Tuesday, November 29, 2022

Latest Posts

ချစ်သက်လက်ဆောင်လေးကို မဲဖောက်ပေးပြီး ရန်ပုံငွေ ကျပ်သိန်း ၁၃၀၀ ရရှိခဲ့တဲ့ ခီမောင်နှံ

Unicode Version

ပရိသတ်ကြီးရေ လူတိုင်းအားကျရတဲ့ အနုပညာစုံတွဲတစ်တွဲဖြစ်တဲ့ ခီမောင်နှံ ကိုတော့ လူတိုင်းကချစ်ခင် ကြပါတယ်နော်။ အနုပညာ အရည်အသွေးတွေကို အကောင်းဆုံးထုတ် ဖော်ပြသနိုင်ခဲ့တာကြောင့်လဲ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမူ့ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပြောင်မြောက်တဲ့ အနုပညာဆန်းသစ်မူ့တွေ ပါဝင်ပြီး ရိုက်ကူးသရုပ်ဆောင်ချက်တွေပါဝင်တဲ့ ခီမောင်နှံ ရဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားများဖြစ်ကြတဲ့ “ဥပါယ်တံမျဥ်” “မုဒြာရဲ့ခေါ်သံ ” ” Now And Ever ” ရုပ်ရှင်ကားတွေက နာမည်ကြီးကျော်ကြားခဲ့ပါတယ်။ ခီမောင်နှံ ကတော့ 13th Anniversary ချစ်သက်လက်ဆောင်ကို မဲဖောက်ပြီး ရန်ပုံငွေရှာခဲ့ပါတယ်။

13th Anniversary ချစ်သက်လက်ဆောင်လေးကို မဲဖောက်ပြီး သိန်းပေါင်း ၁၃၀၀ရန်ပုံငွေရှာနိုင်ခဲ့ပါတယ်။ ကံထူးရှင်ကတော့ မဲလက်မှတ်ပိုင်ရှင်ကတော့ ကိုရီးယားနိုင်ငံမှာ ပြည်သူတစ်ဦးဖြစ်ပါတယ်။ ဒီအကြောင်းကို ” ကျနော်တို့ရဲ့ပထမဆုံး fundraising item ကို ကမ္ဘာအရပ်ရပ်ကမြန်မာပြည်သူများရဲ့ပါဝင်မှုကြောင့် ကျပ်သိန်း၁၃၀၀ ရန်ပုံငွေရှာနိုင်ခဲ့ပါတယ်။ 13th Anniversary ချစ်သက်လက်ဆောင်ကိုရသွားတဲ့ကံထူးရှင်ကတော့ ကိုရီးယားနိုင်ငံကဖြစ်ပြီး လက်မှတ်နံပါတ်ကတော့ 05100 ဖြစ်ပါတယ်။ Congratulations ပါ!!! ရရှိထားတဲ့ရန်ပုံငွေတွေကို လိုအပ်နေတဲ့ပြည်သူတွေဆီ ဆက်တိုက်ပေးအပ်​နေပြီဖြစ်ကြောင်းလည်းတဆက်တည်းသတင်းကောင်းပါးအပ်ပါတယ်။ ဘယ်ဒေသတွေကိုလှူဖြစ်တယ်ဆိုတာကိုလည်းမကြာခင်မှာ ထုတ်ဖေါ်ပြောကြားသွားမှာပါ။ ဒုတိယမြောက် fundraising ပစ္စည်းကိုတော့မကြာခင်မှာ ကြေငြာသွားမှာ ဖြစ်ပါတယ်ခင်ဗျ။ ပိုက်ဆံတွေစုထားကြပါဦး ” လို့ ပရိသတ်တွေကို အသိပေးထားပါတယ်။

မင်းသား ဇာဏ်ခီ က ချစ်သက်ဆောင်အနေနဲ့ ခရစ်တီးနားခီကို အမြတ်တနိုးဝယ်ပေးထားတဲ့ ဆွဲကြိုး နဲ့ နားကပ်လေး ကတော့ သိန်း ၁၃၀၀ ရရှိသွားပြီး ကံထူးရှင်လဲ ပေါ်ပေါက်သွားခဲ့ပါပြီ။ နောက်ထပ်လဲ ဘယ်လိုပစ္စည်းလေးတွေကို ထပ်မံမဲဖောက်ပေးမလဲဆိုတာကို စောင့်ကြည့်လိုက်ပါအုန်းနော်။

ZawGyi Version





Latest Posts

Don't Miss