၊ ဂုဏ္ယူတယ္၊ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။ (တစ္ကားက not for sale) အေရးေတာ္ပုံေအာင္မွာေသခ်ာတယ္ ” လို႔ သူ႔ရဲ႕လူမူ႔ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။

ပရိသတ္ႀကီးေရ ေဒါင္း ကိုယ္တိုင္ေရးဆြဲထားတဲ့ ပုံတူပန္းခ်ီကားေလးေတြကို ၾကည့္ရႈ႕အားေပးခဲ့ပါအုန္းေနာ္။ အခ်ိန္ေပးၿပီး ဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။

Latest Posts

Don't Miss