Tuesday, November 29, 2022

Latest Posts

ချစ်သူသက်တမ်း ၁၁ နှစ်ပြည့်သွားပြီဖြစ်တဲ့ အဆိုတော် ကျော်ထွဋ်ဆွေ နဲ့ နန်းသူဇာ တို့စုံတွဲ

Unicode Version

Cele Only ပရိသတ်ကြီးရေ Rap သီချင်းကောင်းများစွာကို အထာကျကျသီဆိုတတ်တဲ့ နာမည်ကြီး Hip Hop အဆိုတော် ကျော်ထွဋ်ဆွေ ကိုတော့ လူငယ်ပရိသတ်တွေ မှတ်မိကြအုန်းမယ် ထင်ပါတယ်။ ကျော်ထွဋ်ဆွေ ဟာ အဆိုတော် ဂျောက်ဂျက် နဲ့ သီချင်းကောင်းများစွာကို အတူဖန်တီးခဲ့ပြီး လူငယ်ပရိသတ်တွေကြား အတော်လေးရေပန်းစားခဲ့တာပါ။ ဒါအပြင် ကျော်ထွဋ်ဆွေ ဟာ ရဲ့ One Way Hair Style ဟာ ယောက်ကျားလေးပရိသတ်တွေ လိုက်ညှပ်ရတဲ့အထိ နာမည်ကြီးခဲ့ပါတယ်။

အဆိုတော် ကျော်ထွဋ်ဆွေ နဲ့ နန်းသူဇာ ဟာ ချစ်သူတွေအဖြစ် တွဲလာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပါပြီ။ အားလုံးကအားကျရတဲ့ သူတို့စုံတွဲကတော့ ဒီကနေ့မှာတော့ ချစ်သူသက်တမ်း ၁၁ နှစ်ပြည့်ခဲပါပြီတဲ့။ ချစ်သူသက်တမ်း ၁၁ နှစ်ပြည့်မှာ ကျော်ထွဋ်ဆွေ ဟာ ” ၁၁နှစ်တဲ့။ ဒီနေ့မနက်အထိ သူနဲ့ချိန်းထားတိုင်း သူသဘောကျတတ်တဲ့ အဝတ်အစားလေးတွေ သူမသိအောင်ခိုးပြီး ရွေးဝတ်မိနေတုန်း။ Happi Anni Mee Lay ” လို့ ချစ်သူ အဆိုတော် နန်းသူဇာ အတွက် ချစ်စနိုးလေးနဲ့ ရေးသားထားတာကို တွေ့ရပါတယ်။

အရမ်းကိုလိုက်ဖက်ပြီး ချစ်သူသက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ သူတို့စုံတွဲရဲ့ မင်္ဂလာသတင်းကိုတော့ ပရိသတ်တွေအားလုံးက မျှော်လင့်နေကြတာပါ။ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version

ခ်စ္သူသက္တမ္း ၁၁ ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ အဆိုေတာ္ ေက်ာ္ထြဋ္ေဆြ နဲ႔ နန္းသူဇာ တို႔စုံတြဲ

Cele Only ပရိသတ္ႀကီးေရ Rap သီခ်င္းေကာင္းမ်ားစြာကို အထာက်က်သီဆိုတတ္တဲ့ နာမည္ႀကီး Hip Hop အဆိုေတာ္ ေက်ာ္ထြဋ္ေဆြ ကိုေတာ့ လူငယ္ပရိသတ္ေတြ မွတ္မိၾကအုန္းမယ္ ထင္ပါတယ္။ ေက်ာ္ထြဋ္ေဆြ ဟာ အဆိုေတာ္ ေဂ်ာက္ဂ်က္ နဲ႔ သီခ်င္းေကာင္းမ်ားစြာကို အတူဖန္တီးခဲ့ၿပီး လူငယ္ပရိသတ္ေတြၾကား အေတာ္ေလးေရပန္းစားခဲ့တာပါ။ ဒါအျပင္ ေက်ာ္ထြဋ္ေဆြ ဟာ ရဲ႕ One Way Hair Style ဟာ ေယာက္က်ားေလးပရိသတ္ေတြ လိုက္ညႇပ္ရတဲ့အထိ နာမည္ႀကီးခဲ့ပါတယ္။

အဆိုေတာ္ ေက်ာ္ထြဋ္ေဆြ နဲ႔ နန္းသူဇာ ဟာ ခ်စ္သူေတြအျဖစ္ တြဲလာခဲ့တာ ဆယ္စုႏွစ္တစ္ခုေက်ာ္ခဲ့ပါၿပီ။ အားလုံးကအားက်ရတဲ့ သူတို႔စုံတြဲကေတာ့ ဒီကေန႔မွာေတာ့ ခ်စ္သူသက္တမ္း ၁၁ ႏွစ္ျပည့္ခဲပါၿပီတဲ့။ ခ်စ္သူသက္တမ္း ၁၁ ႏွစ္ျပည့္မွာ ေက်ာ္ထြဋ္ေဆြ ဟာ ” ၁၁ႏွစ္တဲ့။ ဒီေန႔မနက္အထိ သူနဲ႔ခ်ိန္းထားတိုင္း သူသေဘာက်တတ္တဲ့ အဝတ္အစားေလးေတြ သူမသိေအာင္ခိုးၿပီး ေ႐ြးဝတ္မိေနတုန္း။ Happi Anni Mee Lay ” လို႔ ခ်စ္သူ အဆိုေတာ္ နန္းသူဇာ အတြက္ ခ်စ္စႏိုးေလးနဲ႔ ေရးသားထားတာကို ေတြ႕ရပါတယ္။

အရမ္းကိုလိုက္ဖက္ၿပီး ခ်စ္သူသက္တမ္းၾကာျမင့္ေနၿပီျဖစ္တဲ့ သူတို႔စုံတြဲရဲ႕ မဂၤလာသတင္းကိုေတာ့ ပရိသတ္ေတြအားလုံးက ေမွ်ာ္လင့္ေနၾကတာပါ။ သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ ေန႔ရက္တိုင္းကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Latest Posts

Don't Miss