Friday, January 27, 2023

Latest Posts

ငါမောရင်းရယ် ငါရယ်ရင်းမော – ခရီးများအဆုံးထိ ဆက်လျှောက်မယ်ဆိုတဲ့ ဦးကျော်သက်လင်း

Unicode Version

မြန်မာ့အသံရဲ့ သတင်းတင်ဆက်သူတစ်ဦးဖြစ်တဲ့ ဦးကျော်သက်လင်း ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်။ သူကတော့ မြန်မာ့အသံဝန်ထမ်းတွေထဲမှာ CDM ကို အစောဆုံးပြုလုပ်ခဲ့သူတစ်ဦးဖြစ်တာကြောင့် ပုဒ်မ ၅၀၅ က နဲ့ တရားဆွဲဆိုခံထားရပါတယ်။ ဒါကြောင့်လဲ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ပြည်သူ့ရဲဘော်အဖြစ်နဲ့ တာဝန်ဆက်လက်ထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။ ဦးကျော်သက်လင်း ဟာ မိဘရဲ့အမွေပြတ်စွန့်လွှတ်ခြင်းကိုခံခဲ့ရတဲ့အပြင် ဇနီးဖြစ်သူရဲ့ လုံးဝမသက်ဆိုင်တော့ပါဆိုတဲ့ အခြေအနေထိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ခံယူချက်ကတော့ ခိုင်မာနေဆဲပဲဖြစ်ပါတယ်။

သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ လက်ရှိမှာ ရှေ့တန်းစစ်ဆင်ရေးကို သွားရောက်နေရတာလဲ ဖြစ်ပါတယ်။ ပင်ပန်းနေပေမယ့် ပရိသတ်တွေအတွက် စာသားလေးတစ်ခုကို အခုလိုပဲ မျှဝေပေးလိုက်ပါတယ်။ ” မညည်းပါဘူး ကိုယ့်တစ်ယောက်ထဲအတွက် လျှောက်တဲ့လမ်းမှမဟုတ်တာ…မလှပါဘူး ရုပ်ရော ဘဝရော ကြမ်းကြမ်းတမ်းတမ်းကြီးက ကိုယ့်အခွက်ကိုယ်သ ကိုယ့်ဘဝကိုယ် ကြွနေအောင်လုပ်ဖို့အချိန်မှမဟုတ်တာ…ဘဝဟာတန်ရာတန်ရာပဲဆိုပေမယ့် မတန်တရာဖြစ်နေတာငါ့ဦးထုပ်တစ်လုံး နေလုံရင်ရပြီပဲ… တောထဲမှာအိပ် တောင်ခြေမှာနား မြစ်ချောင်းကိုဖြတ် ငါတို့တွေမရပ်မနား ငါမောရင်းရယ် ငါရယ်ရင်းမော ခရီးများအဆုံးထိ ” လို့ ဦးကျော်သက်လင်း ဟာ သူ့ရဲ့လူမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
Cele Only ပရိသတ်ကြီးရေ အသက် ၅၀ ဆယ်နှစ်ရှိပြီဖြစ်ပေမယ့် ကျရာတာဝန်ကို ထမ်းဆောင်

နေတဲ့ ဦးကျော်သက်လင်း ကိုတော့ ပရိသတ်တွေအားလုံးက စိတ်ပူနေကြတာလဲ ဖြစ်ပါတယ်။ ပြည်သူ့အတွက်တာဝန်ထမ်းဆောင်နေတဲ့ ဦးကျော်သက်လင်း အတွက်အားပေးစကားလေးတွေကို ကောမန့်မှာရေးသားသွားပေးခဲ့ပါအုန်းနော်။

