Sunday, November 27, 2022

Latest Posts

ခြေတု မတပ်နိုင်သူတွေအတွက် အခမဲ့တပ်ဆင်လှူဒါန်းပေးလိုက်တဲ့ မင်းသမီး ခိုင်နှင်းဝေ

Unicode Version

ပရိတ်သတ်ကြီး‌ရေ ပရဟိတလုပ်ငန်းတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေပြီး အခြေခံလူတန်းစားတွေရဲ့အခက်အခဲတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသူတွေ၊ စွန့်ပစ်ခံကလေးငယ်များနှင့် မိဘမဲ့ကလေးများကိုပါမကျန် ပြုစုထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိတဲ့ သရုပ်ဆောင် မခိုင်နှင်းဝေကိုတော့ မသိသူမရှိလောက်ဘူးထင်ပါတယ်ခင်ဗျာ။ ခိုင်နှင်းဝေ ကတော့မိဘမဲ့ကလေးလေးတွေအတွက် ခိုင်”မိသားစု”ဂေဟာကိုလက်ရှိမှာ ဖွင့်လှစ်ထားပြီးတော့ ရင်ခွင်မဲ့ကလေးလေးတွေကို စောက်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒါအပြင် ခိုင်နှင်းဝေ ဟာ ဒီနေ့မှာတော့ ခြေထောက်မရှိလို့ မသန်စွမ်းဖြစ်နေရတဲ့ လူနာတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ပေးခဲ့ပါသေးတယ်။

မင်းသမီး ခိုင်နှင်းဝေ ဟာ လှူဒါန်းမှု့တွေပြုလုပ်ခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သတ်ပြီး ” ဆက်လက် လှူဒါန်းဖြစ်တဲ့ ခြေတု အလှုလေးတွေပါရှင်..ခုနှစ်ရက် သားသမီး အလှုရှင်များ အားလုံး ပီတိဖြစ် ကုသိုလ်ပွားများနိုင်ရန် အချောရသွားသူများ နှင့် ပြုလုပ်ဆဲ လူနာများ ပုံလေးတွေကို ဝေမျှပေးပါတယ်..အားလုံးပဲ သာဓု သာဓု ခေါ်ဆို၍ ထပ်တူ ကုသိုလ် ယူပေးကြပါရှင်..ခန္ဓာကိုယ် အစိတ် အပိုင်း လှုရသော အကျိုးကျေးဇူးတို့အား ထပ်တူ ရရှိ၍ သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်..” လို့ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။ ခိုင်နှင်းဝေ ကတော့ သူမကိုလှူဒါန်းထားတဲ့ တောင်ဒဂုံ (၁၀၅) မြေကွက်မှာ စက်ရုံ အသေးစားလေး တည်ထောင်ပြီး ခြေတု ၊လက်တု စက်ရုံလေးတစ်ခုကို တည်ထောင်ဘို့ စတင်အကောင်အထည်ဖော်နေပြီပဲဖြစ်ပါတယ်။ ခြေတု ၊ လက်တု မတပ်နိုင်တဲ့ မည်သူမဆို အခမဲ့ တပ်ဆင်လှူဒါန်းပေးသွားပါမယ်လို့သိရပါတယ်။

စာဖတ်သူ ချစ်ပရိတ်သတ်ကြီးတို့ရေ သရုပ်ဆောင် ခိုင်နှင်းဝေနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းမှုကုသိုလ်အစုစုတို့ကိုလည်း ကွန်မန့်မှာ သာဓု ခေါ်ဆိုပေးခဲ့ကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးခဲ့ကြတဲ့ ပရိတ်သတ်တစ်‌ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒတွေ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။

