Friday, January 27, 2023
Latest Posts
ဂတုံးကြီးနဲ့ သားပြန်လာချိန် မလှတော့မှာ စိုးရိမ်နေရှာတဲ့ ပိုင်တံခွန် ရဲ့ မိခင်ကြီး
Unicode Version
ပရိသတ်ကြီးရေ နိုင်ငံကျော်မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် ကိုတော့ မိန်းကလေးပရိသတ်အားလုံး ပြောစရာမလိုအောင် သိလိမ့်မယ်ထင်ပါတယ်။ ပိုင်တံခွန် ဆိုတာနဲ့ ဆယ်ကျော်သက်နူတ်ခမ်းနီမလေးတွေ နဲ့ အန်တီမမတို့ အသည်းစွဲချစ်ခင်ရတဲ့ မော်ဒယ်မင်းသားလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်အရမ်းချစ်ခင်ရတဲ့ ပိုင်တံခွန် ဟာ ကံမကောင်းစွာနဲ့ ဖမ်းဆီးခံထားရဆိုရင်တော့ အခုဆိုရင်လပေါင်းများစွာ ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ ပိုင်တံခွန် ကို မိသားစုနဲ့ ကမ္ဘာအရပ်ရပ်ကချစ်ပရိသတ်တွေက လွမ်းနေကြပြီးတော့ ပြန်လည်လွတ်မြောက်လာမယ့်အချိန်ကို မျှော်လင့်စောင့်စားနေကြာတာပဲဖြစ်ပါတယ်။ ဒီလိုအချိန်ကို စောင့်မျှော်နေသူတွေထဲမှာ ပိုင်တံခွန် မိခင်ကြီးလဲအပါအဝင်ဖြစ်ပါတယ်။ ပိုင်တံခွန် ရဲ့ မိခင် ကတော့ ဂတုံးကြီးနဲ့ သားပြန်လာချိန် မလှတော့မှာစိုးရိမ်နေပါတယ်တဲ့။
မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် မိခင်ကြီးဟာ သားဖြစ်သူစိတ်နဲ့ ကျန်းမာရေးချို့ယွင်းနေတာဆိုရင်တော့ လပေါင်းများစွာ ကြာမြင့်နေပါပြီ။ ကျန်းမာရေးအခြေအနေကြောင့် သောက်သုံးနေရတဲ့ဆေးဝါးတွေကတော့ ပြင်းထန်လွန်းတာကြောင့် ဆံပင်တွေကျွတ်လာတယ်လို့ ပိုင်တံခွန် ရဲ့အစ်မဖြစ်သူက မိခင်ဖြစ်သူရဲ့ အခြေအနေနဲ့ပတ်သတ်ပြီး အခုလိုပဲရေးသားထားပါတယ်။ ” ဆေးသောက်ရများပြီး တစ်နေ့ထက်တစ်နေ့ ဆံပင်တွေပိုကျွတ်လာတဲ့ အမေက သူ့ဆံပင်ထွေးကြီးကိုကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ဂတုံး တုံးချင်တယ်တဲ့ (အလှသိပ်ကြိုက်တဲ့ အမေကလေ) ဒါပေမဲ့ သူ့သားပြန်လာချိန် သူ မလှတော့တာကိုမြင်ပြီး စိတ်မကောင်းဖြစ်သွားမှာလည်း စိုးရိမ်သတဲ့ကွယ်…” လို့ ပိုင်တံခွန် ရဲ့အစ်မဖြစ်သူ မေချစ်သွေး က လူမှု့ကွန်ယက်စာမျက်နှာ‌ေပါ်မှာ ပရိသတ်တွေသိအောင် ရေးသားမျှဝေထားပါတယ်။
ပရိသတ်ကြီးရေ မတရားဖမ်းဆီးခံထားရတဲ့‌‌ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် အြမန်ဆုံးပြန်လည်လွတ်မေြာက်ပါစေလို့ ကောမန့်မှာ ဆုတောင်းပေးခဲ့ပါအုန်းနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့့ စာဖတ်ပရိသတ်ကြီးကို ကေျးဇူးအထူးတင်ရှိပါတယ်။
ZawGyi version
ပရိသတ်ကြီးရေ မတရားဖမ်းဆီးခံထားရတဲ့‌‌ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် အြမန်ဆုံးပြန်လည်လွတ်မြောက်ပါစေလို့ ကောမန့်မှာ ဆုတောင်းပေးခဲ့ပါအုန်းနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Latest Posts
Don't Miss