Sunday, November 27, 2022

Latest Posts

စစ်တပ်ယုတ်မာမှုကို ကိုယ်ချင်းစာတတ်တဲ့ လူ့အဖွဲ့အစည်းကို မြင်စေချင်လိုက်တာဆိုတဲ့ နိုဗန်ထူး

UNICODE VERSION

အဆိုတော် နိုဗန်ထူး ဟာဆိုရင်တော့ The Voice Myanmar မှာ Winner ဆုရရှိသွားတဲ့အဆိုတော်ပဲဖြစ်ပါတယ်။ စစ်အာဏာ ရှင် အာဏာစသိမ်းပြီးကတည်းကနေ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ကာ ‌တော်လှန်ခဲ့တဲ့သူပဲဖြစ်ပါတယ်။

အဆိုတော် နိုဗန်ထူး ဟာ လွတ်မြောက်နယ်မြေသို့ရောက်ရှိကာ ဆက်လက်တော်လှန်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ နယ်ဘက်တွေ ဖြစ်တာကြောင့် အနေအထိုင် အစားအသောက်တွေလည်းဆင်းရဲကြပါတယ်။

မကြာသေးခင်ကပဲ မြန်မာနိုင်ငံ နေရာအနှံ့ မှာ မိုးရွာသွန်းမှုတွေဖြစ်ခဲ့ပါတယ်။ မိုးရွားသွန်းတာကြောင့် အဆိုတော် နိုဗန်ထူး က သူရဲ့ facebook စာမျက်နှာမှာ အခုလိုရင်ဖွင့်ထားတာပဲဖြစ်ပါတယ်။

” မိုးရွာရင် စိတ်ညစ်ရမယ်လို့ ခင်များတို့ တွေးဘူးလားကိုင်းတောထဲမှာ တာလပတ်တွေနဲ့ မိုးကို အာခံနေရတဲ့ ကိုယ့်လူတွေကို တွေးပူနေရတာဟာ ငရဲဘဲ။ ကိုယ်ချင်းစာတရားဆိုတာ ကိုယ်တိုင် မကြုံဘူးသရွေ့ ကိုယ်ချင်းမစာတတ်ဘူးဆိုတာတော့ ဘဝက သင်ပေးတဲ့ သင်ခန်းစာဘဲ။ ဖက်ဆစ်စစ်တပ်ယုတ်မာမှုကို ကိုယ်ချင်းစာတတ်တဲ့ လူ့အဖွဲ့အစည်းကို မြင်ချင်တာတော့ အမှန်ဘဲ။💔” ဆိုပြီး ရင့်ဖွင်ကာထုတ်ဖော်ရေးသားထားပါတယ်။

သူရဲ့ စာထဲမှာဆိုရင် မိုးရွာတာကြောင့် ဒုက္ခရောက်နေကြတာကိုမြင်တွေ့နိုင်ပါတယ်။ ဒီလိုဒုက္ခတွေကို မြင်ပြီး ကိုယ်ချင်းစာ‌တက်ပါစေလို့ လည်းပြောထားတာပဲဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေရောက်နေကြတဲ့ သူတွေအားလုံးလည်း ဘေးအန္တာရာယ်ကင်းရှင်းပြီး အစစအရာရာအဆင်ပြေကြပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

ZAWGYI VERSION

စစ်တပ်ယုတ်မာမှုကို ကိုယ်ချင်းစာတတ်တဲ့ လူ့အဖွဲ့အစည်းကို မြင်စေချင်လိုက်တာဆိုတဲ့ နိုဗန်ထူး





Latest Posts

Don't Miss