Saturday, December 3, 2022

Latest Posts

ဂန္တဝင် မြန်မာသံ တေးသံရှင်ကြီး အဆိုတော်ကြီး ရာဇာဝင်းတင့် ကွယ်လွန်

Unicode Version

ထင်ရှားသည့် ဂန္တဝင် မြန်မာသံ တေးသံရှင် အဆိုတော်ကြီး (ဦး) ရာဇာဝင်းတင့် (အမည်ရင်း ဦးမြင့်အောင်) ယနေ့ကွယ်လွန်သွားကြောင်းသိရှိရပါတယ်။ ဦး ရာဇာဝင်းတင့်ဟာ နာမကျန်းဖြစ်နေခဲတာကြာပြီဖြစ်ပြီး ဆေးရုံတက်ရင်းနှင့်ကွယ်လွန်ခဲ့ရတယ်လို့သိရပါတယ်။

သူဟာ မောင်ဝင်းတင့် အမည်နှင့် မြန်မာ့အသံမှာ ဓာတ်ပြားရတေးတွေ စတင်သီဆိုခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ အဆိုတော်ကြီး(ဒေါ်)ဖြူသီရဲ့ ချစ်လှတဲ့ မောင်ငယ်တစ်ဦးလည်းဖြစ်ပါတယ်။ အမဖြစ်သူနှင့်အတူ တေးစီးရီးအချို့မှာလည်း သီဆိုခဲ့ပါတယ်။

ပရိသတ်အသည်းစွဲ ဂန္တဝင် မြန်မာသံ တေးသံရှင်ကြီး အဆိုတော် ရာဇာဝင်းတင့် ဟာလည်း ယနေ့ ဇူလိုင် ၃၁ ရက်မှာ မိုးနှင့်အတူ ကြွေလွင့်ရှာပြီဖြစ်ကြောင်း စိတ်မကောင်းဖွယ် သိရှိရပါတယ်။ တစ်ခေတ် တစ်ခါမှာ အလွန်ကျော်ကြားခဲ့တဲ့ အနုပညာရှင်ကြီး မြန်မာသံအဆိုတော်ကြီး(ဦး) ရာဇာဝင်းတင့် ကောင်းရာသုဂတိရောက်ရှိပါစေ။

ZawGyi Version

ဂႏၲဝင္ ျမန္မာသံ ေတးသံရွင္ႀကီး အဆိုေတာ္ႀကီး ရာဇာဝင္းတင့္ ကြယ္လြန္

ထင္ရွားသည့္ ဂႏၲဝင္ ျမန္မာသံ ေတးသံရွင္ အဆိုေတာ္ႀကီး (ဦး) ရာဇာဝင္းတင့္ (အမည္ရင္း ဦးျမင့္ေအာင္) ယေန႔ကြယ္လြန္သြားေၾကာင္းသိရွိရပါတယ္။ ဦး ရာဇာဝင္းတင့္ဟာ နာမက်န္းျဖစ္ေနခဲတာၾကာၿပီျဖစ္ၿပီး ေဆး႐ုံတက္ရင္းႏွင့္ကြယ္လြန္ခဲ့ရတယ္လို႔သိရပါတယ္။

သူဟာ ေမာင္ဝင္းတင့္ အမည္ႏွင့္ ျမန္မာ့အသံမွာ ဓာတ္ျပားရေတးေတြ စတင္သီဆိုခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။ သူဟာ အဆိုေတာ္ႀကီး(ေဒၚ)ျဖဴသီရဲ႕ ခ်စ္လွတဲ့ ေမာင္ငယ္တစ္ဦးလည္းျဖစ္ပါတယ္။ အမျဖစ္သူႏွင့္အတူ ေတးစီးရီးအခ်ိဳ႕မွာလည္း သီဆိုခဲ့ပါတယ္။

ပရိသတ္အသည္းစြဲ ဂႏၲဝင္ ျမန္မာသံ ေတးသံရွင္ႀကီး အဆိုေတာ္ ရာဇာဝင္းတင့္ ဟာလည္း ယေန႔ ဇူလိုင္ ၃၁ ရက္မွာ မိုးႏွင့္အတူ ေႂကြလြင့္ရွာၿပီျဖစ္ေၾကာင္း စိတ္မေကာင္းဖြယ္ သိရွိရပါတယ္။ တစ္ေခတ္ တစ္ခါမွာ အလြန္ေက်ာ္ၾကားခဲ့တဲ့ အႏုပညာရွင္ႀကီး ျမန္မာသံအဆိုေတာ္ႀကီး(ဦး) ရာဇာဝင္းတင့္ ‌ေကာင္းရာသုဂတိေရာက္ရွိပါေစ။

Latest Posts

Don't Miss