ZawGyi Version

ေျခတု မတပ္ႏိုင္သူေတြအတြက္ အခမဲ့တပ္ဆင္လႉဒါန္းေပးလိုက္တဲ့ မင္းသမီး ခိုင္ႏွင္းေဝ

ပရိတ္သတ္ႀကီး‌ေရ ပရဟိတလုပ္ငန္းေတြကို စဥ္ဆက္မျပတ္လုပ္ေဆာင္ေနၿပီး အေျခခံလူတန္းစားေတြရဲ႕အခက္အခဲေတြ၊ က်န္းမာေရးေစာင့္ေရွာက္မႈလိုအပ္ေနသူေတြ၊ စြန႔္ပစ္ခံကေလးငယ္မ်ားႏွင့္ မိဘမဲ့ကေလးမ်ားကိုပါမက်န္ ျပဳစုထိန္းသိမ္းေစာင့္ေရွာက္ေပးလ်က္ရွိတဲ့ သ႐ုပ္ေဆာင္ မခိုင္ႏွင္းေဝကိုေတာ့ မသိသူမရွိေလာက္ဘူးထင္ပါတယ္ခင္ဗ်ာ။ ခိုင္ႏွင္းေဝ ကေတာ့မိဘမဲ့ကေလးေလးေတြအတြက္ ခိုင္”မိသားစု”ေဂဟာကိုလက္ရွိမွာ ဖြင့္လွစ္ထားၿပီးေတာ့ ရင္ခြင္မဲ့ကေလးေလးေတြကို ေစာက္ေရွာက္ေပးေနတာပဲ ျဖစ္ပါတယ္။ ဒါအျပင္ ခိုင္ႏွင္းေဝ ဟာ ဒီေန႔မွာေတာ့ ေျခေထာက္မရွိလို႔ မသန္စြမ္းျဖစ္ေနရတဲ့ လူနာေတြအတြက္ လိုအပ္ခ်က္ေတြကို ျဖည့္ေပးခဲ့ပါေသးတယ္။

မင္းသမီး ခိုင္ႏွင္းေဝ ဟာ လႉဒါန္းမႈ႕ေတြျပဳလုပ္ခဲ့တဲ့ အေၾကာင္းအရာနဲ႔ပတ္သတ္ၿပီး ” ဆက္လက္ လႉဒါန္းျဖစ္တဲ့ ေျခတု အလႈေလးေတြပါရွင္..ခုႏွစ္ရက္ သားသမီး အလႈရွင္မ်ား အားလုံး ပီတိျဖစ္ ကုသိုလ္ပြားမ်ားႏိုင္ရန္ အေခ်ာရသြားသူမ်ား ႏွင့္ ျပဳလုပ္ဆဲ လူနာမ်ား ပုံေလးေတြကို ေဝမွ်ေပးပါတယ္..အားလုံးပဲ သာဓု သာဓု ေခၚဆို၍ ထပ္တူ ကုသိုလ္ ယူေပးၾကပါရွင္..ခႏၶာကိုယ္ အစိတ္ အပိုင္း လႈရေသာ အက်ိဳးေက်းဇူးတို႔အား ထပ္တူ ရရွိ၍ သာဓု သာဓု ေခၚဆိုႏိုင္ၾကပါေစရွင္..” လို႔ သူ႔ရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားထားပါတယ္။ ခိုင္ႏွင္းေဝ ကေတာ့ သူမကိုလႉဒါန္းထားတဲ့ ေတာင္ဒဂုံ (၁၀၅) ေျမကြက္မွာ စက္႐ုံ အေသးစားေလး တည္ေထာင္ၿပီး ေျခတု ၊လက္တု စက္႐ုံေလးတစ္ခုကို တည္ေထာင္ဘို႔ စတင္အေကာင္အထည္ေဖာ္ေနၿပီပဲျဖစ္ပါတယ္။ ေျခတု ၊ လက္တု မတပ္ႏိုင္တဲ့ မည္သူမဆို အခမဲ့ တပ္ဆင္လႉဒါန္းေပးသြားပါမယ္လို႔သိရပါတယ္။

စာဖတ္သူ ခ်စ္ပရိတ္သတ္ႀကီးတို႔ေရ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝႏွင့္ အလႉရွင္မ်ား စုေပါင္းလႉဒါန္းမႈကုသိုလ္အစုစုတို႔ကိုလည္း ကြန္မန႔္မွာ သာဓု ေခၚဆိုေပးခဲ့ၾကပါဦးေနာ္။ အခ်ိန္ေပးၿပီး ဖတ္ရႈေပးခဲ့ၾကတဲ့ ပရိတ္သတ္တစ္‌ေယာက္ခ်င္းစီတိုင္းကိုလည္း ေက်းဇူးအထူးပင္တင္ရွိပါတယ္။ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၿပီး လိုရာဆႏၵေတြ ျပည့္စုံၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ရပါတယ္ခင္ဗ်ာ။

Latest Posts

Don't Miss