Monday, November 28, 2022

Latest Posts

ချစ်တဲ့သူတွေအတွက် လူကောင်းအတိုင်း ပြန်ဖြစ်အောင် ကြိုးစားနေတဲ့ မေတင်မောင်ဆန်းဝင်း

မြန်မာ့ဇာတ်သဘင်လောကရဲ့ နာမည်ကြီးအကျော်အမော်တစ်ဦးဖြစ်တဲ့ ဇာတ်မင်းသားကြီး ဦးရွှေမန်းတင်မောင် ရဲ့မျိုးဆက်ဖြစ်ပြီး သားသမီးမြေးမြစ်တွေက အမွေဆက်ခံပြီး တည်ထောင်ထားတဲ့ ရွှေမန်းဇာတ်သဘင် ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။ ‌ရွှေမန်းဇာတ်သဘင်ကို လက်ဆင့်ကမ်း အမွေဆက်ခံလာတာကြောင့် အခုချိန်ထိမပျောက်ပျက်ပဲ ဆက်လက်တည်ရှိတာပဲဖြစ်ပါတယ်။ လက်ရှိ ရွှေမန်းသဘင် ကိုလက်ဆင့်ကမ်း ဦးဆောင်နေသူကတော့ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း ပဲဖြစ်ပါတယ်။ သူနဲ့အတူ ပွဲတိုင်းမှာ ကပြဖျော်ဖြေနေသူကတော့ ညီမဖြစ်သူ မေတင်မောင်ဆန်းဝင်း ပဲဖြစ်ပါတယ်။ ရွှေမန်းမျိုးဆက်ဖြစ်တဲ့ မောင်နှမနှစ်ဦးကို ပရိသတ်တွေအားလုံးကချစ်ခင်ကြပါတယ်နော်။

ဇာတ်မင်းသား တင်မောင်ဆန်းဝင်း ရဲ့ ညီမဖြစ်သူ မေတင်မောင်ဆန်းဝင်း ဟာ အာရုံကြောရောဂါကို ဆိုးရွားစွာ ခံစားနေရတာဆိုရင်တော့ ၄ လနီးပါးကြာမြင့်ခဲ့ပါပြီ။ ဒါကြောင့် ဆေးရုံကနေ လူကောင်းပဂတိအတိုင်း အမြန်ဆုံးဆင်းချင်နေပြီလို့ သူမရဲ့ပရိသတ်တွေကို အခုလိုပဲရင်ဖွင့်ထားပါတယ်။ ” ဆေးရုံမှာနေရတာ ၄ လ ပြည့်တော့မှာမို့ ဆေးရုံရဲ့ခွင့်ပြုချက်နဲ့ မနက်သွား ညပြန် outpass ရသော နေ့လေးအမှတ်တရ တဖြည်းဖြည်းနဲ့တော့ သက်သာလာပါပြီ ဆေးရုံမှာ နောက်ထပ်၂လလောက်တော့ အနဲဆုံးနေရဦးမယ်ထင်ပါတယ် ဘာမှမသေချာ မရေရာတဲ့အခြေအနေဆိုပေမယ့် ကျမ ဇွဲလုံးဝမလျော့ပါဘူး 100%လူကောင်းအတိုင်း ပြန်ဖြစ်အောင် ပိုကြိုးစားမှာ တခါတလေ စိတ်ဓါတ်ကျတဲ့အချိန်လေးတွေတော့ရှိတာပေါ့လေ ကျမကို ချစ်တဲ့သူတွေ နေကောင်းအောင်ဆုတောင်းပေးကြတဲ့သူတွေအတွက် စိတ်ချမ်းသာအောင် ဓါတ်ပုံအသစ်လေး တင်ပေးတာပါနော် အပြည့်အဝနေမကောင်းသေးပေမယ့် ကျမချစ်ဖို့ပိုကောင်းလာတယ် ဟုတ် ကျမ ဒီနေ့ ပျော်လဲပျော်ရတယ် ဝမ်းလဲဝမ်းနည်းမိတယ်” လို့ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ အာရုံကြောရောဂါကို ဆိုးရွားစွာ ခံစားနေရတဲ့ မင်းသမီးလေး မေတင်မောင်ဆန်းဝင်း ဆေးရုံကအမြန်ဆုံးဆင်းနိုင်ပါစေလို့ ချစ်တဲ့ပရိသတ်တွေက ကောမန့်မှာ ဆုတောင်းစကားလေးတွေ တစ်ယောက်တစ်ခွန်း ပြောပေးခဲ့ပါအုန်းနော်။

Latest Posts

Don't Miss