Friday, January 27, 2023

Latest Posts

ဂျက်ဂျက် နဲ့ ဂျူးဂျူး တို့ရဲ့ ချစ်ဖို့ကောင်းတဲ့ဓာတ်ပုံလေးတွေကို မျှဝေလိုက်တဲ့ မေမေ နန်းမြတ်

Unicode Version

ပရိသတ်ကြီးရေ အဆိုတော် သရုပ်ဆောင် မင်းသမီးလေး နန်းမြတ်ဖြိုးသင်း ကတော့ ချစ်ဖို့ကောင်းတဲ့ မျက်နှာပိုင်ရှင်လေးဖြစ်ပြီး အသံချိုချိုလေးကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ဘဲ ရပ်နားလိုက်တဲ့ သူမကိုတော့ ပရိသတ်တွေက ချစ်ခင်နေဆဲပါပဲနော်။ ကံမကောင်းစွာနဲ့ ကိုဗစ်တတိယလှိုင်းမှာ သူမခင်ပွန်းကွယ်လွန်သွားခဲ့တာကြောင့် ပရိသတ်တွေက ဂရုဏာသက်ကာ ပိုမိုအားပေးချစ်ခင်ပေးကြပါတယ်။ ဒါအပြင် ချစ်ဖို့ကောင်းတဲ့ သူမရဲ့ ရင်သွေးလေးနှစ်ဦးဖြစ်တဲ့ ဂျက်ဂျက် နဲ့ ဂျူးဂျူး ကိုလဲ ဝိုင်းဝန်းချစ်နေကြတာကလဲ အရမ်းကိုကြည်နူးစရာကောင်းပါတယ်နော်။

မေမေ နန်းမြတ်ဖြိုးသင်း ဟာ ချစ်ဖို့ကောင်းတဲ့ ဂျက်ဂျက် နဲ့ ဂျူံးဂျူံး ရဲ့ ဓာတ်ပုံလေးတွေကို ချစ်တဲ့ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ” အိပ်ခါနီးဆော့နေတဲ့ကလေး၃ယောက်ဂျူးဂျူးကတော့အိုက်တင်ကိုမထပ်ဘူး ဂျူးဂျူးရုပ်ကလေးပေါ်လာတယ်နော် ” လို့ ဓာတ်ပုံလေးတွေနဲ့အတူ စာသားလေးကို တွဲတင်ထားတာကို တွေ့ရပါတယ်။ သူမပိုစ်အောက်မှာတော့ ချစ်ဖို့ကောင်းတဲ့ ကလေးနှစ်ယောက်ကို ကြည့်ပြီးချစ်ခင်နေကြတဲ့ ပရိသတ်တွေရဲ့ ကောမန့်များစွာရှိပြီးတော့ ပြန်လည်မျှဝေသူ မြောက်မြားစွာရှိပါတယ်။ နန်းမြတ်ဖြိုးသင်း ဟာ ခင်ပွန်းဖြစ်သူကွယ်လွန်ပြီးနောက် ကလေးနှစ်ယောက်ကို မိခင်တာဝန်ပါမက ဖခင်တာဝန်ကိုပါ ကျေပွန်အောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပရိသတ်တွေက ဝာာဝန်ကျေတဲ့ သူမကိုချီးကျူးနေကြတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ချစ်ဖို့ကောင်းတဲ့ ဂျက်ဂျက် နဲ့ ဂျူးဂျူး တို့ရဲ့ ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။ စာဖတ်ပရိသတ်ကြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ZawGyi Version





Latest Posts

Don't Miss