Zawgyi Version

ငါေမာရင္းရယ္ ငါရယ္ရင္းေမာ – ခရီးမ်ားအဆုံးထိ ဆက္ေလွ်ာက္မယ္ဆိုတဲ့ ဦးေက်ာ္သက္လင္း

ျမန္မာ့အသံရဲ႕ သတင္းတင္ဆက္သူတစ္ဦးျဖစ္တဲ့ ဦးေက်ာ္သက္လင္း ဟာ လက္ရွိမွာ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနပါတယ္။ သူကေတာ့ ျမန္မာ့အသံဝန္ထမ္းေတြထဲမွာ CDM ကို အေစာဆုံးျပဳလုပ္ခဲ့သူတစ္ဦးျဖစ္တာေၾကာင့္ ပုဒ္မ ၅၀၅ က နဲ႔ တရားဆြဲဆိုခံထားရပါတယ္။ ဒါေၾကာင့္လဲ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနၿပီး ျပည္သူ႔ရဲေဘာ္အျဖစ္နဲ႔ တာဝန္ဆက္လက္ထမ္းေဆာင္ေနတာလဲ ျဖစ္ပါတယ္။ ဦးေက်ာ္သက္လင္း ဟာ မိဘရဲ႕အေမြျပတ္စြန႔္လႊတ္ျခင္းကိုခံခဲ့ရတဲ့အျပင္ ဇနီးျဖစ္သူရဲ႕ လုံးဝမသက္ဆိုင္ေတာ့ပါဆိုတဲ့ အေျခအေနထိ ျဖစ္ခဲ့ရပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ခံယူခ်က္ကေတာ့ ခိုင္မာေနဆဲပဲျဖစ္ပါတယ္။

သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း ဟာ လက္ရွိမွာ ေရွ႕တန္းစစ္ဆင္ေရးကို သြားေရာက္ေနရတာလဲ ျဖစ္ပါတယ္။ ပင္ပန္းေနေပမယ့္ ပရိသတ္ေတြအတြက္ စာသားေလးတစ္ခုကို အခုလိုပဲ မွ်ေဝေပးလိုက္ပါတယ္။ ” မညည္းပါဘူး ကိုယ့္တစ္ေယာက္ထဲအတြက္ ေလွ်ာက္တဲ့လမ္းမွမဟုတ္တာ…မလွပါဘူး ႐ုပ္ေရာ ဘဝေရာ ၾကမ္းၾကမ္းတမ္းတမ္းႀကီးက ကိုယ့္အခြက္ကိုယ္သ ကိုယ့္ဘဝကိုယ္ ႂကြေနေအာင္လုပ္ဖို႔အခ်ိန္မွမဟုတ္တာ…ဘဝဟာတန္ရာတန္ရာပဲဆိုေပမယ့္ မတန္တရာျဖစ္ေနတာငါ့ဦးထုပ္တစ္လုံး ေနလုံရင္ရၿပီပဲ… ေတာထဲမွာအိပ္ ေတာင္ေျခမွာနား ျမစ္ေခ်ာင္းကိုျဖတ္ ငါတို႔ေတြမရပ္မနား ငါေမာရင္းရယ္ ငါရယ္ရင္းေမာ ခရီးမ်ားအဆုံးထိ ” လို႔ ဦးေက်ာ္သက္လင္း ဟာ သူ႔ရဲ႕လူမူ႔ကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။
Cele Only ပရိသတ္ႀကီးေရ အသက္ ၅၀ ဆယ္ႏွစ္ရွိၿပီျဖစ္ေပမယ့္ က်ရာတာဝန္ကို ထမ္းေဆာင္

ေနတဲ့ ဦးေက်ာ္သက္လင္း ကိုေတာ့ ပရိသတ္ေတြအားလုံးက စိတ္ပူေနၾကတာလဲ ျဖစ္ပါတယ္။ ျပည္သူ႔အတြက္တာဝန္ထမ္းေဆာင္ေနတဲ့ ဦးေက်ာ္သက္လင္း အတြက္အားေပးစကားေလးေတြကို ေကာမန႔္မွာေရးသားသြားေပးခဲ့ပါအုန္းေနာ္။

Latest Posts

Don't Miss