Thursday, December 8, 2022

Latest Posts

စစ်ကိုင်းတိုင်းမှာ နေအိမ်တွေကို မတရားမီးရှို့ဖျက်ဆီးခံရပြီး ပြည်သူတွေဒုက္ခရောက်နေတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဘုန်းဆက်သွင်

Unicode Version

MRTV-4 ဇာတ်လမ်းတွဲတွေမှတစ်ဆင့် နာမည်ကြီးလူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် ဘုန်းဆက်သွင် ကို အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်နော်။

ပရိသတ်တွေ အားပေးမူ့ကို အများဆုံးရရှိခဲ့တဲ့ ကိုလူပျို ဇာတ်လမ်းတွဲ ကတော့ ဘုန်းဆက်သွင် ရဲ့ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်ဘုန်းဆက်သွင် ဟာ ဖေဖော်ဝါရီလ တစ်ရက်နေ့ကတည်းက စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ယနေ့အချိန်ထိ အားမလျော့သွေးမအေးသွားဘဲ အင်တိုက်အားတိုက်ရသလောက် ကြိုးစားပါဝင်နေသူပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် ဘုန်းဆက်သွင် ဟာ ဆိုရင်တော့ ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့ပြီး အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကနေ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပါတယ်။

ဒါကြောင့်လဲ စိတ်ဓာတ်ခိုင်မာပြတ်သားစွာနဲ့ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ သွားရောက်တာဝန် ထမ်းဆောင်နေပြီး စစ်ကောင်စီကို နည်းမျိုးစုံနဲ့ တွန်းလှန်နေတာပဲ ဖြစ်ပါတယ်။

ဘုန်းဆက်သွင် လိုပဲ အခြားသောအနုပညာရှင်တွေနဲ့ ပြည်သူတွေဟာလဲ လမ်းကြောင်းမျိုးစုံ ပုံစံမျိုးစုံနဲ့ တွန်းလှန်နေကြတာပါပဲ။

” စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် တွင် စစ်ခွေး နှင့် ပျူများကြောင့် ရွာပေါင်း၂၀ ကျော် မှ လူနေအိမ် ၇၀၀ကေျာ် ၈၀၀နီးပါး မတရား မီးရှို့ဖျက်ဆီး ခံနေရပါတယ်

အခုဆိုရင် တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူအများစုဟာ စစ်ခွေး ပျူများ နဲ့ ဝေးရာကို တိမ်းရှောင်နေရတာ ဖြစ်တဲ့အတွက်

စစ်ရှောင်တွေ ဟာ အိမ်ပြန်မရသေးပဲ တနေ့ထက်တနေ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူဦးရေ ဟာ အရမ်းများပြားနေပါပြီ” လို့ ဘုန်းဆက်သွင် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

ZawGyi Version

စစ္ကိုင္းတိုင္းမွာ ေနအိမ္ေတြကို မတရားမီးရႈိ႕ဖ်က္ဆီးခံရၿပီး ျပည္သူေတြဒုကၡေရာက္ေနတာေၾကာင့္ စိတ္မေကာင္းျဖစ္ေနတဲ့ ဘုန္းဆက္သြင္

MRTV-4 ဇာတ္လမ္းတြဲေတြမွတစ္ဆင့္ နာမည္ႀကီးလူႀကိဳက္မ်ားလာခဲ့တဲ့ သ႐ုပ္ေဆာင္ ဘုန္းဆက္သြင္ ကို အားလုံးပဲ မွတ္မိၾကအုန္းမယ္ ထင္ပါတယ္ေနာ္။

ပရိသတ္ေတြ အားေပးမူ႔ကို အမ်ားဆုံးရရွိခဲ့တဲ့ ကိုလူပ်ိဳ ဇာတ္လမ္းတြဲ ကေတာ့ ဘုန္းဆက္သြင္ ရဲ႕ လူႀကိဳက္အမ်ားဆုံး ဇာတ္လမ္းတြဲပဲ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ဘုန္းဆက္သြင္ ဟာ ေဖေဖာ္ဝါရီလ တစ္ရက္ေန႔ကတည္းက စတင္ခဲ့တဲ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ယေန႔အခ်ိန္ထိ အားမေလ်ာ့ေသြးမေအးသြားဘဲ အင္တိုက္အားတိုက္ရသေလာက္ ႀကိဳးစားပါဝင္ေနသူပဲ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ ဘုန္းဆက္သြင္ ဟာ ဆိုရင္ေတာ့ ျပည္သူေတြဘက္ကေန မားမားမတ္မတ္ရပ္တည္ခဲ့ၿပီး အမွန္တရားအတြက္ တိုက္ပြဲဝင္ခဲ့တာေၾကာင့္ စစ္ေကာင္စီဘက္ကေန ၅၀၅ က နဲ႔ တရားစြဲဆိုခံထားရပါတယ္။

ဒါေၾကာင့္လဲ စိတ္ဓာတ္ခိုင္မာျပတ္သားစြာနဲ႔ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ သြားေရာက္တာဝန္ ထမ္းေဆာင္ေနၿပီး စစ္ေကာင္စီကို နည္းမ်ိဳးစုံနဲ႔ တြန္းလွန္ေနတာပဲ ျဖစ္ပါတယ္။

ဘုန္းဆက္သြင္ လိုပဲ အျခားေသာအႏုပညာရွင္ေတြနဲ႔ ျပည္သူေတြဟာလဲ လမ္းေၾကာင္းမ်ိဳးစုံ ပုံစံမ်ိဳးစုံနဲ႔ တြန္းလွန္ေနၾကတာပါပဲ။

” စစ္ကိုင္းတိုင္း ေ႐ႊဘိုခ႐ိုင္ တန္႔ဆည္ၿမိဳ႕နယ္ တြင္ စစ္ေခြး ႏွင့္ ပ်ဴမ်ားေၾကာင့္ ႐ြာေပါင္း၂၀ ေက်ာ္ မွ လူေနအိမ္ ၇၀၀ေက်ာ္ ၈၀၀နီးပါး မတရား မီးရႈိ႕ဖ်က္ဆီး ခံေနရပါတယ္

အခုဆိုရင္ တန္႔ဆည္ၿမိဳ႕နယ္အတြင္းရွိ ေက်းလက္ေနျပည္သူအမ်ားစုဟာ စစ္ေခြး ပ်ဴမ်ား နဲ႔ ေဝးရာကို တိမ္းေရွာင္ေနရတာ ျဖစ္တဲ့အတြက္

စစ္ေရွာင္ေတြ ဟာ အိမ္ျပန္မရေသးပဲ တေန႔ထက္တေန႔ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ လူဦးေရ ဟာ အရမ္းမ်ားျပားေနပါၿပီ” လို႔ ဘုန္းဆက္သြင္ ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။

Latest Posts

Don't Miss