Sunday, November 27, 2022

Latest Posts

ချစ်သမီးလေး စံထိပ်ထားဦး ရဲ့မွေးနေ့လေးကို ဆုတောင်းပေးလိုက်တဲ့ မေမေ ခိုင်သင်းကြည်

Unicode Version

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါတုန်းကထဲက နာမည်ကြီးကျော်ကြားခဲ့တဲ့ မင်းသမီး ခိုင်သင်းကြည် ဟာနာမည်ကြီးမင်းသားပေါင်းများစွာနဲ့ တွဲဖက်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားတဲ့ မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။ သူမဟာထိပ်တန်းမင်းသမီးပီပီ သရုပ်ဆောင်ချက်တွေကလဲ ကောင်းမွန်ပီပြင်လွန်းတာကြောင့် ပရိသတ်ပေါင်းများစွာရဲ့ ချစ်ခင်အားပေးမှု့ကို ရရှိထားတာပဲဖြစ်ပါတယ်။ ဒါအပြင် အခုချိန်ထိနုပျိုနေဆဲဖြစ်တဲ့ မင်းသမီး ခိုင်သင်းကြည် ကတော့ လက်ရှိမှာ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီးတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ဦးရှိပါတယ်။ ဒီနေ့လေးကတော့ သူမရဲ့တစ်ဦးထဲသော သမီးလေး စံထိပ်ထားဦး ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။

မင်းသမီး ခိုင်သင်းကြည် ရဲ့သမီးလေး စံထိပ်ထားဦးကတော့ အနုပညာသွေးပါလာတဲ့သူပီပီ မိခင်ဖြစ်သူလိုပဲ အနုပညာလမ်းကို လျှောက်လှမ်းနေပြီး ကြော်ငြာတစ်ချို့ကိုရိုက်ကူးထားပြီးတော့ ပရိသတ်အားပေးချစ်ခင်မှု့ကို ရရှိသူနေသူလေးပဲဖြစ်ပါတယ်။ ခိုင်သင်းကြည် ကတော့သူမရဲ့ချစ်သမီးလေး မွေးနေ့လေးကို ဆုတောင်းစကားလေးတွေကို အခုလိုပဲ ရေးသားဖော်ပြခဲ့ပါတယ်။ ” Happy Birthday မေမေ့ချစ်သဲလေးရေ ၁၉နှစ်တောင်ရှိသွားပေမဲ့သဲလေးကိုလူ့လောကထဲစပြီးခေါ်လာခဲ့တဲ့နေ့ကမနေ့တနေ့ကလိုပါဘဲ မေမေ့တို့ဆီလာချင်လွန်းလို့ချက်ချင်းရပြီးစောမွေးခဲ့ရတာနေမှာ မွေးနေ့ကစပြီးစိတ်ချမ်းသာပြီးကိုယ်ကျန်းမာပါစေ ဘုရားတရားသံဃာမိဘဆရာတွေရဲ့ဂုဏ်ကျေးဇူးကိုအမြဲသိနားလည်ကိုးကွယ်နိုင်ပါစေ မေမေလည်းသဲလေးကိုခလေးတယောက်လိုအချစ်လွန်ပြီးအမြဲလိုက်ပြီးစိတ်ပူနေတက်တာတွေလျှော့ပါ့မယ် အရမ်းချစ်တယ်သဲလေးရေ ” လို့ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားတဲ့ သတင်းလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

Cele Only ပရိသတ်ကြီးရေ … မင်းသမီးကြီး ခိုင်သင်းကြည် ရဲ့ တစ်ဦးထဲသောသမီး‌လေး စံထိပ်ထားဦး ရဲ့ ၁၉ နှစ်ပြည့်မွေးနေ့လေးကို ကောမန့်မှာ ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။

ZawGyi Version





Latest Posts

Don't Miss