Sunday, November 27, 2022

Latest Posts

ချောရတနာ ရဲ့မွေးနေ့ကို ပရိသတ်တွေမမြင်ဖူးတဲ့ဓာတ်ပုံလေးတွေနဲ့ ‌မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ညီညီမောင်

Unicode Version

ချောတနာ ကတော့ဆယ်စုနှစ်ခုတိုင်အောင် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကိုရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ရုံတင်ဇာတ်ကားကြီးဖြစ်တဲ့ “ဉ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ စိတ်မနှံ့တဲ့မိန်းကလေးတစ်ဦးရဲ့ဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုရရှိခဲ့ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာပြည်ရဲ့ အခြေအနေတွေမှာ ပြည်သူတွေဘက်က ရပ်တည်ခဲ့တာကြောင့် ပရိသတ်တွေက ပိုမိုအချစ်ပိုခဲ့ရပြန်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂၉ရက်နေ့ကတော့ ချောရတနာ ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ အနုပညာမောင်နှမဖြစ်တဲ့ ညီညီမောင် (စမ်းချောင်း)ကတော့ ပရိသတ်တွေမမြင်ဖူးတဲ့ဓာတ်ပုံလေးတွေနဲ့ ‌ထူးထူးခြားခြားမွေးနေ့ဆုတောင်းလာတာကိုလည်း တွေ့ရပါတယ်။

ညီညီမောင် (စမ်းချောင်း)က သူရဲ့ဖေ့ဘွတ်အကောင့်မှာ” Happy birthday ချော စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွှင်ပါစေ ဘဝအမှတ်တရ များစွာနဲ့ ကျမချစ်သော “ဆိုပြီး ပရိသတ်တွေမမြင်ဖူးတဲ့ သူရဲ့ဓာတ်ပုံလေးတွေနဲ့အတူ မွေးနေ့ဆုတောင်းပေးထားတာကိုတွေ့ရပါတယ်။ သူမရဲ့မွေးနေ့ကို အနုပညာရှင်အသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမတွေက မွေးနေ့ဆုတောင်းပေးလာကြပါတယ်။ ပရိသတ်တွေကလည်း ချောရတနာ အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ကို ကောမန့်မှာ ရေးသားပြီး ဆုတောင်းပေးထားကြပါသေးတယ်။ လက်ရှိမှာ ချောရတနာ ကတော့ အသက် သားတစ်ယောက်၊သမီး တစ်ယောက်ကို မွေးဖွားထားတဲ့မိခင်ပြီး မိသားစု ဘဝလေးကို သာယာလှပအောင် တည်ဆောက်ထားတာဖြစ်ပါတယ်နော်။

ကဲ..ပရိသတ်ကြီးရေ ချောရတနာရဲ့ အသက် ၃၄ နှစ်ပြည့်မွေးနေ့လေးကို ကောမန့်မှာ ဆုတောင်းပေးခဲ့ပါအုန်းနော်။ ပရိသတ်အချစ်တော် ချောရတနာနဲ့ ညီညီမောင်(စမ်းချောင်း)တို့ရဲ့ပရိသတ်မမြင်ဖူးသေးတဲ့ ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss