Sunday, November 27, 2022

Latest Posts

ငဲ့စရာသမီးလေးသာမရှိခဲ့ရင် ရရာအနေအထားနဲ့ ပြန်ချမိမှာပဲဆိုတဲ့ ဒေါက်တာ မြဝတ်ရည်

Unicode Version

ပရိသတ်ကြီးရေ အွန်လိုင်းပေါ်မှာနာမည်ကြီးဆယ်လီတစ်ဦးဖြစ်တဲ့ ခွဲစိတ်အထူးကု ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြဝတ်ရည် ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်နော်။ သူမကတော့ ခွဲစိတ်ဆရာဝန်ဘဝမှာ CDM ပြုလုပ်ပြီး ပြည်သူတွေနဲ့တစ်သားထည်းရပ်တည်ရင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့သူတစ်ဦးပါ။ ဒါကြောင့် ဒေါက်တာ မြဝတ်ရည် ကို ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုထားတာကြောင့် လွတ်မြောက်နယ်မြေတစ်နေရာမှာ ကိုယ်ဝန်ဆောင်ထားရင်းနဲ့ပဲ မိသားစုနဲ့အတူ တိမ်းရှောင်နေရပါတယ်။ သူမဟာ ဖမ်းဝရမ်းထုတ်ခံထားရလို့ ရှောင်တိမ်းရင်း လွတ်မြောက်နယ်မြေမှာပဲ ရင်သွေးငယ်လေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။ သူမရဲ့လသားအရွယ်ရင်သွေးလေးကို ငဲ့နေရလို့ တော်လှန်ရေးအတွက် ပါဝင်ဆောင်ရွက်လို့မရတာကြောင့် အားနာမိတဲ့အကြောင်းကို အခုလိုပဲ ရေးသားထားပါတယ်။

” ငါ့မှာသာ ငဲ့စရာ လသားအရွယ် လူမမည် သမီးလေးသာ မရှိခဲ့ရင် ဒီအချိန်ဟာ ရရာ အနေအထားနဲ့ ပြန်ချမိမှာပဲ တစ်သက်လုံးက ငါတို့ကို ဂျင်းထည့် ရိုက်သွင်းခဲ့တဲ့ သောင်းကျန်းသူ သူပုန် စသဖြင့် တွေဟာ တကယ်တော့ သူတို့ စကစ တွေ ဖြစ်နေခဲ့တာ ယုတ်မာကောက်ကျစ် ရက်စက်စွာ သတ်ဖြတ်တာ ဒင်းတို့ပဲ ရှိတယ် Lee ပဲ ဘာမှ အကြမ်းမဖက်တဲ့ ကလေးတွေကို ကားနဲ့ ရက်ရက်စက်စက် တိုက်သတ်တယ် အပြစ်မဲ့ ရွာသား လူငယ်လေးတွေကို အရှင်လတ်လတ်မီးရှို့တယ် မြင်ရ ကြားရတာတွေဟာ မခံစားနိုင်ဘူး ငါတို့ဟာ မလုံခြုံနေဘူး ငါတို့ဟာ ဘယ်တော့ အသတ်ခံရမယ် ဘယ်တော့ အဖမ်းခံရမယ် ဘယ်တော့ ဘာဖြစ်မယ် မသိတဲ့ ဘဝမှာ ကျီးလန့်စာစား နေနေခဲ့ကြရတယ် လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့အသံကို ငါတို့ မသိခဲ့ကြဘူး ဒင်းတို့ တစ်သက်လုံး မှိုင်းတိုက်ခဲ့တဲ့ တိုင်းရင်းသားတွေက ရိုးသားပြီး ဖော်ရွေတတ် ကူညီတတ်တဲ့ လူအချင်းချင်း လေးစားတတ်တဲ့ စိတ်ကောင်းရှိတဲ့ သူတွေဆိုတာ အတော်နောက်ကျမှ သိခွင့်ရလို့ သူတို့ကို အလေးအနက် တောင်းပန်ရပါမယ် -ပုံကတော့ ဖြစ်ချင်တာလေး ခဏတာ စိတ်ကူးယဉ်ကြည့်ဖို့ ရိုက်ထားတာပါ လသားသမီးကို ငဲ့နေရလို့ (အတော်အားနာမိ) …” ဒေါက်တာ မြဝတ်ရည် ကတော့ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ စာသားအရှည်နဲ့ရေးသားထားပြီး ပရိသတ်တွေအတွက် စာသားအနည်းငယ်ကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

ကဲ ..ပရိသတ်ကြီးရေ ပြည်သူနဲ့ တသားတည်းရပ်တည်ခဲ့တဲ့ ဒေါက်တာ​မြဝတ်ရည်တို့ မိသားစုလေး ဘေးရန်ကင်းပါစေလို့ ကောမန့်မှာ ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။

Latest Posts

Don't Miss